Pages

Monday, August 1, 2011

ကျွန်မကြိုက်၏ မကြိုက်၏..( ကိုချင်း တဂ်ပို့စ်)

အလုပ်က ပြန်ရောက်ပြီးထမင်းစားနေတုန်း ကွန်ပြူတာကို ဖွင့် ... လူသိပ်မလာ တဲ့ ( အဲမှားကုန်ပြီ ) လူဖတ်သိပ်မများတဲ့ အိမ်မက် ဘလော့ခ်လေးကို ကြည့်..အော် ဗြုန်းဆို .. တွေ့လိုက်တယ်..ဘာတဲ့
ချင်းကလေး: ညီမရေ.. အားရင်ရေးပေးပါဦးကွယ် အမှတ်တရတဂ်ပို့စ်လေးပေါ့. အစ်ကို့ဆိုဒ်မှာလာကြည့်လိုက်နော်.... တဲ့ တစ်ခါမှ အဲ့လိုလေး အရေးတယူ ခေါ်ပြောတဲ့လူမရှိတော့( ဟင့်) ဘယ်ရမလဲ အပြေးအလွား သွားကြည့်တာပေါ့... ကိုချင်းရေးထားတာ ကျွန်တော်ကြိုက်၏ မကြိုက်၏ ..
အဲ့ဒါကို ရေးမယ်ဆို တော့.. ကျွန်မကြိုက်၏ မကြိုက်၏ ပေါ့ နော်... ကျေးဇူးပါကိုချင်း.
ပထမဆုံးအကြိမ်ရေးရတဲ့ တဂ်ပို့စ်လေးမို့လို့ ပျော်လဲပျော် ရင်လဲခုန် ပါ

ကိုယ်ခန္ဓာ
....ဆိုရင်
ပြည့်ပြည့် ဖြိုးဖြိုးလေးတွေ ကြိုက်ပါတယ်. ဘာကြောင့်လဲ ဆိုရင် ကိုယ်က ပိန်လို့ပါ... ပိန်ပိန်ပါးပါး ပုံစံမျိုးကို သိပ်မနှစ်သက်လှပါဘူး.. ပြည့်ဖြိုးနေတာလေးကို လှတယ်လို့မြင်တယ်..

အဝတ်အစား
....ဆိုရင်
ပေါ့ပေါ့ပါးပါး ပဲကြိုက်တယ် စကတ်တိုတို ကြိုက်ပေမယ့် သိပ်ဝတ်လေ့ဝတ်ထမရှိပါဘူး နေရတာ မလွတ်လပ်လို့ပါ..ဘောင်းဘီကွာတားလေးတွေ အကြိုက်ဆုံးပါ.. လုံချည် ကတော့ သိပ်မဝတ်တက်ပါဘူး.. ဖိနပ်ဆိုရင်လဲ ဒေါင့်ဖိနပ်ကြိုက်သလိုပဲ ဒါပေမယ့် အများဆုံး စီးဖြစ်တာကတော့ sport ဖိနပ်မျိုးပါ..

အစားအသောက်
.....ဆိုရင်
အချဉ် အကြိုက်ဆုံးပါ.. ချဉ်တာ အကုန်စားတယ် အသုပ်အရမ်းကြိုက်တယ်.. ယိုးဒယားသင်္ဘောသီးထောင်းလိုမျိုးပေါ့.. အစပ်လဲ ကြိုက်တယ် အီတာလုံးဝမကြိုက်ဘူး.. အချိုသိပ်မကြိုက်ဘူး..

အအိပ်
..ဆိုရင်
ကိုချင်းကိုတော့ အားနာပါတယ်နော်..(နောက်လိုက်ဦးမှ).. တော်ရုံတန်ရုံ စိတ်ညစ်စရာမရှိရင် ခေါင်းချတာနဲ့အိပ်ပျော်ပါတယ်... မကြိုက်တာက တစ်ရေးနိုး အိမ်သာ သွားရတာပါ.... :(
အိပ်ရေးမဝလို့..အစောကြီးထရတာ မကြိုက်ဘူး. alarm မြည်သံကိုလဲ မကြိုက်ဘူး...

အပြုအမူ
....ဆိုရင်
တော်တော်များများက ကိုယ့်ကို မှတ်ချက်ပေးတာတော့ ပြာယာခတ်နေတာပဲ တဲ့... သိပါဘူး.. အဲ့လောက်ပြာတာ ကိုယ့်ကိုယ် ကို မကြိုက်ပါဘူး.. ငြိမ်နေတာမျိုးကြီးကိုလဲ မကြိုက်ဘူး..
ပြီးတော့ ပျော်ပျော်နေရတာ ကြိုက်တယ် ပွင့်ပွင့်လင်းလင်းပြောရတာကြိုက်တယ်.. အတင်းပြောတာ မကြိုက်ဘူး..
အလုပ်မှာ ခိုကပ်တာမကြိုက်ဘူး ကိုယ်တိုင်လဲ မခိုဘူး..

အလှအပ
... ဆိုရင်
မျက်ခုံးလှလှလေးကြိုက်တယ်.. ကိုယ့်မှာတော့ မရှိဘူး..မျက်လုံးလှလှလေး ကြိုက်တယ် .အဲ့ဒါလဲ မရှိဘူး..
အလှလဲ မပြင်တက်ပါဘူး.. အလှပြင်တက်တဲ့လူတွေကိုလဲ သဘောကျပါတယ်..ကိုယ်မလုပ်တက်လွန်းလို့ပါ..

