Pages

Sunday, December 18, 2011

ကတိ


ငယ်ငယ်က အင်္ဂလိပ် စကားပြောတက်စဉ်က ဆရာဦးစောဝင်း

မေးလေ့ရှိတဲ့ စကားလေးတစ်ခွန်း ရှိပါတယ်..

သူအိမ်စာလုပ်ခိုင်းတိုင်း စာကြည့်ခိုင်းတိုင်း ကျွန်မတို့က အမြဲ ဟုတ်ကဲ့ ဆရာလို့ လွယ်လွယ်

ကတိပေးတက်ပါတယ်.

အဲ့ဒီအချိန်တိုင်း ဆရာပြန်မေးတက်တဲ့ စကားတစ်ခွန်းကတော့..

ကတိဆိုတာ ဘာအတွက် ပေးတာလဲ တဲ့

အဲ့ဒီအခါ ကျွန်မတို့အားလုံးပြန်ဖြေလေ့ရှိတာက

တည်ဖို့ပေးတာပါ ဆရာ .....

ဟုတ်ပါတယ် ကတိ ဆိုတာ ချိုးဖောက်ဖို့ ပေးတဲ့ အရာ မဟုတ်ပါဘူး....

ဒါကြောင့် ကတိကို လွယ်လွယ် မပေးပါနဲ့ .. ပေးပြီးရင်လဲ မချိုးဖောက်ပါနဲ့..........


.......အိမ်မက်စေရာ.......

8 comments:

မောင်ဘုန်း said...

ဟုတ်ကဲ့ ........

မဒမ်ကိုး said...

မှန်လိုက်လေး)

Candy said...

အင်း ဟုတ်တယ်
တချို့တွေက ကတိကိုလွယ်လွယ်ပေးတတ်ကြတယ်
ကန်ဒီ မကြိုက်တာ အဲ့ဒါပဲ
ကတိပေးပါ ဘယ်သူမှ မတောင်းဆိုပဲ ကတိတွေပေး
ပြီးရင် တည်တာလဲ မဟုတ်ဘူး >.<

ချောကလက်ကျူးပစ်လေး said...

ပာုက်ကဲ့..မှတ်သားထားပါ့မယ်ဗျာ့

စံပယ်ချို said...

ဂတိတည်ခြင်းကို အရမ်းသဘောကျတယ်

ဘိုဖြူ said...

ကျွန်တော်မေမေ ပြောဖူးတယ် ဂတိတည်တဲ့လူက
အလိုလိုတန်ဖိုးမြင့်ပြီး
ဂတိမတည်တဲ့လူက တန်ဖိုးအလိုလိုကျတယ်တဲ့

Thameesan said...

အလကားရတိုင်း
လွယ်လွယ်သုံးလို့.မကောင်းတဲ့ထဲမှာ
ကတိလည်းပါတယ်း)
မှတ်သားစရာပဲအိပ်မက်ရေ

Unknown said...

replica bags sydney replica bags supplier replica bags and shoes