“ ကျေးဇူးတင်ပါသည် ကျေးဇူးတင်ပါသည်...
ကျေးဇူးတင်ပါသည် အိမ်ရှင်များ.......
ဟာ လေ လု ယာ......ဟာ လေ လု ယာ..
ကျေးဇူးတင်ပါသည် အိမ်ရှင်များ....”
ခပ်ဝေးဝေးက သဲ့သဲ့ဝင်လာတဲ့ Christmas Carol နှုတ်ဆတ်တေးသီချင်းသံ ကြားတိုင်း ကျွန်မတို့အိမ်များရောက်လာမလား ဆိုတဲ့ အသိနဲ့ လှမ်းမဘက်ကို မျှော် မျှော်ငေးမိတယ်။ အိမ်ပေါက်ဝကနေ မီးအိမ်လေးကိုင်ပြီး တစ်ချက် ချက် လှမ်းကြည့်နေတဲ့ အဖေ့ကို ကြည့်ပြီး “ သမီးတို့ အိမ်ကိုရော လာမလား ဟင်” ဆိုပြီး ညီမလေးက မေးတယ်။ အမေ့ရဲ့ သက်ပြင်းချသံတိုးတိုးကို ကျွန်မ ကြားဖြစ်အောင် ကြားလိုက်တယ်။
ရပ်ကွက်နဲ့ အတော်လေး အလှမ်းဝေးတဲ့ နေရာမှာ ဆောက်ထားတဲ့ တဲလေးမို့ တော်ရုံ တန်ရုံဆို ဘယ်သူကမှ ကျွန်မတို့ နေတဲ့ဘက်ကို လာလေ့မရှိဘူး။ ကျွန်မတို့ အိမ်ဘေးမှာ ဆိုရင်လဲ အိမ်ခြေမရှိတော့ဘဲ လယ်ကွင်းတွေ ပျိုးခင်းတွေသာ ရှိတယ်။ မြေကွက်ဝယ်စရာ မလိုတဲ့ နေရာမို့ ဒီအိမ်လေးမှာ ကျွန်မတို့ မိသားစု အဆင်ပြေသလို မလုံ တလုံတဲ လေး ထိုးပြီး နေကြတယ်။ ဆင်းရဲသားတွေမို့ တခြားသူများနဲ့လဲ သိပ်စကားမပြောရဲ။ ဝတ်စရာ အဝတ်အစားကောင်းကောင်း ရယ်လို့ မရှိတော့လဲ ရက်ကွင်းတွင်းက ဘုရားကျောင်းကို လဲ မသွားဖြစ်ကြဘူး။
ဒီဇင်ဘာလမို့ ညချမ်းအောင် အသဲခိုက်အောင် အေးလွန်းတယ်။ အဆင်ပြေသလို ဆောက်ထားတဲ့ ကျွန်မတို့ တဲလေးက အတော်အတန်လေးတော့ လုံခြုံမှုကို ပေးပါတယ်။ မိသားစုလေးယောက်အိပ်ဖို့ အိပ်ယာလေး ပြင်ဆင်ပြီး အမေက “ ကဲ ကဲ သမီးတို့ အိပ်တော့နော်” လို့ ပြောလာတယ်။ ကျွန်မနောက်ဆုံးအကြိမ် လမ်းမကို ခေါင်းလေး ပြူကြည့်မိတယ်။ ဘာသံမှ မကြားရတော့ဘူး။ သူတို့ သွားကြပြီ ထင်တယ်။ မျက်နှာလေး မသာမယာနဲ့ ညီမလေးက ကျွန်မ အနားမှာ ဝင်အိပ်တယ်။
အမေကျွန်မတို့နား ဝင်လာတယ်။ အဖေက မီးအိမ်ကို မှုတ်လိုက်တယ်...။
အဲ့ဒီအချိန် ခဏလေးမှာ မထင်မှတ်ထားတဲ့ အသံ တစ်ခု ကြားလိုက်ရတယ်..။
...........
............
..........
“ Merry Christmas to You..”
................
.........
ဆတ်ကနဲ ထထိုင်လိုက်တဲ့ ညီမလေး။ တစ်ကြိမ်ထဲမှာပဲ ကျွန်မလဲ ညီမလေးလက်ကို ဆွဲပြီး တဲပြင်ပြေးထွက်လာတယ်..။
............
“ Same to You..”
ဆိုပြီး တစ်ခေါက် Sunday school တက်စဉ်က ဆရာမ သင်ပေးထားတဲ့ ပြန်လည် နှုတ်ဆက်တဲ့ စကားလုံးလေးကို တိုးတိုးလေး ပြောလိုက်တယ်..။
အဖေနဲ့ အမေလဲ ရောက်လာတယ်..။ အို အမေရယ်လေ မျက်ဝန်းမှာ မျက်ရည်တွေတောင် ဝဲလို့..။
အဖေက ဝမ်းသားလွန်းစွာ ပြုံးနေတယ်..။ ညီမလေးက ခုန်ပေါက်လို့လေ..။
“ ညီညာ သီဆိုကြ တေးသံဆုံ ကြူးအေးမယ် ပျော်ရွှင် စရာ ဒီလို မွေးနေ့မှာ.. ကိုယ်တော်ရှင် ဘုရား မေတ္တာတော် လွန်စွာ ကြီးမားလှ လွန်ခဲ့လာတဲ့ နှစ်ဟောင်းများ အတွင်းမှာ..
