Pages

Wednesday, January 11, 2012

ပေါ်တော်မူရဲ့ နောက်ကျမှ ရေးဖြစ်တဲ့ တဂ်ပို့စ်








ဘလော့ဒ်လေးကို ဖွင့်လိုက်တာနဲ့ မောင်နှမတွေရဲ့ နေကောင်းရဲ့လား ..ဘယ်ပျောက်နေလဲ ဘာလုပ်နေလဲ နဲ့ စိတ်ပူစကားလေးတွေ စာထဲမှ တဆင့် ကြားလိုက်ရတာနဲ့ အိမ်မက်တစ်ယောက် စိတ်ထဲမှာ ရှိတဲ့ အမောတွေ ရုတ်ချည်းပျောက်သွားသလိုပါပဲ.. တဂ်ပို့စ်တွေလဲ တွေ့တယ်..

8yar နဲ့ သမီးစံ တဂ်ထားတာလေးတွေပေါ့…အော် တော်တော်ကို နောက်ကျ နေပြီလို့ တွေးမိတယ် ဒါပေမယ့် ကိစ္စမရှိဘူးရယ် ခုပဲရေးလိုက်မယ်လို့ တွေးမိတယ်… နှစ်ခုစလုံးတစ်ပြိုင်နက်ထဲ ရေးလို့မရတော့ တစ်ခုပြီးမှ တစ်ခု ပေါ့.. 8yar ရဲ့ တဂ်ပို့စ်လေး အရင်ရေးမှလေ ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မလဲ ဆိုတဲ့ပို့စ်..ခု ဒီဇင်ဘာကုန်လို့ပဲ ဇန်နဝါရီကို တော်တော်ဆန်း နေပြီ…..ဘလော့ဒ်လေး ပစ်ထားမိတာ တော်တော် ကြာသွားတာပေါ့….

အိမ်မက်တစ်ယောက် ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်ခဲ့လဲ ???????????

အိမ်မက်တစ်ယောက် စိတ်ဓါတ်တွေ အကျကြီး ကျနေခဲ့ပါတယ်.. မမျှော်လင့်ထားတဲ့ ပြဿနာ တစ်ခုက ဝုန်းဆို မဖိတ်ခေါ်ပါပဲ ရောက်လာခဲ့တော့ အိမ်မက် တော်တော့်ကို အထိနာ ခဲ့ပါတယ်..ခုထိတောင် အသားမသေနိုင်သေးပါဘူး..ပိုဆိုးတာက ဒီဇင်ဘာမှာ အလုပ်က လုံးဝကို မပိတ်တာပါ..ပုံမှန် အလုပ်တွေမှာ ပိတ်ရက်ရှိနိုင်ပေမယ့် အိမ်မက်အလုပ်က စားသောက်ထုတ်ကုန် လုပ်ငန်းနဲ့ ပတ်သတ်တာဆိုတော့ ဒီလိုအချိန်မှာ အလုပ်က တအားကို ကျနေခဲ့တာပါ. နားရက်တွေဆင်းပေးရ Sunday တွေ ဆင်းပေးရ နဲ့ လူကို ဖတ်ဖတ်ကို မောနေတာပါပဲ..ပုံမှန်ဆင်းချိန်က တစ်နေ့ ၈ နာရီ ပေမယ့် အလုပ်များတဲ့ ဒီလိုအခါ ဆို ၉ နာရီ ၉ နာရီခွဲ နီးပါးဆင်းပေးရပါတယ်.. သိပ်ကို ပင်ပန်းပါတယ်..

ဟိုးအရင် ဒီဇင်ဘာ………..

