Pages

Friday, October 26, 2012

မပြီးဆုံး နိုင်သေးသော ပြောင်းလဲမှုများနှင့်

လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကထဲ က စိတ်ဓါတ်ကျပါတယ် ဆိုတဲ့ ပို့စ်တွေ တောက်လျှောက်ရေးရင်း နဲ့ ပဲ..
ကိုယ့်ကို ကိုယ် တစ်ခုခု ပြောင်းလဲမှ ဖြစ်တော့မယ်လို့ ခံစားမိလာတာ..
အဲ့ဒီ နောက်ပိုင်းတော့ တစ်ခုချင်းစီ ပြောင်းလဲ  လာတယ်..
ပြောင်းလဲ တယ်ဆိုတဲ့ နေရာမှာ ကောင်းတဲ့ အရာတွေ ရှိသလို မကောင်းတဲ့ အရာတွေလဲ တွဲပါနေတာပဲ..
ခံစားချက်အနေနဲ့ကတော့ လူက လေပေါ်ရောက်နေသလို..
တစ်ခါတစ်လေ ဦးတည်ရာက ဘယ်ကိုမှန်းမသိ..
စိတ်ပင်ပန်းတာလဲ အရမ်း
ငိုရင်း ရယ်ရင်း အားတင်းရင်းနဲ့ အချိန်တွေ ကုန်အောင် လုပ်ရတာ ပင်ပန်းလိုက်တာ လွန်ရော..

ကိုယ့်အတွက် နေရာ မရှိတဲ့ အချိန်တွေ ကြုံဖူးလား..
သိပ်ဝမ်းနည်းစရာ ကောင်းသလို ကြောက်စရာလဲ ကောင်းတယ်..
ငါဆက်မှ အသက်ရှင် နိုင်ပါတော့မလားလို့လဲ အကြိမ်ကြိမ် စဉ်းစားမိတယ်..

နေနေကျ နေရာမှာနေလဲ တစ်စုံတစ်ဦးရဲ့ အထင်သေးစော်ကားမှု အနိုင်ကျင့်မှုကို ခံရတယ်..
အပြင်ထွက်သွားလဲ လူပေါင်းများစွာရဲ့ အထင်သေး ရှုပ်ချချင်နေတဲ့ အခြေအနေ ကြုံရတယ်..
အလုပ်ရောက်ပြန်ရင် စူးစမ်းနေတဲ့ မျက်ဝန်းတွေ တီးတိုးစကားသံတွေ ကြားရတယ်..
အဲ့ဒီ အချိန်တွေ ကျော်ဖြတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးတောင် ထင်ခဲ့ရတယ်..

 >> >> >> >>  >> >> >> >>  >> >> >> >>

ကြိုးစားရင်း ဘာမဆိုရနိုင်တယ်လို့ အတိအကျ အာမမခံပေမယ့် ကိုယ်မခံစားနိုင်တော့တဲ့ အရာတွေ ကြုံလာပြီဆို လွတ်မြောက်အောင် ကြိုးစားကြည့်ပါ.. ကြိုးစားမှုတစ်ခုရဲ့ နောက်မှာ ရလဒ်ကောင်းတစ်ခု ကတော့ အမြဲ စောင့်ကြိုနေပါတယ်..

ရိုးသားကြည့်ပါ .. သိပ်တော့ မလွယ်ဘူး ဖြည်းဖြည်း ချင်းစီနဲ့ နဲနဲ ချင်းစီ ရိုးသားကြည့်..အကျင့်ရလာတဲ့ အခါ သိပ်မခက်တော့ဘူးဆိုတာ သိလာမှာပါ... 

ငိုလိုက် .ငိုချင်ရင် ငိုသာ ငိုလိုက် ..အံကြိတ်ပြီး ခံစားနေတာက ပိုပြီး နာကျင်စေတယ်..

ပြီးတော့ သူတို့တွေကို ပြုံးပြလိုက်ပါ.. စိတ်ထဲမှာ ဘာမှ မရှိတဲ့ ပုံစံလေးနဲ့ ပြုံးကြည့်ပါ...အဲ့ဒါ ဟန်ဆောင်တာ ဆိုပေမယ့် ပြုံးပြပါ များတဲ့အခါ အပြုံးဆိုတာ တမင် ဟန်ဆောင် စရာ မဟုတ်ဘူးလို့ ခံစားမိလာလိမ့်မယ်...

  >> >> >> >>  >> >> >> >>  >> >> >> >>

ကိုယ်တိုင် ပြောင်းလဲ ရတာ ဘယ်လောက် ခက်လဲ ဆိုတာ ကိုယ်ပဲ သိတယ်.. ဒါပေမယ့် အောင်မြင်စွာ ပြောင်းလဲ နိုင်ခဲ့တယ်ဆိုပါတော့... အမြဲတမ်း တစ်ခုခု လုပ်ဖို့ ကြိုးစားနေခြင်းက တစ်ချို့အရာ တွေကို တမင်တကာ မဟုတ်ပဲ မေ့ပျောက်စေတယ်....

အနှုတ်တွေများနေတယ် ဘဏ်ကဒ်ကို ကြည့်ပြီး အထိတ်တလန့် ဖြစ်မိပေမယ့် .. ကိုယ်ပိုင်ဆိုင်တဲ့ နေရာလေးမို့ ဘယ်သူရဲ့ လောင်းရိပ်မှ မရှိဘူး ဆိုတဲ့ အသိက အသက်ရှူရတာ ပိုဝစေတယ်..