မွေးနေ့လက်ဆောင်အတွက် မက်မော ဖွယ်ရာ ရွှေ ငွေ များတို့ မပါ ဂုဏ်တော်ကိုသာ ချီးမွမ်း .. ထာဝစဉ်သာ အေးချးမ်းဖို့ရာ တုနှိုင်း မရတဲ့ သူ့မေတ္တာ......................
..............................”
.....................
...................
သီချင်းသီဆိုပြီးတဲ့ အချိန်မှာဆရာက အိမ်ရှင်တွေ အတွက်ဆုတောင်းပေးတယ်..။ အားလုံးလက်ဆွဲ နှုတ်ဆက်ကြရင်း ကျွန်မတို့ပေးစရာ အလှူငွေမရှိလို့ စိတ်အားငယ်မိတယ်..။ အဲ့ဒီခဏမှာပဲ Sunday school ဆရာမက အမေ့လက်ထဲကို ခရစ်စမတ်လက်ဆောင် အထုပ်လေး လာပေးတယ် ပြီးတော့ ကျွန်မတို့ စားဖို့ မုန့်တွေ ပေးတယ်..။ ကျွန်မတို့ မိသားစု ဆိုတာလေ အံ့သြဝမ်းသာလွန်းလို့ ကျေးဇူးတင်စကားတွေကို ပြောလို့ မဆုံး..။ ကလေးတွေကို Sunday school မှန်မှန်လာခိုင်းပါ..အမတို့ မိသားစုလဲ ဘုရားကျောင်းကို လာတက်ပါနော် ဆိုပြီး အားလုံးက ဖိတ်ခေါ်တယ်..။
တရွေ့ရွေ့နဲ့ ထွက်သွားတဲ့ သီချင်းဆို အဖွဲ့ကို ကြည့်ပြီး ကျွန်မတို့ မိသားစု စကားလေးတစ်ခွန်းကို ပြိုင်တူဆိုသလိုလေး ရေရွတ်မိတယ်..။
“ ကျေးဇူးတင်ပါတယ် အဖ”
..............
အေးချမ်းတဲ့ ဆောင်းညတစ်ခုမှာ ဆင်းရဲတဲ့ နွားတင်းကုပ်ထဲ သခင်ယေရှု ဖွားမြင်လာခဲ့တာ လူသားတွေကို ကယ်တင်ဖို့ သက်သက်ပါ..။ ဒီသတင်းကောင်းကို ကမ္ဘာသူ ကမ္ဘာသားများ သိစေဖို့ ကျွန်မတို့ ပြောကြားရမှာပါ..။
သခင်ယေရှု ဖွားမြင်ရာ ခရစ်စမတ်ချိန်မှာ ကျွန်မတို့ လူသားအချင်းချင်း
လက်ဆောင်ပေးဖို့ နှုတ်ခွန်းဆက်သကြဖို့ မမေ့လျော့သလိုမျိုး မွေးနေ့ရှင် ဖြစ်တဲ့
သခင်ယေရှု ကိုလဲ လက်ဆောင်တစ်စုံ တစ်ရာလက်ဆောင်ပေးဖို့ မမေ့လျော့
ကြပါနဲ့လို့ ယုံကြည်သူ မယုံကြည်သူ အယောက်စီတိုင်းကို
မျှဝေပြောကြားလိုပါတယ်.။
“ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့ အချင်းချင်း ချစ်ကြလော့ ”
“ ကိုယ်နှင့် သက်ဆိုင်သူကို ကိုယ်နှင့် အမျှ ချစ်လော့”
ချစ်ခြင်း မေတ္တာဟာ ဘုရားသခင်က တစ်ပါးတည်းသောသားတော်ကို လက်ဝါးကပ်တိုင်မှာ အသတ်ခံစေပြီး သက်သေပြတဲ့ လူသားများအပေါ်ထားတဲ့ ကြီးမားလှတဲ့အရာပါ..။ ဒါကြောင့် သခင်ယေရှု မှာကြားခဲ့သလို ကျွန်မတို့ နဲ့ သက်ဆိုင်တဲ့ သူအများအပေါ်မှာ ဆင်းရဲ ချမ်းသာမရွေး ချစ်ခင်ကြင်နာဖို့ နဲ့ အားငယ်သူကို ဖေးဖကူညီဖို့ ဒီစာလေး အားဖြင့် တိုက်တွန်းလိုပါတယ်..။
အယောက်စီတိုင်း အပေါ်မှာ ဘုရားသခင် ကောင်းချီးပေးပါစေ...........!!!
အိမ်မက်စေရာ
၂၂.၁၂.၁၂
5 comments:
ဖတ်ပြီးအရမ်းကိုလွမ်းသွားတယ်
အိမ်ကိုလေ...
Merry Christmas to You...
ခရစ်မစ်သီချင်းလေး က နားထောင်ရတာကောင်းသလို လိုက်ပြီသီချင်းဆိုရတာလည်းပျော်စရာကောင်းလှပါတယ်
ချမ်းချမ်းအေးအေးနဲ့လေ သည်စာကိုဖတ်လိုက်ရတော့ လွမ်းတောင်လွမ်းမိတယ်
ပျော်ရွှင်နိုင်ပါစေနော် မမအိပ်မက်ရေ
ခင်တဲ့(အိပ်မက်ကောင်းကင်)
Same to you ပါအိပ်မက်ရေ..
Merry Christmas and Happy New Year, sis! နှစ်သစ်မှာ အောင်မြင်မှုတွေနဲ့အတူ ပျော်ရွှင်ပါစေနော်
Jordan Travis Scott
golden goose outlet
golden goose outlet
golden goose sneakers sale
off white hoodie
goyard bag
Post a Comment