ဟိုးအရင်က ဒီဇင်ဘာဟာ အိမ်မက်အတွက် အလှပဆုံး လ လေး တစ်ခုပါ.. တစ်နှစ်ပတ်လုံး သူရောက်လာဖို့ အမြဲတမ်းပဲ မျှော်နေခဲ့တာ.. ရောက်ခါနီးလေ ရင်တွေ ခုန်လေပါပဲ.. ကျောင်းတွေလဲ ပိတ်တယ်ဆိုတော့ အားလပ်ရက်တွေလဲ အပြည့်ပေါ့..ဒီဇင်ဘာတစ်ရက်ရောက်မယ့် ညဆို အိမ်မက်တို့ မအိပ်ပါဘူး ဒီဇင်ဘာကို ကြိုဆိုတဲ့ အနေနဲ့ ဆုတောင်းပွဲတွေ ဘုရားကျောင်းမှာ ဒါမှမဟုတ်လဲ အိမ်မှာ မိသားစုလိုက် ပြု လုပ်လေ့ရှိတယ်..Carols singing အဖွဲ့တွေလဲ တစ်ဖွဲ့ပြီးတစ်ဖွင့် သီချင်းလာဆိုကြနဲ့ သိပ်ကို ပျော်စရာကောင်းပါတယ်..တစ်ချို့ အိမ်ရှေ့မှာ သကြားလုံးထုပ်ကလေးတွေ ချိတ်ပေးထားကြတယ် မိုးလင်းလို့ တွေ့ရရင် သိပ်ကို ပျော်မိပါတယ်..မနက်ရောက်ပြီဆိုတာနဲ့ မနှစ်က သိမ်းထားတဲ့ Christma tree ကိုထုတ် အလှဆင်ပစ္စည်းတွေထုတ်ပြီး အသစ်ဝယ်ထားတာ တွေနဲ့ ထပ်ဖြည့်ကာ အိမ်တစ်အိမ်လုံးကို အလှဆင်တော့တာပါပဲ..တစ်မိသားစုလုံး ဝိုင်းလုပ်ကြတာ မို့ သိပ်ကို ကြည်နူးစရာကောင်းပါတယ်.. ခရစ်စမတ် သီချင်းတွေလဲ ဖွင့်ထားတာမို့ တစ်ခါတစ်လေဆို အိမ်နားက လူကြီး ကလေးတွေတောင်ပါလာပြီး လာဝိုင်းကူကြပါသေးတယ်..အိမ်မက်တို့ အိမ်က ခြံအကျယ်ကြီးထဲမှာ နှစ်ထပ်အိမ်လေး ဆောက်ထားတာပါ.. ခြံအရှေ့မှာလဲ အပင်တွေ ရှိတာမို့ မီးလုံးအရောင်စုံလေးတွေ ဆင်လိုက်ရင် အရမ်းကို လှတာပါပဲ..Sweet December လို့ခေါ်တဲ့ ဒီဇင်ဘာတစ်ရက်နေ့မှာာ အိမ်မက်တို့ အိမ်ကို အလှဆင်တာ အပြီးလုပ်ပါတယ်..ပြောပြကြည့်မယ်နော် မျက်လုံးထဲမှာမြင်ကြည့်..အိမ်မက်တို့ အိမ်ခြံဝင်ပေါက် ဘယ်နဲ့ ညာနှစ်ဖက်လုံးမှာ မီးလုံးသေးသေး ရောင်စုံလေးတွေ လိုက်ချိတ်တယ်..အပင်တစ်ချို့မှာလဲ ပတ်ပြီးချိတ်ကြတယ်..အိမ်ဝင်ပေါက်ပေါ်တီကိုရဲ့ ထိပ်နားမှာတော့ မီးလင်းနေတဲ့ ကြယ်အကြီးကို ချိတ်တယ်..ပြီးရင် အိမ်တံခါးအတွင်းရဲ့ ညာဘက်မှာ ခရစ်စမတ်သစ်ပင်ထားတယ် တစ်ခါတစ်လေလဲ အိမ်ထဲမှာထားတယ်..သစ်ပင်မှာ အလှလေးတွေ စုံနေအောင် ချိတ်တယ်..ပြီးတော့ မှိတ်တုတ် မှိတ်တုတ်နဲ့ မီးလေးတွေ ချိတ်တယ်..ခြေရင်းမှာစားပွဲခုံရှိပြီး အဲ့ဒီအပေါ်မှာတော့ သခင်ခရစ်တော် ဖွားမြင်တော်မူတဲ့ ပုံပါတဲ့ နွားတင်းကုတ်သေးစားလေး ထားတယ်..တခြားပုံလေးတွေလဲ ဘေးမှာဝိုင်းထားတယ်..အိမ်ထဲမှာတော့ ခရစ်မမတ်ဘိုးဘိုးလို့ ခေါ်တဲ့ Santa claus ရဲ့ ဖိနပ်အကြီးကြီးနဲ့ သူ့ရဲ့ပုံလေးတွေ ပန်း ခေါင်းလောင်း ဖဲကြိုး သကြားလုံး ကြယ်ပုံ angel(ကောင်းကင်တမန်ပုံ) တွေကို စုံအောင်ချိတ်ထားတာ .. သိပ်ကို လှပြီး စိတ်ချမ်းမြေ့စရာကောင်းပါတယ်..ဒီဇင်ဘာဟာ သိပ်ကို အသက်ဝင်လှပါတယ်..