လိုချင်တာတွေကို အောက်ဆုံးအထိ ချပစ်လိုက်တယ်..
တွေးထားတာက ငါ မနက်ဖြန်လဲ သေဆုံးသွားနိုင်တယ်လို့..
ဘယ်သူ့လက်ကိုမှ ဆွဲမထားတော့သလို... 
ကိုယ့်လက်ကို ဆွဲထားနိုင်တဲ့ အရာတွေကို မသိချင်ယောင်ဆောင်ထားလိုက်တယ်...

 >> >> >> >>  >> >> >> >>  >> >> >> >>

ပြောင်းလဲ နေဆဲ ပါ...
ဘယ်တော့မှ ပြီးဆုံးမလဲ ဆိုတာ မသိနိုင်ပေမယ့်..
ကိုယ့်လက်ထဲမှာ ဆုပ်ကိုင်ထားခဲ့ဖူးတဲ့ အရာတွေကို တစချင်းစီ လွတ်ချပြီး ပြောင်းလဲ နေရတာ နာကျင်ခံရခက်ပေမယ့်... 
အတ္တဆိုတာ နဲလာရင် လူ့ဘဝဆိုတာ နေသာလာပါတယ်...

 အိမ်မက်စေရာ
၂၆.၁၀.၁၂

>>> အိမ်မက်ဘလော့ဒ်လေးကို ပစ်ထားခဲ့လိုက်တာ တော်တော်ကြာသွားတယ်.. အိမ်ပြောင်းခြင်းမှ အစ တခြားအရာတွေကို ပြောင်းလဲရင်းနဲ့ တိတ်တိတ်လေး ပုန်းနေလိုက်ခဲ့တာ
နဲနဲ လေး နေသာလာမှ စာပြန်ရေးဖို့ ကြိုးစားခဲ့တာ
ဒီကြားတယ် လာလည်ခဲ့တဲ့ မောင်နှမတွေကို သိပ်ကို ကျေးဇူးတင်ပါတယ်...
အိမ်မက်လာမလည်နိုင်ခဲ့တာကို လဲ တောင်းပန်ရင်း ...

ချစ်တဲ့
အိမ်မက်း)



5 comments:

ချစ်စံအိမ် said...

ဖြစ်တတ်ပါတယ် အိမ်မက်ရေ..အားတင်းထားနော်..

စံပယ်ချို said...

ပြောင်းလဲ နေဆဲ ပါ...
ဘယ်တော့မှ ပြီးဆုံးမလဲ ဆိုတာ မသိနိုင်ပေမယ့်..
ကိုယ့်လက်ထဲမှာ ဆုပ်ကိုင်ထားခဲ့ဖူးတဲ့ အရာတွေကို တစချင်းစီ လွတ်ချပြီး ပြောင်းလဲ နေရတာ နာကျင်ခံရခက်ပေမယ့်...
အတ္တဆိုတာ နဲလာရင် လူ့ဘဝဆိုတာ နေသာလာပါတယ်.
ခံစားရပါတယိထပ်တူမဟုတ်ရင်တောင်အနဲအများ
နဲနဲကွာတာပဲရှိမယ်....
ဂျက်လဲ ကိုယ့်ကိုကိုယ်အတ္တနဲအောင်ကြိုးစားတယ် တကယ်ပြောတာနော် အဓိက ကိုယ့်ကျန်းမာဖို့ပဲ
စိတ်တွေလဲ အများကြီးလျှော့ချလိုက်တယ်
စာတွေ တတ်နိုင်သလောက်ရေးနော်
ထွက်ပေါက်ပေါ့သူငယ်ချင်းရေ
ချစ်တဲ့ sis jasmine

ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမလေး
အစစ အဆင်ပြေပြီး စိတ်ချမ်းမြေ့ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်ကွယ်...
ဘဝဆိုတာ ပျော်စရာတွေကြီး ဖန်တီးထားတာ မဟုတ်ဘဲ စိတ်ညစ်စရာနာကျင်ကြေကွဲစရာ၊ ဝမ်းနည်းပူဆွေးစရာတွေလည်း ရှိသေးတာလေ.
အဲဒါတွေပြီးရင် တစ်လှည့် ပျော်ရွှင်တာလေးတွေ လာမှာပါ။

မောင်ဘုန်း said...

မကြာ မကြာတော့ရောက်ဖြစ်ပါတယ် ... ဘယ်လိုပဲဖြစ်ဖြစ်ပါ ...ကောင်းဆုံးပြောင်းလဲခြင်း တစ်ခု လုပ်နိုင်ပါစေလို့  ဆုတောင်းခဲ့ပါတယ် ... ။

ဟန်ကြည် said...

ပြောင်းလဲတယ်ဆိုတာ ပြောင်းလဲရဲတဲ့ သတ္တိရယ် . . . ပြောင်းမှဖြစ်မယ်ဆိုတာ သုံးသပ်နိုင်တဲ့ အသိအမြင်ရယ် . . . ခိုင်မာတဲ့ ဆုံးဖြတ်ချက်ရယ် သုံးမျိုး ပေါင်းစပ်နိုင်မှ အကောင်အထည်ပေါ်နိုင်တဲ့ ခဲယဉ်းကြီး တစ်ပါးပဲ အိပ်မက်ရေ . . .

ကောင်းသောပြောင်းလဲခြင်းဖြစ်တာမို့ အရှိန်ပြင်းပြင်း၊ အချိန်တိုတိုအတွင်းမှာ ကိုယ်လိုချင်တဲ့ ပြောင်းလဲမှုပန်းတိုင်ကို ရောက်ဖို့ ဆန္ဒပြုလိုက်ပါသဗျား . ..