Pages

Sunday, February 17, 2013

မွေးနေ့ >> ....... >> သေနေ့


မပီပြင်တဲ့ ဝိုးတဝါး အရိပ်တွေရှိလဲ ဒီလမ်း ဆိုတာကိုတော့ လျှောက်နေရဆဲ..။
အခြေအနေတွေ ပြောင်းလဲ လာမှာပါဟု တွေးရင်း ပြောင်းလဲ ချင်စိတ်တွေလဲ ရှိနေခဲ့တာပါပဲ...။
လက်လှမ်းမှီသလောက် တော့ ကြိုးစားတယ်..။ တက်နိုင်သလောက် အားတင်းတယ်..။
ဖြစ်ချင်တာတွေ များနေတာတဲ့ အဲ့လို လဲ အပြောခံရဖူးတယ်..။
ရေတွက်ကြည့်လိုက်ရင် လက်ငါးချောင်းတောင် မပြည့်နိုင်တဲ့ မွတ်သိတ်တဲ့ အရာတွေကို ဆန္ဒလို့ ခေါ်မလား မသိဘူး..။
ကျော်လာလိုက်တဲ့ အချိန်တွေ ဘယ်လို ကုန်လို့ ကုန်သွားမှန်း မသိပေမယ့်.. ရည်ရွယ်ချက်တွေကတော့ မပီပြင်လာနိုင်သေး..။
နေ့ရယ် ညရယ် ရေမှတ်ရင်း...မနက်ဖြန်တွေ့မယ်လို့ နှုတ်ဆက်ကြရင်း..အလုပ်နားမယ့် ရက် မျှော်ရင်း..အမှန်က အသက်တွေ ကြီးလာနေတာလေ.။
အသက်မကြီးချင်ဘူးဆိုသူတွေရှိလဲ နေ့ရက်ကို ကျော်လွန်ဖို့ အားသန်နေတာက ဖြစ်ချင်တာနဲ့ လမ်းကြောင်းလွဲနေတယ်ဆိုတာ..ရိပ်မိချင်မှလဲ ရိပ်မိပါလိမ့်မယ်..။
ခြေရာတွေ ပြန်လှည့်ကြည့်ရင်ပဲ ဖြစ်ဖြစ်...
ဒိုင်ယာရီ ဟောင်းကို လှန်ကြည့်မိရင်ပဲ ဖြစ်ဖြစ် ..ကျေနပ်မှုတွေ တစ်ဝက်စာရှိနေမယ်ဆိုရင်တောင် ဒါဟာ အသက်ရှင်ဖို့ လုံလောက်နေပြီ ထင်တာပါပဲ ...။
ဒါပေမယ့် ဒါဟာ လောကလေ...အကောင်းနဲ့ အဆိုး တစ်ဝက်စီ မရှိနိုင်တဲ့လောက
အမှားနဲ့ အမှန် တစ်ခြမ်းစီ ရပ်တည်မနေတဲ့ လောက
အဲ့ဒါ မမျှတခြင်းလို့ ခေါ်တဲ့ လောက...။
ဒီ လောကမှာပဲ သေသာ သေလိုက်ချင်တယ်လို့ အော်ညည်းမိသူတွေလဲ မနက်ဖြန်ကို မလွတ်တမ်း ဆုပ်ကိုင်ထားတယ်..။
မနက်ဖြန်ပြီး သွားရင်တော့ နောက်တစ်ခါ ထပ်ရောက်လာမယ့် မနက်ဖြန်အတွက် ဆုပ်ကိုင်ဖူးတဲ့ မနက်ဖြန်ကို လွတ်ချရတယ်..။
အဲ့ဒါ သင်္ခါရလို့ ခေါ်ပြန်တယ် တဲ့..။
ဟုတ်ကဲ့ အဲ့ဒီနောက်ကို တကောက်ကောက်လိုက်ရင်း တစ်ရက် ပြီး တစ်ရက် ကြီးလာတဲ့ အသက်အတွက် အသင့်တော့ဖြစ်ချင်ပါသေးရဲ့...။
မွေးနေ့ဆိုတဲ့ အဓိပ္ပါယ်ကိုတော့ လက်ဆောင်ရဖူးတဲ့ စာအုပ်တစ်အုပ်ထဲက အတိုင်း ချရေးရမယ် ဆိုရင်....
................
.............
.........
သေမယ့်ရက် တစ်ရက် နီးလာ၍
စိတ်ချ လက်ချ မပျော်နိုင်ပါ..........ဟူသတဲ့...........။ ။

အိမ်မက်စေရာ
၁၇.၀၂.၂၀၁၃

 ( မွေးနေ့ ၂၃.၀၂.၁၃ အတွက် ကြိုရေးထားတဲ့ ပို့စ်လေးပါ..မွေးနေ့ရောက်ရင် မရေးဖြစ်တော့မှာ သေချာလို့..)

12 comments:

လရိပ်အိမ် said...

တင်တာစောပါသေးတယ်။ ဒါဆိုလဲ တခါတည်း ပြောသွားမယ်နော်။
HAPPY BIRTHDAY!!!
Wish you all the best now and forever.

မိုးနတ်ကြယ်စင် said...

