Pages

Sunday, January 22, 2012

တစ်နှစ်ပြည့် အိမ်မက်စေရာ

對不起 ,,,,,,,,,,,,,我愛你

အချိန်တွေ ....
အချိန်တွေ .......
ကုန်တာ သိပ်မြန်သလိုပဲ..............
ဘာလိုလိုနဲ့ အိမ်မက်စေရာလေး တောင် တစ်နှစ်ပြည့်သွားပြီ...

တစ်နှစ်ဆိုတဲ့ အချိန်အတွင်း ဖြစ်ခဲ့တာတွေ ပျက်ခဲ့တာတွေ အများမှ အများကြီးရယ်..
မလိုချင်ပါပဲ နဲ့ ဖြစ်လာခဲ့တဲ့ အရာတစ်ချို့နဲ့ လိုချင်ရက်နဲ့ ပျက်စီးခဲ့ရတဲ့ အရာတစ်ချို့ ဟိုးလွန်ခဲ့တဲ့ တစ်နှစ်ဆိုတဲ့ အတိတ်စီမှာ .........

လွန်ခဲ့တဲ့ တစ်နှစ် ဒီလို ဇန်နဝါရီလ မှာ တိတိကျကျပြောရရင် ၂၄.၀၁.၁၁ မှာပေါ့...
အိမ်မက်စေရာ ဆိုတဲ့ ဘလော့ဂ်လေးတစ်ခုကို စတင်ပြီး အသက်သွင်း ကြည့်မိခဲ့တယ်...
တကယ်တော့ စိတ်ထွက်ပေါက်တစ်ခု အနေနဲ့ စတင်ခဲ့တာပါ..


စိတ်ညစ်စရာ စိတ်ရှုပ်ထွေးစရာ စိတ်ဓါတ်ကျစရာ ဝမ်းနည်းစရာ အို အားလုံး အားလုံး စုပုံပြီး လူက ရူးသွပ်သွားမတက် အချိန်ပေါ့ ..


ငယ်စဉ်နဂိုကထဲက ဒိုင်ယာရီ ရေးတက်တဲ့ အကျင့်ကြောင့်လဲ ဖြစ်ပါလိမ့်မယ် ..
စိတ်ထဲ ရှိတာတွေ ပြောချင်တာတွေ လုပ်ချင်တာတွေ တစ်ချို့ကို စာအဖြစ်ချရေး ရင် ခံစားနေရတာ နဲနဲ တော့ သက်သာ သွားမှာလို့ ထင်မိခဲ့ရင်း ..........
အိမ်မက်စေရာကို အသက်သွင်းမိခဲ့တယ်...

ဘလော့ဂါလို့လဲ သေသေချာချာ အမည်တပ်လို့ မရတဲ့ အခြေအနေပေမယ့် ရရှိလာခဲ့တာတော့ ဝမ်းသာစရာတွေချည်းသာ ...
ခင်မင်စရာ မိတ်ဆွေတွေ စိတ်ကူးခြင်းဖလှယ်လို့ရတဲ့ သူငယ်ချင်းတွေ
စိတ်ညစ်ရင်အားပေးတက်ပြီး စိတ်ပျော်ရင် မျှဝေခံစားတက်တဲ့ သူတွေ
အကြံဥာဏ်တွေ ဝိုင်းပေးတက်ကြသူတွေ...


စိတ်ကူးယဉ်တစ်ဝက် လက်တွေ့တစ်ဝက်နဲ့ ဘဝကို အကောင်အထည်ဖော်နေရသူတွေ ငါတစ်ယောက်ထဲ မဟုတ်ပါလား ဆိုတဲ့ အသိနဲ့ ...............

အိမ်မက်သာ မက်ခွင့်ရခဲ့တဲ့ စိတ်ကူးယဉ်တစ်ချို့ကို ဘလော့ဂါ ဆိုတဲ့ သူငယ်ချင်းများနဲ့ အတူ ခံစားခွင့်ရခဲ့တယ်..

ဘလော့ဂါမောင်နှမအိမ်တွေ အလည်သွားရင်းနဲ့ ထိတွေ့ သိမှတ်လာရတာတွေ လဲ မနည်းနဲ့ မနော...

ဒီလိုနဲ့ပဲ အိမ်မက်စေရာ ဆိုတာ ပိုပိုပြီး အဓိပ္ပါယ်ရှိလာခဲ့တယ်...

ကုန်ဆုံးသွားတဲ့ တစ်နှစ်အတွင်း အိမ်မက်စေရာ ကို အသိအမှတ်ပြုခဲ့တဲ့ သူငယ်ချင်း မောင်နှမ တွေ အားလုံး အားလုံးကို တစ်နှစ်ပြည့် အိမ်မက်စေရာ က အထူးပဲ ကျေးဇူးတင်ကြောင်းနဲ့ သိပ်ချစ်ရပါကြောင်း ...


