Pages

Tuesday, December 20, 2011

ရက်စက်ယုတ်မာကောက်ကျစ်တဲ့ ခင်ပွန်းတစ်ယောက်အကြောင်း


ဘင်္ဂလားဒေ့ရှိနိုင်ငံက အဖြစ်အပျက်လေးတစ်ခုဖြစ်ပါသည်။
အထက်တန်းပညာရေးအဆင့်သာရှိတဲ့ ခင်ပွန်းဖြစ်သူဟာ ဘွဲ့ဒီဂရီတစ်ခုရဖို့ လေ့လာနေတဲ့ ဇနီးဖြစ်သူရဲ့ ညာဘက်လက် (၅)ချောင်းစလုံးကို ခုတ်ဖြတ်လိုက်တယ်လို့ ဆိုပါတယ်...
အသက် (၃၀) အရွယ်ရှိ ခင်ပွန်း Rafiqul Islam ဟာ UAE မှာ သွားရောက်အလုပ်လုပ်ကိုင်နေ သူ ဖြစ်ပါတယ်...သူဟာ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာပြီး ဇနီးဖြစ်သူ Hawa Akhter ကို အံ့သြစရာလက်ဆောင် တခုပေးမယ်ဆိုပြီး...ရုတ်တရက် ဇနီးရဲ့မျက်လုံးနဲ့ ပါးစပ်တွေကို ပိတ်စည်းပြီး လက်တွေကိုလည်း ကြိုးနဲ့တုတ်ချည်လိုက်ပါတယ်...အဲဒီနောက် ညာဘက်လက်(၅)ချောင်းလုံးကို ခုတ်ဖြတ်လိုက်တာပါ..
ပြတ်သွားတဲ့ လက်ချောင်းတွေကိုလည်း ဆရာဝန်က ပြန်ပြီးမဆက်နိုင်အောင်ဆိုပြီး အမှိုက်ပုံးထဲကို ပစ်ထည့်ခဲ့ပါတယ်...
၈ တန်းပညာရေးအဆင့်သာရှိတဲ့ ခင်ပွန်းဖြစ်သူဟာ ဇနီးဖြစ်သူ ပညာတတ် ဖြစ်လာမှာကို မနာလိုဝန်တိုဖြစ်ပြီး အခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်...သူ့ဟာ အဖမ်းခံရပြီး ထောင်ဒဏ် တသက်တကျွန်း ကျခံဖို့ ရှိနေပါတယ်...လူ့အခွင့်အရေးအဖွဲ့တွေကလည်း သူ့ကို ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ပေးဖို့
တောင်းဆိုနေကြပါတယ်...သူမကတော့ ညာဘက်လက်ချောင်းတွေ မရှိတော့ပေမဲ့လည်း ဘယ်ဘက်လက်နဲ့ စာရေးလေ့ကျင့်ပြီး ဘွဲ့ဒီဂရီ ရအောင် ကြိုးစားမယ်လို့ ဆိုပါတယ်...
@ daily mail

11 comments:

Anonymous said...

အိုး..ဆိုးဆိုးဝါးဝါးကြီးပါလားကွယ်
မတွေးဝံ့စရာ..
အဲ့ဖက်တွေက..အားကြီးဆိုးတာပဲနော်
ထစ်ခနဲဆို..သူတို့ချည်းပဲ
(အတင်းပြောတား)
သတင်းထဲက.မိန်းကလေး.ကံကောင်းပါစေ

ချစ်ခင်စွာဖြင့်
သမံစီး

925 said...

တော်တော်ဆိုးဆိုးပဲ ... နောက်လာနောက်သားတွေကောင်းစားဖို့အတွက် မြေတောင်မြှောက်ပေးရမဲ့ ဥစ္စာကို .... ခုတော့ လုပ်ရက်လိုက်တာ !!!

ကိုရင် said...

အင်း..လင်ကုန်ရှုံးတော့ တစ်သက်လုံးဆိုတာ
ဒါမျိုးလား မသိဘူး..

TZH1985 said...

Scaryyyy!

မဒမ်ကိုး said...

အဲကောင်ကိုလဲပြန်ခုတ်ရမှာလေ အဲလိုမျိုးးး

8Yar said...

ကြောက်စရာကြီးဗျာ။ ဘယ်လိုစိတ်မျိုးနဲ့များ ကိုယ့်ဇနီးကိုလုပ်ရက်လဲ မသိပါဘူးဗျာ။

Candy said...

ကြောက်စရာကြီး မနာလိုစိတ်က :(

စံပယ်ချို said...

အဲဒီလိုလူတွေကိုရှောင်နိုင်ပါစေ

ဘိုဖြူ said...

ပြန်လုပ်တဲ့သူနဲ့တွေ့လို့ကတော့ဒီကောင်သေပြီဗျာ
Merry Christmas & Happy New Year
ပါဗျာ

မောင်ဘုန်း said...

ရော ... ဖြစ်မှ ဖြစ်ရလေ ....

ချယ်ရီမြေ said...

စိတ်မကောင်းစရာပါပဲ....။ ၀ဋ်ကြွေးခံရတာလား၊ မိုက်ရူးရဲတာကို ခံရတာလား...။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