Pages

Friday, June 1, 2012

ရှေ့တန်းသွား သူငယ်ချင်းအတွက် ပေးစာ(သို့) Stop War


 

 

 

လူနှစ်ယောက်ရဲ့ ဘဝကို ခြားနား သွားစေမယ့် စကားတွေ အများ ကြီးထဲကမှ ဒီစကားလုံးလေးက ငါနဲ့ နင့်ကို မတူတဲ့ နေရာနှစ်ခုကို ပို့ပေးနေတယ် သူငယ်ချင်းရေ...

ရုတ်တရက် ကြားလိုက်ရတဲ့ သတင်းစကားကြောင့်ပဲ ငါက...

 

အိမ်မက်က လန့်နိုးသလို ဖြစ်သွားခဲ့ရတာ....အဲ့ဒီ စကားလုံးဟာ နင့်လို ဆရာဝန်တစ်ယောက်နဲ့ ဘာမှ မဆိုင်နိုင်ပါဘူးလို့ ပဲ ငါတွေးထားမိတာ..

တကယ်တော့ .... မဟုတ်ပါလား..

ကဲ အခုငါနင့်ကို စိတ်ပူရမှာလား... 

 

အရင်ကထဲက နင်နဲ့ ငါက ထောင့်တစ်နေရာစီကို အပိုင်ယူထားကြပြီး အပြိုင်အဆိုင်လဲ ဖြစ်ခဲ့တယ်လေ..

ငါရဲ့ ခံယူချက်က ငါ့အတွက်အမှန် ဖြစ်သလို နင့်ရဲ့ ခံယူချက်ကလဲ နင့်အတွက် အမှန်ပေါ့..

 

လမ်းသွားတိုင်းတွေ့ရတဲ့ အဲ့ဒီဆိုင်းဘုတ်..ခမ်းနားတဲ့ ဝန်းတစ်ခု..

 

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေ ရှိတဲ့ နေရာပေါ့..

 

ငါကတော့ အမြင်ကတ်လှစွာ အမြဲ မျက်ဆောင်းထိုးကြည့်မိတဲ့ နေရာ...

 

ဘာတဲ့........

 

တပ်မတော်ဆေးတပ်က္ကသိုလ် တဲ့...

 

နင်က စာတော်တယ်.. ဥာဏ်ကောင်းတယ်...

ဘာကိုမှ အရှုံးပေးချင်စိတ်မရှိသလို .. ဘာကိုမှလဲ အနိုင်ယူချင်စိတ် မရှိတဲ့သူ ပေါ့..

 

ပေါင်းသင်းရခက်တဲ့ ငါ့ရဲ့ အချစ်ဆုံး အမကို တောင် နင်က နင့်ဘက်ပါလာအောင် သိမ်းသွင်းနိုင်ခဲ့သေးတယ်..

 

မနာလို စရာကောင်းလိုက်ပုံ များ...........

 

ငါမေးရပါဦးမယ်..နင်က ဘာလို့ စိတ်မဆိုးတက်တာလဲ.......

 

နှစ်တွေ အကြာကြီး ရင်းနှီးခဲ့ပေမယ့် နင်စိတ်ဆိုးတယ်ဆိုတာကို တစ်ခါမှ မတွေ့ဖူးဘူး..အံ့သြစရာ ကောင်းလောက်အောင်လဲ စိတ်ရှည်တက်သေးတယ်...

 

ဘာပဲ ပြောပြော နင်က နင့်ပန်းတိုင်ကို ရောက်ခဲ့ပြီပဲ...

 

ငါကရော...နင်နဲ့ ငြင်းခုံ တဲ့ အချိန်တိုင်း ငါပြောပြောနေကျ စကားလေး တစ်ခွန်းကို နင်မှတ်မိမှာပေါ့..

 

ငါ မြန်မာ နိုင်ငံမှာ နေဖို့ အစီအစဉ်မရှိဘူး ဆိုတာလေ...

 

ကြုံတဲ့ အခါ ငါဝန်ခံပါဦးမယ်ဟာ.. တကယ်တော့ ငါ့နိုင်ငံကို ငါသိပ်ချစ်တယ်ဆိုတာ...

 

နင်ကိုယ်တိုင်က သွားချင်လို့ သွားခဲ့တာပါလို့ ပြောတဲ့ နင့်စကားကို ငါသတိရမိတယ်..