ဒီဇင်ဘာ ၂၄ ရက်နေ့ညမှာလဲ မအိပ်ဖြစ်ပါဘူး ဘုရားကျောင်းသွားကြတယ်.ညသန်းခေါင်ယံ ဆုတောင်းပွဲရှိတော့ အားလုံးစုပြီး ဝတ်ပြုကြတယ်..ပြီးရင် ဘုရားကျောင်းက ကျွေးတာ စားကြတယ်..ဒီဇင်ဘာ ၂၅ မှာတော့ ပုံမှန်နှစ်တိုင်း အသင်းအုပ်ဆရာတွေ ဖိတ်ပြီး အိမ်မှာ ဆုတောင်းပွဲ လုပ်လေ့ ရှိတယ်.. ဘာလို့လဲ ဆိုရင် ခရစ်စမတ်ရက်မြတ်လဲ ဖြစ်တဲ့အပြင် အဲ့ဒီနေ့က အိမ်မက်မေမေရဲ့ မွေးနေ့လဲ ဖြစ်တယ်လေ..ဒါကြောင့် နှစ်တိုင်း ကျေးဇူးတော်ချီးမွမ်းတယ်..

မိတ်ဆွေတွေ သူငယ်ချင်းတွေကို ဖိတ်တယ်.. သူတို့ကတော့ အိမ်မက်တို့ကို လက်ဆောင်ပြန်ပေးကြတယ်..း) လက်ဆောင်တွေ အများကြီးလဲ ရတယ်..

ဒီဇင်ဘာ ၃၁ ဆိုလဲ ဒီအတိုင်းပါပဲ .. ညဘက်ကို ဘုရင်းကျောင်းမှ ဝတ်ပြုရင်း နှစ်သစ်ကိုကြိုပါတယ်..ဒါကြောင့် ဒီဇင်ဘာဆိုတာ အိမ်မက်အတွက် သိပ်ကို အဖိုးတန် ပျော်ရွှင်ဖွယ် လ လေး တစ်ခုပါ..

ဂျာမနီကို ရောက်ပြီးးတော့ ပျော်ရွှင်စရာတွေလဲ ဘယ်ပျောက်ကုန်မှန်းမသိပါဘူး..အလုပ်ကို မနားတမ်းလုပ်နေရတယ်.. အဲ တစ်ခုပဲ ဒီဇင်ဘာ ၂၅ က မနှစ်က အိမ်မက်တို့ ပိတ်ရက်ရတယ် တစ်ချို့တွေဆင်းပေးရတာ ရှိတယ်..၂၆ ကတော့ အလုပ်ပိတ်တယ်..ဒါကြောင့် နှစ်ရက်နားရတယ်..

မေမေ့စီသွားတယ် သူ့မွေးနေ့လေ တစ်နေကုန်သူနဲ့ အတူရှိနေတယ်..

၃၁ ရက်နေ့ညမှာတော့ မေမေက အိမ်မက်စီ ပြန်လာလည်တယ်..ကံကောင်းတာ အိမ်မက်က ၃၁ ရက်နေ့ ရယ် ၂ ရက်နေ့ရယ်က နားရက် ကြားက ၁ ရက်နေ့က Sunday ဆိုတော့ သုံးရက်နားရတယ်..ကောင်းကင်လဲ နားတယ်..မေမေလဲ နားတယ်..လူစုံတယ်ပေါ့..