မွေးနေ့တော့ မသိဘူးးးးးးးးးး
တရားတော့ တော်တော်ရသွားတယ်....:)))

ဟက်ပီဘတ်ဒေးပါ ဘော်ဘော်ရေ...
ဂွတ်နိုက်ထ်!
အိပ်မက်လှလှမက်ပါစေနော် :)

Phyu Lwin said...

ခြေရာတွေ ပြန်လှည့်ကြည့်ရင်ပဲ ဖြစ်ဖြစ်...
ဒိုင်ယာရီ ဟောင်းကို လှန်ကြည့်မိရင်ပဲ ဖြစ်ဖြစ် ..ကျေနပ်မှုတွေ တစ်ဝက်စာရှိနေမယ်ဆိုရင်တောင် ဒါဟာ အသက်ရှင်ဖို့ လုံလောက်နေပြီ ထင်တာပါပဲ ..။ အဲဒီစကားလုံးတွေကြိုက်တယ်.. တစ်ကယ်က ပို့စ်တစ်ခုလုံးကိုကြိုက်တာ..။ Happy Birthday ပါအိပ်မက်ရေ.. မွေးနေ့အတွက် ကြိုဆုတောင်းပေးပါတယ် :)

ချစ်စံအိမ် said...

မွေးနေ့ သံဝေဂလေးဖတ်သွားပါတယ် ပျော်ရွှင်ကျန်းမာလိုရာပြည့်ပါစေ အိမ်မက်ရေ

Aunty Tint said...

၂၃.၂.၁၃ မှာကျရောက်လာမယ့် မွေးနေ့လေးအတွက် 'ဆန္ဒပြင်းပြရ တစ်ထပ်တည်းမကျတောင် အနီးစပ်ဆုံး ဖြစ်လာလေ့ရှိတယ်' ဆိုတဲ့စကားလေး လက်ဆောင်ပေးခဲ့တယ် အိမ်မက်ရေ။ အခိုက်အတန့်ဖြစ်နေတဲ့ အခက်အခဲဆိုတာကိုတော့ တည်ငြိမ်စွာနဲ့ ကျော်ဖြတ်နိုင်စွမ်းရှိဘို့လိုတာပေါ့နော်။
ိစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

စကားလုံးတွေအရမ်းကောင်းတယ် ။

ဟန်ကြည် said...

World cup Theme song တွေထဲက waving flag သီချင်း နားထောင်ကြည့်လေ...အနှီအထဲက when I am older, I will be stronger ဆိုတဲ့ စာသားက ဦးဟန်ကြည်ရဲ့ ဖေးဘရိတ်...

ဘာဖြစ်လဲ တစ်နှစ်အသက်ပိုရလာရင် တစ်နှစ်စာ ပိုပြီးရင့်ကျက် တိုးတက်လာတာပဲ...မွေးနေ့ပဲဖြစ်ဖြစ် သေနေ့နဲ့ပဲ ပိုနီးနီး...ရင့်ကျက်ခြင်းကိုရဖို့ အသက်နဲ့ရင်းရလည်း တန်ပါ့ဗျာ...

ပျော်ရွင်ချမ်းမြေ့ပြီး ရင့်ကျက်တည်ငြိမ်တဲ့ ဘ၀တစ်ခုကို သည်မွေးနေ့ကစပြီး ရပါစေကြောင်း ဆုတောင်းပေးလိုက်ပါသဗျား...

သူကြီးမင်း (တုံးဖလား) said...

မွေးနေ့ကစပြီး လိုအင်တွေ အားလုံး ပြည့်ပါစေ။
လက်ငါးချောင်းမပြည့်တဲ့ မွတ်သိပ်တဲ့အရာဆိုတော့ အဲဒီမွတ်သိပ်မှုတွေ ပြည့်နိုင်ပါတယ်။ ပြည့်လဲ ပြည့်ပါစေ။

မယ့်ကိုး said...

မမချစ်တဲ့ ညီမလေး မွေးနေ့မှာ ပျော်ရွှင်ပါစေ ...

မိုးဇက် said...

ဟာ . ..
မနက်ဖြန်ပြီး သွားရင်တော့ နောက်တစ်ခါ ထပ်ရောက်လာမယ့် မနက်ဖြန်အတွက် ဆုပ်ကိုင်ဖူးတဲ့ မနက်ဖြန်ကို လွတ်ချရတယ်..။

အမ်း

အနိစ္စ ဒုတ်ခ အနတ္တ

Unknown said...

မနက်ဖြန်ပြီး သွားရင်တော့ နောက်တစ်ခါ ထပ်ရောက်လာမယ့် မနက်ဖြန်အတွက် ဆုပ်ကိုင်ဖူးတဲ့ မနက်ဖြန်ကို လွတ်ချရတယ်..။
အဲ့ဒါ သင်္ခါရလို့ ခေါ်ပြန်တယ် တဲ့..
သင်္ခါရသဘောတရားမတည်မြဲလေတဲ.ဖြစ်ပျက်ပြန်
လောကဓံတရားတဲ.ကွယ်။
ခင်တဲ.အန်တီလေးမေခင်

slono said...

v5y25i2m66 q6t31m8u91 o2t63m6x40 j4u81p5e69 n0x88e9h59 d6s28i0i69