 

ငါဘာကြောင့် နိုင်ငံခြားဆိုတာကို သွားချင်ခဲ့တာပါလိမ့်ကွယ်..........

 

အခု နင်ဘာလုပ်နေမလဲ.......

 

ငါက ကွန်ပြူတာရှေ့ထိုင် နေတဲ့ အချိန် .. နင်က အဲ့ဒီနေရာမှာ ဘာလုပ်နေမလဲ...

 

ငါသေချာ မသိပေမယ့် ........

 

ငါသိတာ တစ်ခုကတော့........

 

လူလည်တွေ ကြားထဲငါ အသက်ရှင်နေချိန်မှာ..............

 

နင်ကတော့ လူနာတွေ ကြားထဲ အလုပ်ရှုပ်နေမယ် ဆိုတာပါ.............

 

နင်သွားတဲ့ အဲ့ဒီနေရာက ဘယ်လို နေရာမျိုးလဲ ငါမသိဘူး.. ဘာတွေ ရှိနေမလဲ ငါမစဉ်းစားတက်ဘူး..

 

ဒါပေမယ့် ငါကတော့ အဲ့ဒီစကားလုံးကို မနှစ်မြို့ဘူး...

 

သေချာတယ် အဲ့ဒီစကားလုံးကို ဖြစ်နိုင်မယ်ဆိုရင် ကမ္ဘာမြေပြင်ပေါ်မှာကို မရှိစေချင်ဘူး..........။

 

 ငါ လူတွေ တိုက်ခိုက်နေကြတာကို မမြင်ချင်ဘူး.......မမြင်ရက်ဘူး..

 

ဒီစကားလုံးကို ငါနဲ့ အဝေးဆုံးမှာ ရှိစေချင်သလို နင်နဲ့လဲ မပတ်သတ်စေချင်ဘူး..

 

ဒီလိုပဲ လူတွေအားလုံးနဲ့ မထိတွေ့ စေချင်ဘူး..............

ဖြစ်နိုင်မယ်ဆိုရင် ငါချစ်တဲ့ ငါ့နိုင်ငံနဲ့........ငါတန်ဖိုးထားတဲ့ ငါတို့ ကမ္ဘာမြေကြီးကို အမြဲထာဝရ ဆိုသလို ငြိမ်းချမ်းစေချင်တယ်..။

ငါမလွန်ပါဘူးနော်...။

 

အိမ်မက်စေရာ

၀၁.၀၆.၁၂

8 comments:

ချစ်စံအိမ် said...

မလွန်ပါဘူးအိမ်မက်ရေ လူတိုင်းကိုယ့်လူမျိုးကိုယ်တိုင်းပြည်ကိုချစ်ကြတာပဲလေ
မလွဲသာလို့သားစွန့်ခဲ့ကြရတာပါ..

စံပယ်ချို said...

ဟုတ်တာပေါ့အိမ်မက်လေးရေ
ကိုယ် တန်ဖိုးထားတဲ့ ငါတို့ ကမ္ဘာမြေကြီးကို အမြဲထာဝရ ဆိုသလို ငြိမ်းချမ်းစေချင်တယ်.

Anonymous said...

အားလုံးငြိမ်းချမ်းသာယာဝပြောကြပါစေ...

mstint said...

ကမ္ဘာနဲ့အဝှမ်းနေထိုင်ကြသူများ စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပြီး ချမ်းသာသုခနဲ့ပြည့်ဝကြပါစေလို့ ဆုတောင်းခဲ့ပါတယ် အိမ်မက်ရေ။

မေတ္တာဖြင့်
အန်တီတင့်

H.M.N said...

ခံစားမှုလေး ကောင်းတယ်အစ်မ
အားပေးနေတယ် :)

Anonymous said...

I have read your stories but this is my first time to comment, i love your work

ကြည်ဖြူခင်ခင် said...

လက်နက်နဲ့စစ်ကို ငြိမ်းချမ်းစွာနေလိုသူမှန်သမျှ ဘယ်သူမှ မလိုလားပါဘူး အိမ်မက်ရေ.. လူနာပေါင်းများစွာကို ကယ်တင်ပေးတဲ့ ဘ၀တစ်ခုကိုရရှိနေတဲ့ အိမ်မက်ရဲ့ သူငယ်ချင်းအတွက် ဂုဏ်ယူနေပေးလိုက်ပါ..။

ရင်ဆူး said...

စစ်ဆိုတာ စစ်သားတွေအမုန်းဆုံးအရာပါဗျာ......