ညဘက်ကြာဇံကြော်နဲ့ ဝက်သားဒုတ်ထိုးလုပ်စားတယ် ပြီးတော့ မြစ်ဘေးသွားပြီး မီးပန်းဖောက်ကြတယ်..ဒီလိုနဲ့ ၂၀၁၂ ကို ကူးလာခဲ့တယ်.. ဆိုပါတော့..

တစ်ယောက်ထဲ နှစ်သစ်ကူးကြရတဲ့ လူတွေထပ်စာရင်တော့ အိမ်မက်ကံကောင်းပါတယ်..

ကျန်နှစ်တွေက တော့ အိမ်မက် ဖျားနေတာ ဒီနှစ်တော့ မဖျားလို့ ဘုရားသခင်ကို ကျေးဇူးတင်မိတယ်..

×××××××××××××××××××××××××××××××××××××××××××

8yar ရေ အရမ်းနောက်ကျပြီးမှ ရေးလို့ အရမ်းကို အားနာပါတယ်..

အိမ်မက်ကို သတိတရတဂ်တဲ့အတွက်ကျေးဇူးတင်တယ် ဒီထက်ပိုရေးချင်ပါသေးတယ် အချိန်က သိပ်မရလို့ပါ

သမီးစံရဲ့ တဂ်ပို့စ်လေးကိုလဲ အရမ်းကို ရေးချင်နေတာ အမြန်ဆုံးရေးနိုင်အောင် ကြိုးစားမယ်နော်.စိတ်ဆိုးနဲ့ ဟုတ်လား..း)

အားလုံးကိုချစ်တဲ့

အိမ်မက်စေရာ

7 comments:

ချောကလက်ကျူးပစ်လေး said...

တဂ်ပိုစ့်လေးဖတ်သွားပါတယ်ဗျာ............

သမီးစံ said...

ချစ်စရာ့.ဒီဇင်ဘာလေးပါလားအိပ်မက်ရေး)
မအားဘူးဆိုတာလည်း.နားလည်ပါတယ်ရှင်
အိပ်မက်စာရေးနေပုံကြည့်ပြီး
စိတ်ဆိုးဖို့တောင်.မေ့နေပြီ :P
နားနားနေနေ.အေးအေးဆေးပဲ..ရေးပါနော်
(နိုးပလော်ပလန်ပါး)

မိသားစုနဲ့အတူ.ချမ်းမြေ့ဖွယ်နေ့ပေါင်းများစွာ
ပိုင်ဆိုင်ပါစေရှင်

ချစ်ခင်လျှက်

မောင်ဘုန်း said...

ကိုယ့် ထက်နောက် ကျ တဲ့ သူရှိသေး တာပဲ ... အဟီး ...

Candy said...

ထင်တော့ထင်တယ် အိမ်မက်ရဲ့ ဒီဇင်ဘာလေးက ပိုအဓိပ္ပာယ်ရှိမယ်လို့ :)
စာပြန်ရေးတော့နော် :D

8Yar said...

အစ်မအိမ်မက်ရေ ဟိုနေ့က ဖတ်ပြီး၊ အချိန်မရလို့ မမန့်ခဲ့ရတာပါ။ ဒီနေ့တော့နောက်တစ်ခေါက်ထပ်ဖတ်ပြီး မန့်ခဲ့ပါတယ်ခင်ဗျာ။ Tag Post လေးတင်ပေးလို့ အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ အစ်မရဲ့ ဒီဇင်ဘာနဲ့ အိမ်ကလေး အကြောင်းရေးပြသွားတာလေးက တကယ်လှတယ်ဗျာ။ တကယ့်အမှတ်တရလေးတွေပါ။ နောက်တစ်ခါ ကြာဇံကြော်နဲ့ ဝက်သားဒုတ်ထိုးလုပ်စားဖြစ်ရင် 8Yar ကိုခေါ်ဖို့မမေ့ပါနဲ့ဗျာ။ ဘယ်လောက်ဝေးဝေး ရောက်အောင်လာစားမယ်။ ဟီး ဟီး တစ်မြို့ထဲဆိုရင် ပြောပါတယ်။ :P

veloughs said...

click here for info designer replica luggage check out the post right here replica designer backpacks useful link replica gucci bags

pheyto said...

z3c95u4p71 f8u99e3q34 k1x85i0o80 f9x73m1f43 y1p82i8z36 r1o65n9o83