သန့်ရှင်းရေး
... ဆိုရင်
ကိုယ့်အိမ်လေး သန်ပြန့်မွေးကြိုင်နေတာ ကြိုက်တယ်.. အဲ့ဒီလို လုပ်ရတာကို မကြိုက်ဘူး ..(ပင်ပန်းလို့)

တိရစ္ဆာန်
...ဆိုရင်
ခွေး နဲ့ ကြောင်..ကို အကြိုက်ဆုံး..ပြီးတော့ လေးဖက်သွားတဲ့ ကျား.. ခြသေ့င်္ ဝက်ဝံ အားလုံးကြိုက်တယ်.. ဖြစ်နိုင်ရင်အိမ်မှာမွေးထားချင်တယ်.. မြန်မာနိုင်ငံက အိမ်မှာ တုန်းကတော့ ကြောင်အကောင် နှစ်ဆယ် ..ခွေး ငါးကောင်နဲ့ နေခဲ့ပါတယ်..( တကယ်ပြောတာနော်..)
မကြိုက်တဲ့ အကောင်က ဖွတ်... ဘာမှန်းမသိ သူ့ကို ကြောက်တယ်..

နောက်ပြီး...
အားတဲ့ အချိန်လမ်းလျှောက်ထွက်ရတာမျိုးကို ကြိုက်တယ်.. ပြေးရတာတော့ မကြိုက်ဘူး..
နွေးတဲ့ ရာသီဥတုကို ကြိုက်တယ်.. အအေးလွန်နေတဲ့ ဂျာမနီ ရာသီဥတုကို မကြိုက်ဘူး..

လျှို့ဝှက်ချက်တစ်ခုပြောပြမယ်နော်..
မျက်လုံးလေး ကြည်လင်နေတဲ့ ကောင်လေး မျိုးကြိုက်တယ်..အပြစ်ကင်းတာမျိုးပေါ့
အွန်လိုင်းမှာ ကြူကြူလုပ်တဲ့ယောက်ျားလေးတွေကို မကြိုက်ဘူး..

အဟိ ဒါပဲ ..ကုန်သလောက်ရှိသွားပြီ ကိုချင်း ရေ.. အများကြီးလျှောက်ရေးမိသွားပြီ အပျော်လွန်ပြီးတော့လေ...
ပြီး ...စိတ်ရှည်လက်ရှည် လာဖတ်ပေးတဲ့သူတွေကိုလဲ အိမ်မက် က ကျေှးှဇူးပါ .

ဆက်ပြီး တဂ်ချင်တာက.. မမမယ်ကိုး တီဆွိ လပြည့်ရိပ်နဲ့ မမ ခင်ဦးမေ တို့ပါ.. အားရင် ရေးပေးကြပါနော်...

9 comments:

KMC@ချင်းလေး said...

ညီမငယ်ခုလိုရိုးရိုးလေးနဲ့ပွင့်ပွင့်လေးရေးပြသွားတာ ဘယ်လိုပြောမလဲ...fantastic ပေါ့ဗျာ.. ဟုတ်တယ်အဲလိုပြောရမှာပါ..။ လမ်းလျှောက်တာကြိုက်တာချင်းတူနေလို့ ဖရန်ဖို့ကိုလာလည်မှထင်တယ်နော်..တူတူလမ်းလျှောက်ဖို့..ဟားဟား... ကျေးဇူးပါညီမအိပ်မက်ရေ......:-)

Angelhlaing(May everybody be happy and healthy! said...

ဘလောထဲက ချစ်စရာ ညီမလေးတစ်ယောက် အကြောင်း သီရပြန်ပြီပေါ့..:):)

December Mgmg said...

ကြိုက်၏ မကြိုက်၏ ဖတ်သွားကြောင်းပါဗျ ။

မယ့်ကိုး said...

မမကို သတိတရ tag တဲ့အတွက် ကျေးဇူးပါနော် ညီမလေး...ဒါပေမယ့် မမအဲဒီစာကို တခြားသူတွေtag လို့ ပြီးခဲ့တဲ့ နှစ်လ၊သုံးလလောက်က ရေးပြီးသွားပြီ ညီမလေးး)

ချက်လေး said...

လာဖတ် သွားပါတယ် ညီမရေ..ဆက်ပြီးရေးပါလို့ အမြဲ အားပေးနေပါတယ်

မေသိမ့်သိမ့် ကျော် said...

ကြောင်ချစ်တာတော့ သေချာတယ်။ကြောင်ပုံလေး ချစ်စရာကောင်းလွန်းလို့...း)


ခင်တဲ့

မေသိမ့်သိမ့် ကျော် said...

ကြောင်ချစ်တာတော့ သေချာတယ်။ကြောင်ပုံလေး ချစ်စရာကောင်းလွန်းလို့...း)


ခင်တဲ့

yanmaneee said...

kobe shoes
jordan retro
supreme clothing
lebron 17 shoes
curry 6
christian louboutin
louboutin
balenciaga
supreme hoodie
coach outlet

yanmaneee said...

hermes
balenciaga speed
golden goose
mbt
jordan 11
converse
air jordans
lebron shoes
golden goose
golden goose