Pages

Sunday, June 17, 2012

ချစ်ဖေဖေ



ဖေဖေဆိုတာ........
ဘဝမှာ အဆိုးအကောင်းခွဲခြားတက်အောင် လမ်းမှန်ကို ညွှန်ပြတက်သူပါ..
အမှားတွေ ရှိခဲ့လဲ ခွင့်လွတ် နောင်တစ်ကြိမ်ထပ်မမှားရလေအောင် အကြင်နာနဲ့ သွန်သင် အမှန်တရားတွေနဲ့ အရောင်ဆင်ပေးတက်သူ..
စကားတွေ မဆိုလဲ မျက်ဝန်းမှ တစ်ဆင့် သားသမီးများရဲ့ ခံစားချက်ကို သိမြင်နားလည်တက်သူ..
ခပ်မာမာ တစ်ခါတစ်လေ ကြိမ်းမောင်းတက်လဲ သားသမီးကွယ်ရာ တခြားနေရာမှာ တိတ်တိတ်ကြိတ် မျက်ရည်ဝဲတက်သူ..  
ကျေးဇူးတရားတွေ ဆပ်လို့မကုန်လဲ နားမလည်တက်စွာ စိတ်ဆိုးမိတိုင်းလဲ နွေးထွေးစွာ ခွင့်လွတ် အပြုံးမပျက်တက်သူ..

***********************************************
                    
အရွယ်ရောက်အောင်ပြုစုပျိုးထောင်လို့ ကျေးဇူးသိတက်ချိန်ကျ ပြန်လည်ဆပ်မကုန်နိုင်တဲ့ မေတ္တာတွေအတွက် 
ကျေးဇူးပါ လို့ အကြိမ်ပေါင်းများစွာ ဆိုမိလဲ မလုံလောက်နိုင်တဲ့ အရာလေ..
တံတိုင်းတက်မက ခိုင်မာတဲ့ အရိပ်ဟာ သားသမီးများစွာအတွက်တော့ လုံခြုံနွေးထွေးရာ ကမ္ဘာမြေပေါ်က တစ်ခုထဲသော နေရာပေါ့ .......

*********************************************** 
                               
 အချိန်တွေ အလီလီပြောင်း ဇရာထောင်းလို အိုမင်းခဲ့လဲ မပြောင်းလဲ တဲ့ မေတ္တာတွေနဲ့ သားသမီးတွေအပေါ် လိုအင်တိုင်းကို ဟိုအရင်လိုပဲ ဖြည့်ဆည်းတက်ဆဲ........

*********************************************** 

ဖေဖေ.......
မေတ္တာကြီးမားလွန်းစွာ တုနှိုင်းမမှီတဲ့ ဒီအကြင်နာတွေ ဆပ်လို့မကုန်နိုင်စွာ ကျေးဇူးပါ အကြိမ်ကြိမ်ဆိုပါရစေ
ချစ်ရပါသောဖေဖေ အနေဝေးလဲ အကြင်နာတွေ ရင်ထဲ စီးဆင်းနေလို့
ဘဝနေ့ရက်တွေကို ဖေဖေပေးတဲ့ အင်အားနဲ့ ကြံ့ခိုင်စွာ ဖြတ်သန်းနေပါတယ်
ဝမ်းနည်းစွာ မျက်ရည်ကျမိတဲ့ အချိန်တွေရှိခဲ့လဲ ဖေဖေ့ အားပေးစကားတွေ ကြားယောင်ရင်း မျက်ရည်တွေ သုတ်ပစ်တက်ခဲ့တယ်
ကိုယ်ပိုင်အတောင်တစ်စုံနဲ့ လွတ်လပ်စွာ ပျံသန်းနေပေမယ့် သမီးအတွက်တော့ ဖေဖေ့ရဲ့ အရိပ်ဟာ အလုံခြုံဆုံး အနွေးထွေးဆုံးနဲ့ သာယာချမ်းမြေ့ဆုံးပါ. ဖေဖေ


ပျော်ရွှင်ပါစေ ဖေဖေ....


အိမ်မက်စေရာ
၁၇.၀၆.၁၂

10 comments:

လွင်ပြင်လှိုင်းငယ် said...

တကယ့်ကိုပဲ တုနှိုင်းမရတဲ့မေတ္တာရှင်တွေပါ

Phyu Lwin said...

ဖေဖေရဲ့မေတ္တာကို ပေါ်လွင်အောင်ရေးဖွဲ့ထားတဲ့ မေတ္တာဘွဲ့လေးကို ထပ်တူခံစားသွားပါတယ် အိပ်မက်ရေ

စံပယ်ချို said...

အဖေအကြောင်းလေးလာရောက်ဖတ်ပြီးခံစားရတယ်

ချစ်စံအိမ် said...

အဖေအကြောင်းလေးလာရောက်ဖတ်ခဲ့ပါတယ်..

ကိုရင် said...

အခုလို အမှတ်တရနေ့မျိုးမှာ ဖခင်တစ်ယောက်ကို ဂုဏ်ပြုခွင့်ရတာဟာ မင်္ဂလာတစ်ပါးပါပဲ..။
ဖခင်တွေ ပျော်ရွှင်နိုင်ကြပါစေ..

Thameesan said...

အိမ်မက်နဲ့ထပ်တူပါဘဲ..
ဒီကမ္ဘာကြီးပေါ်ကဖခင်တိုင်း
အမြဲပျော်ရွှင်ချမ်းမြေ့ကြပါစေ...

ချစ်ခင်လျှက်

ဟန်ကြည် said...

နားမလည်တက်စွာ - နားမလည်တတ်စွာ

မိန်းကလေးတွေက အဖေတွေကို ပိုပြီးသံယောဇဉ်တွယ်တတ်သလားလို့ စဉ်းစားမိတယ်...ဦးဟန်ကြည်တို့က အမေကိုပိုပြီး တွယ်တာကြသလိုပေါ့...တကယ်တော့ အဖေဆိုတာ သနားစရာပါ ယောက်ျားဖြစ်နေပြန်တော့ သားသမီးကို မေတ္တာပြတဲ့နေရာမှာ အမေလောက်မပြတတ်တော့ တစ်ခါတစ်ခါမှာ သားသမီးရဲ့ အထင်လွဲတာလည်း ခံရတတ်သေးတာကိုး...ကိုယ်တိုင်တောင် အခုထိ အဖေလုပ်ရမှာ ခေါင်းလေးနေတုန်း...

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဖခင်မေတ္တာဘွဲ့လေးကို ဖတ်သွားတယ်။ ဖခင်တိုင်း ပျော်ရွှင်ချမ်းမြေ့ပါစေ ..

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

မဒမ်ကိုး said...

အဖေ့ကိုသတိရမိတယ်အိမ်မက်ရယ်း(

ချစ်တဲ့အမဒိုးကန်

bananef said...

cliquez ici pour enquêter répliques de sacs ysl parcourir ce site https://www.dolabuy.su voir ceci sacs à dos de créateurs de répliques