အကြောင်းအမျိုးမျိုးကြောင့် အိမ်မလည်ဖြစ်တဲ့ အခါများ ရှိခဲ့ငြားလဲ အမြဲပဲ သတိတရရှိကြောင်း..... တစ်နှစ်ပြည့်ပို့စ်လေး နဲ့ အမှာပါးပါရစေနော်.....း))


ကိုယ့်နှလုံးသားကို နားဆင်ကြည့်ပါတဲ့..........(ပုံလေးရဲ့ အမည်ပါ)

အပေါ်ဆုံးက ပုံလေးက အိမ်မက်သိပ်ချစ်တဲ့ပုံလေးပါ... စာလေးရဲ့ အဓိပ္ပါယ်ကို ဖော်ကြည့်ကြပါဦးနော်..အိမ်မက်က တရုတ်လိုတက်လို့ မဟုတ်ဘူးနော်.. စာကို goggle ကနေ translate လုပ်ထားတာ.. မှန်အောင်ဖြေနိုင်ရင် အာဘွားပေးမယ်..း))


အားလုံးကို ချစ်တဲ့
အိမ်မက်စေရာ

11 comments:

ချင်းလေး(KMC) said...

တစ်နှစ်ပြည့်ဘလော့ပိုင်ရှင်ညီမအိပ်မက်ရေ....

ဂုဏ်ပြုပါတယ်ကွယ်..။ နောက်နောင်လည်းဆက်လက်ပြီး

ဘလော့ဂ်ရေစီးကြောင်းကြီးထဲမှာပျော်ပျော်ကြီးကူးခတ်သွား

နိုင်ပါစေနော်။(ခင်မင်တဲ့အစ်ကိုKMC)

Angelhlaing(May everybody be happy and healthy! said...

တစ်နှစ်ပြည့်ဘလော့လေးအတွက် Congratulation ပါလို့... နှစ်ပေါင်းများစွာ ဘလော့ဂင်းနိုင်ဖို့..ကြိုးစားကြရအောင်နော်...:):)

အိမ်မက်စေရာ said...

အမလေး ကိုချင်း...း) လာလည်တယ်.. ပျောက်နေတာအရမ်းကြာပြီ..လာလည်လို့ကျေးဇူးပါကိုချင်းရေ..
Angelhlaing ရေ ကျေးဇူး..အတူတူကြိုးစားကြတာပေါ့နော်..

စံပယ်ချို said...

တစ်နှစ်ပြည့်သွားပြီနော်ဘာလိုလိုနဲ့ Congratulation ပါ
နောင်နှစ်ပေါင်းများစွာ ဘလော့ တည်တန့်ခိုင်မြဲပါစေလို့

ချယ်ရီမြေ said...

တစ်နှစ်သမီးလေးအိမ်မက်စေရာရေ... အောင်မြင်မှုအလီလီ ဆွတ်ခူးနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့လိုက်ပါတယ်..။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

သမီးစံ said...

သမီးလေးတောင်..တစ်နှစ်ပြည့်ပြီပဲး)
ဘာမှလဲကျွေးပါလားမာမီက :P
ယနေ့မှစ.မင်္ဂလာအပေါင်းနဲ့ခညောင်းပြီး
အသက်ရာကျော်ရှည်ပါစေကွယ်..
အပေါ်ဆုံးက.တစ်လုတ်စာတော့
ဘာသာပြန်မတတ်ပါရှင်း)
အာဘွားတော့ယူချင်သားး)

ချစ်ခင်လျှက်

Anonymous said...

I'm sorry .... I love youးP

မဒမ်ကိုး said...

အိပ်မက်ကလေးရေ တစ်နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာ ဒီဘလော့လေးပျော်ရွှင်စွာ နှစ်ပေါင်းများစွာ ရှင်သန်နိုင်ပါစေ

ချစ်တဲ့
အမ

မဒိုးကန်

myatkyi said...

:)အခုမှ အွန်လိုင်းတက်ဖြစ်တယ် အစ်မရေ။ ဘလော့လေးကို ဆက်လက်ပြုစုပျိုးထောင်နိုင်ပါစေရှင်။

မယ့်ကိုး said...

ညီမလေးရေ... တစ်နှစ်ပြည့်မှသည် ရာသက်ပန် ချစ်တဲ့ blog လေးမှာ စကားလုံးများနဲ့အတူ ကျန်းမာပျော်ရွှင်ပါစေး)

netoph said...

have a peek at these guys replica bags from china web link Ysl replica handbags useful source replica bags online