Pages

Monday, December 12, 2011

အိမ်မက်ဆိုး...



လူတစ်ယောက်ကို နာကျည်းမိစဉ်က အမုန်းက ပူလောင်လိုက်တာလို့ တွေးမိဖူးတယ်.. ဒါနဲ့ မေ့ပစ်လိုက်ဖို့ ကြိုးစားတယ်..
လူတစ်ယောက်ကို ချစ်မိစဉ်မှာ တော့ အချစ်က အမုန်းထက် ပိုပူလောင်တယ် လို့ ခံစားမိပြန်ရော.. ဒါပေမယ့် မေ့ပစ်လိုက်ဖို့ ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ...
ကိုယ်ချစ်တဲ့ သူတစ်ဦးက လှပစွာ သစ္စာ ဖောက်ခြင်းခံလိုက် ရတဲ့ အခါမှာတော့ အရာရာ ထက်ပိုပူလောင်တဲ့ ဝေဒနာကို ခံစားမိသွားသလို ဆုံးဖြတ်ချက်တွေ ဝေဝါးပြီး ဘာကမှ မခိုင်မာနိုင်တော့သလို..
လောကမှာ ကံအဆိုးဆုံးလူသားတစ်ယောက်မှ မဟုတ်ပဲ လျင်မြန်လွန်းတဲ့ အပြောင်းအလဲ တွေကြားထဲ အသားကျအောင် ကြိုးစားဖို့ ခက်ခဲလွန်းနေတယ်..
မြတ်နိုးစွာ ပန်ဆင်ဖူးတဲ့သူ့အပြုံးက ရက်စက်စွာ မဲ့တက်နေပြီလား....
ဘာမှမသိနားမလည်သူကိုမှ လှည့်စားရက်လေခြင်းလို့ နာကျင်မိပေမယ့် မုန်းလို့ မရနိုင်သေး..
အဆိုးဝါးဆုံးစကားတွေ ပြောပြီး ရန်တွေ့မိချင်ပေမယ့် သူနာကျင်သွားမှာ စိုးကြောက်မိတယ်..
အခြေအနေတစ်ခုကို အကောင်းဆုံးထိန်းသိမ်းဖို့ အရည်အချင်းတွေနဲ့ မပြည့်ဝသူပါ..
တည်ဆောက်ထားပြီးသား အရာတွေ ပျက်စီးသွားမှာကို သေသွားမှာထက် ကြောက်နေရတဲ့ အခြေအနေမှာ..
အရာရာကို ဆွေးနွေးကြည့်ဖို့လဲ နှုတ်ခမ်းတွေ ဆွံအနေလေရဲ့..
စဉ်းစားမိတိုင်း ကျလာတဲ့ မျက်ရည်ပူတွေ ပါးပြင်ပေါ်မခြောက်သွေ့နိုင်တော့....
ပြုလုပ်သူဟာ ချစ်တဲ့သူကိုယ်တိုင်လား ဆိုတာကို ယုံမှားသံသယ ရှိလဲ သေချာတဲ့ အဖြေတွေက နေရာတကာမှာ..
ချစ်ပါတယ် အကြိမ်ကြိမ်ဆိုခဲ့သူ က ခုဆို သူတပါးကို အကြင်နာစကားဆိုနေပြီ..
သတိရတမ်းတတက်ကာ ဓါတ်ပုံလှလှတွေလဲ မြင်မိတော့ ဒါ အမှန်တရား လို့ လက်ခံရတော့မှာပေါ့....
ဘယ်လိုမှ မဆုံးဖြတ်တက်စွာ စဉ်းစားရင်း ကုန်ခဲ လွန်းတဲ့ ဒီညအတွက်တော့ အိပ်မပျော်သူဟာ မျက်ရည်အကြိမ်ကြိမ်ကျမိ ပြန်ရော.........................
အဲ့ဒီလိုနဲ့ ခက်ခက်ခဲခဲ အဲ့ဒီညကို ကျော်ဖြတ်ရင်း နောက်နေ့မနက်မှာ အသက်မဲ့ ခန္ဓာကိုယ်ကို တွေ့တော့ မျက်ရည်အသွင်သွင်ကျရင်း ပြောမိခဲ့တဲ့ စကားတစ်ခွန်းက
နာကျင်ပင်ပန်းလွန်းနေတဲ့ နှလုံးသားလေး အနားယူပါစေတော့ရယ်လို့...................

အိမ်မက်စေရာ
၁၂.၁၂.၁၁
၁၆း၄၅

11 comments:

ကိုရင် said...

အဲ့ဒါပဲ..အဲ့ဒါပဲဗျ..
ခေါ်တဲ့နောက် ပါသွားတယ်..အောက်ရောက်မှ ပြီးရောတဲ့
ဖြတ်လိုက်တာ ဒုံးဒိကြီး..

နည်းနည်းလေးများ ရှည်ခဲ့ရင်...

Anonymous said...

ဟင်..ဘယ်ကြောင့်တွေများလဲအိပ်မက်ရေ
လန့်ထှာတော်..

မဒမ်ကိုး said...

ဘာတွေဖြစ်နေခဲ့သလဲး)

mstint said...

ခံစားချက်လေး ဖတ်ကောင်းတုန်း ....
ဆက်ရေးအုံးမှာလား အိမ်မက်ရေ
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အိမ်မက်စေရာ said...

ကိုရင်ရေ..ဆက်ရေးချင်တာ ဘာရေးရမှန်းမသိတော့လို့..း)
အန်တီတင့်ရေ ကျေးဇူးပါ..
မမ မဒမ်ကိုးရေ.. ဘာတွေဖြစ်နေခဲ့သလဲဆိုတော့.. ..း) စိတ်မပူပါနဲ့ ညလေးနေကောင်းပါတယ်..
ဆက်ရေးချင်တာက တစ်မျိုးပေါ့ .ဘယ်လိုအဆုံးသတ်ရမလဲ မသိတော့လို့ သေတာပဲ ကောင်းပါတယ်ဆိုပြီး သေလိုက်တာ..
ချစ်တဲ့
အိမ်မက်

စံပယ်ချို said...

ဘာတွေဖြစ်နေလဲသယ်ရင်းရေ
အိပ်မက်ကောင်းလေးမက်ပါစေနော်

ကြည်ဖြူခင်ခင် said...

အိမ်မက်ဆိုးကို လူတိုင်းကြုံနိုင်ပါတယ်.. ဘာဖြစ်ဖြစ်.. အိမ်မက်ကောင်းတွေကို အများဆုံး မက်ခွင့်ရပါစေ.. အိမ်မက်ရယ်..

မယ့်ကိုး said...

beautiful writing , dear , cheers!

yanmaneee said...

off white shoes
ferragamo belt
nike air max
balenciaga
christian louboutin outlet
golden goose sneakers
stephen curry shoes
fila
golden goose outlet
golden goose

yanmaneee said...

longchamp
golden goose sneakers
goyard
hermes handbags bag
balenciaga shoes
adidas stan smith
yeezy boost
nike x off white
cheap jordans
golden goose sneakers

Unknown said...

high end replica bags q00 z1l71w0m90 high end replica bags c86 x0s68p0f62 replica louis vuitton bags z80 z1p73y4q75