Pages

Monday, December 19, 2011

ကမ္ဘာပြိုမယ့်နေ့..




ထွက်သက်ရယ် ဝင်သက်ရယ်က မသေချာဘူး နေ့ရက်တွေက ရင်မောစရာ ခပ်များများရယ် စိတ်ညစ်တယ်လို့ ညည်းငြူဖို့ အင်အားတောင် မလုံလောက်ချင်သလို ဖြစ်ချင်တာက ဘာမှန်းကို သေချာမသိတာ ပျော်ရွှင်နေသလားမေးလာရင် ဖြေရမှာက ဘာလဲမသိတော့ဘူး.. ခပ်ပြုံးပြုံးလေးနဲ့ နေရင်း လေတိုက်တာလဲ အဆန်းမဟုတ်တော့ လျှက်စီးလာလဲ မကြောက်တက်တော့ မိုးကြိုးဆိုတာ နားထောင်ကောင်းတဲ့ သီချင်းတစ်ပုဒ်တောင်ဖြစ်နေပြီ


ဟိုးဝေးဝေးက ကန္တာရ သစ်ပင်တွေကို တွေးပြီး မြင်ရောင်ကြည့်ရင် တစ်ခုခုကို သတိရလာသလိုနဲ့
နှုတ်ခမ်းမှာ အပြုံးမှန်းမသိတဲ့ အပြုံးတစ်မျိုးရောက်လာတယ်.. အသက်ရှင်ဖို့အတွက်တော့ အကြောင်းပြချက်လုံလောက်နေသေးတယ်..တစ်ချို့ တစ်ချို့ရဲ့ မျက်နှာကို မြင်ရောင်ကြည့်တဲ့အခါ ကြက်သီး ထမိတယ်.. နာကျည်းစရာတွေရယ် .. အကောင်းဆုံးတွေပါလားလို့ သတ်မှတ်ထားခဲ့ဖူးတဲ့ လူတစ်ချို့အကြောင်း တွေးရင်း နာကျင်လာတယ်.. ရှက်ကြောက်ခြင်းတတရား မရှိတက်လေခြင်းရယ် လို့ တွေးရင်း တစ်ချို့ကိုလဲ စိတ်ပျက်မိတယ်.. အဲ့ဒါနဲ့ မာနတစ်ခုကို အသေပိုက်ပြီး ရေငတ်ခံတဲ့ သူများလားလို့ မှန်ကြည့်ပြီး ပြန်မေးမိတယ်..



ကမ္ဘာပြိုတဲ့ နေ့တော့ နေသာမှာ မဟုတ်လောက်ဖူးရယ်.. ဆွဲငင်အားတွေလဲ အဲ့ဒီနေ့ရှိနေမလား ပြင်ဆင်စရာတွေ တော်တော်များများ ရှိနေမယ်လေလို့ ထင်မိတာ..တကယ်တမ်း ပြင်ဆင်ရမှာက သေဆုံးဖို့ သက်သက်ရယ်..မုသာကို တွင်တွင်သုံးတဲ့ ပတ်ဝန်းကျင်ရယ် ပရိယာယ်များတဲ့ အိမ်တစ်လုံးရယ်.. သစ္စာမထားတဲ့ သူတစ်ချို့ ရယ် ဟန်ဆောင်ပွင့်တဲ့ ပန်းတစ်ပွင့်ရယ် ဘာမှ မြတ်နိုးစရာမရှိပါလား



နေချင့်စဖွယ် မသာယာတဲ့ နေရာပါ..
ဖုန်အလိမ်းလိမ်းနဲ့ ညစ်နွမ်းနေတဲ့ သိက္ခာတွေအတွက် အသက်ရှင် နေရတာ.. နေ့ရယ် ညရယ်သာ ပြောင်းသွားတယ် ရုန်းကန်ရတဲ့ နေ့စွဲတွေ လျော့မသွားဘူး.. ညည်းတွားတက်သူ သက်သက်ပဲလား ဆိုတော့ အမှန်က လောက ကို စိတ်ကုန်နေတာ..အဲ့ဒီအချိန်မှာ လောက က စကားပြောလာတယ်
နင့်လို လူတွေ အများကြီးရယ် ပြီးတော့လဲ ဒုံရင်း ပါပဲ တဲ့..
နှုတ်ခမ်းတစ်ချက်ကွေးသွားတယ်..
ကမ္ဘာပြိုမယ့် နေ့ကို စောင့်ရင်း မနက်ဖြန် အတွက်တော့ ပြင်ဆင်ရဦးမယ်...
















အိမ်မက်စေရာ
၁၉.၁၂.၁၁
၁၇း၁၁

7 comments:

ချောကလက်ကျူးပစ်လေး said...

နေ့ရယ်ညရယ်သာပြောင်းသွားတယ်ရုန်းကန်ရတဲ့နေ့စွဲတွေလျော့မသွားဘူး

မှန်လိုက်တာဗျာ
ခံစားချက်လေးတွေကိုဖတ်သွားပါတယ်။

စံပယ်ချို said...

စိတ်မပူပါနဲ့တော့ သိပ္ပံပညာရှင်တွေအဆိုအရ
တရားဝင်ကျေညာချက်မှာ မပြိုတော့ပါဘူးနော်
ဘ၀အမောတွေပြေပါစေလို့
နှစ်သစ်မှာပျော်ရွှင်မှုအပေါင်းပြည့်စုံပါစေ

မဒမ်ကိုး said...

မနက်ဖြန်အတွက်မပြင်ဆင်ရင် အလုပ်ပြုတ်မှာဆိုးလို့ ထမင်းချက်လိုက်ဦးမယ်နော်း)

ဘိုဖြူ said...

လူတစ်ချို့အကြောင်း တွေးရင်း နာကျင်လာတယ်.. ရှက်ကြောက်ခြင်းတတရား မရှိတက်လေခြင်းရယ် လို့ တွေးရင်း တစ်ချို့ကိုလဲ စိတ်ပျက်မိတယ်..ဟုတ်ပါတယ်တခါတလေဒီလိုပဲဗျာ
နှစ်သစ်မှာပျော်ရွှင်ပါစေလို့

Candy said...

ခံစားသွားတယ် အိမ်မက်ရေ :)

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တာပေါ့အိမ်မက်ရေ...ဘာပဲ ဖြစ်ဖြစ် မနက်ဖြန်အတွက် ပြင်ဆင်ရအုံးမှာပါပဲ...လေ...

Myat Kyi said...

ညည်းတွားတက်သူ သက်သက်ပဲလား ဆိုတော့ အမှန်က လောက ကို စိတ်ကုန်နေတာ..အဲ့ဒီအချိန်မှာ လောက က စကားပြောလာတယ်
နင့်လို လူတွေ အများကြီးရယ်