ဒီပို့စ်လေးကို ဒီနေ့မှ မရေးရင် မမှီတော့ဘူး..
ဒါတောင် မြန်မာနိုင်ငံမှာ နှစ်ကူးခါနီးပေါ့..
ဂျာမနီမှာတော့ နဲနဲ လိုသေးတယ်..
ဒီနှစ် တဂ် တဲ့ပို့စ် နောက်နှစ်မှရေးမယ်ဆိုရင်တော့ မဖြစ်သေးဘူးလေ..နော့
ကဲ ကဲ မောင်ဘုန်း( ကောင်းကင်ဖြူ ) ရဲ့ တဂ်ပို့စ်လေး အတိုင်း ၂၀၁၂ ကို ခဏလေး နောက်ပြန်လှည့်ကြည့်လိုက် ဦးမှ...
အပ်ချလောင်း...
ငါဘာတွေ လုပ်ခဲ့ပါလိမ့် ?
ဘာတွေ ဖြစ်ခဲ့ပါလိမ့် ?
ကောင်းတာတွေလား မကောင်းတာတွေလား ?
တိန်........ဘာမှ မမှတ်မိတော့ဘူး..မောင်ဘုန်းရေ ဘယ်လို လုပ်မတုန်း ????
မဖြစ်သေးပါဘူး..ဟိုကြည့် ဒီရှာနဲ့ နောက်ဆုံး ကိုယ့်ဘလော့ဂ်လေးပဲ ကိုပြန်ကြည့်တော့ တရေးရေးလေး ပေါ်လာတယ်..
အမှန်က ၂၀၁၂ မှာ မှာ ဖြစ်ပျက်သမျှ အရာ တော်တော်များများကို တမင်တကာရော မတော်တဆပါ ရောပြီး မေ့ချင်ယောင်ဆောင်ခဲ့တာပါ...း)
၂၀၁၂ ဇန်နဝါရီ
အော် နှစ်သစ်ပေါ့..မြစ်ကမ်းနဘေးမှာ နှစ်သစ်ကူးပြီး..ပျော်စရာလေးတွေပဲ ရွေးပြီး တွေးဖြစ်နေသေး..
၂၀၁၂ . ဖေဖေါ်ဝါရီ

နိုင်ငံရပ်ခြားကို အပျော်ခရီးထွက်ဖူးတာ မထမ အကြိမ်ပေါ့ လုံးဝအပျော်သက်သက် Holiday အနေနဲ့ ပြင်သစ်ကို ရောက်ခဲ့တယ်..စိတ်ထဲမှာ အရမ်းကို တွေ့ချင်နေတဲ့ Eiffel မျှော်စင်ကြီးကို တမေ့တမော ငေးကြည့်ခဲ့တယ်..
၂၀၁၂ မတ်လ
၂၀၁၂ ဧပရယ်လ်
၂၀၁၂ မေလ
၂၀၁၂ ဇွန်လ
၂၀၁၂ ဂျူလိုင်
၂၀၁၂ သြဂုတ်
ပြင်ပ ကမ္ဘာကြီးကတော့ အကောင်းအတိုင်းပါ..ဒါပေမယ့် ကိုယ့်ရဲ့ ကမ္ဘာကတော့ အစိတ်စိတ် အမွှာမွှာ..ရင်ထဲကလဲနာ..အသားတွေလဲနာ..
ကိုယ့်ကိုယ်ကိုလဲ မုန်း..လူတွေကိုလဲမုန်း..
နေစရာ နေရာမရှိ....သွားစရာ နေရာ မဲ့တဲ့လ..သေတဲ့ထိ မမေ့နိုင်တော့မယ့် ဒဏ်ရာတွေ ပေးခဲ့တဲ့လ..အိပ်နေရင်းတောင် ခဏ ခဏ လန့်နိုးရတယ်..အရာရာကို ကြောက်ရွံစိတ်အားငယ်စွာ နေ့ရက်တွေကို ခက်ခဲ တကြီးဖြတ်သန်းခဲ့ရတဲ့ အချိန်တွေပေါ့...
၂၀၁၂ စက်တင်ဘာ
တစ်ခုခု ပြောင်းလဲဖို့ မောမန်းတကြီး ကြိုးစားနေတယ် .. ကူညီမယ့်သူ အားပေးမယ့်သူ တစ်ဦးတလေ တောင် မရှိတဲ့ နေရာမှာ ..ဒုက္ခရောက်ပြီ ဆို သိပ်ကြောက်စရာကောင်းတယ်..ပုံမှန်အသက်ရှူ နေပေမယ့် .အသက်ရှူသံတွေ ပုံမမှန်တော့ဘူး...
၂၀၁၂ အောက်တိုဘာ
၂၀၁၂ နိုဝင်ဘာ
ကိုယ့်နာမည်ပါဝင်တဲ့ စာအုပ်လေး တစ်အုပ်တွေ့တယ်..လူတစ်ယောက်က ကိုယ့်အကြောင်းကို ရေးထားတယ်..စိတ်ကူးယဉ်ဇာတ်လမ်းလေး တစ်ပုဒ် ..သို့ပေမယ့် ကိုယ့်အကြောင်းတွေ တော်တော် များများ ပါဝင်နေတယ်...အမှတ်တရပါပဲ..My Life With A Soul တဲ့..
၂၀၁၂ ဒီဇင်ဘာ
အားလုံး အားလုံး HappY NeW YeaR...!!!!!!!!!!!
အိမ်မက်စေရာ
၃၁.၁၂.၁၂

2 comments:
နောက်ကျပြီးမှ လာဖတ်မိတဲ့ အတွက် တောင်းပန်ပါတယ် အစ်မ ရေ ... ။ အခုတလော ကျနော် လည်း အလုပ်နည်းနည်း များနေလို့ ပါ ... ။ အစ်မရဲ့ တစ်နှစ်တာ ဖြတ်သန်းခဲ့ရတဲ့ နေရက်တွေက ခံစားမှု အစုံပဲနော် ..... ။
၂၀၁၃ နှစ်သစ်ဟာ အမအတွက် ကံကောင်းတွေ ယူဆောင်တဲ့ နေ့ ရက်တွေ ဖြစ်ပါစေလို့  ဆုတောင်းခဲ့ပါတယ် ... ။
ခင်မင်စွာဖြင့်
မောင်ဘုန်း
why u hidding your really profile my sis you are really selfish! your holiday is just only u or what? yah! you r so good girl coz you are so ............ . happy new year n whishing for u ( god bless u )
Post a Comment