Pages

Monday, March 14, 2011

စိတ်ပူတက်တဲ့သမီး

ဒီနေ့တော့ ဟာသလေးတွေ ရေးကြည့်မလားလို့ စဉ်းစားမိတယ်...
ဟာသဆိုရင် ငယ်ငယ်က အဖြစ်အပျက်လေးတွေ ပြန်သတိရမိတယ်..
ခုနှစ်တော့အတိအကျ မမှတ်မိတော့ဘူး..ကျွန်မ တော်တော်လေးငယ်အုံးမယ်ထင်တယ်..အဲ့ဒီအချိန်က ခင်ဇာခြည်ကျော် စုလှိုင်နှင်း မြတ်ကေသီအောင် သူတို့တွေ ခေတ်စားကြတဲ့အချိန်ပေါ့..ကျွန်မဖေဖေက ခင်ဇာခြည်ကျော်သရုပ်ဆောင်တာကို အဲ့ဒီအချိန်ကတော်တော်နှစ်သက်ပါတယ် ခဏ ခဏလဲ ပြောဖြစ်တယ်..ကျွန်မဖေဖေရဲ့ အလုပ်က သင်္ဘောကပ္ပတိန်ပါ မကြာခဏဆိုသလို ခရီးထွက်ရပါတယ်..အဲ တစ်နေ့တော့ ဖေဖေ ခရီးထွက်ခါနီးပေါ့..ဖေဖေက သူ့ရဲ့ ထုံးစံအတိုင်း ကျွန်မကို နာဖူးလေးနမ်းကာ နှုတ်ဆက်ပါတယ် ပြန်လာရင်မုန့်ဝယ်လာခဲ့မယ်နော်လို့လဲ ပြောပါတယ်..ကျွန်မကတော့ မျက်နှာမသာမယာရယ်ပါ ဖေဖေ ခရီးထွက်မှာကြောင့်အပြင် ကိစ္စတစ်ခုကို ကျွန်မပြောဖို့စဉ်းစားနေလို့ပါ..အင်း ပြောရင်ကောင်းမလား မပြောရင်ကောင်းမလားပေါ့ မျက်နှာကို အကဲခတ်နေတဲ့ ဖေဖေကလဲမေးပါတယ်...သမီးဘာမှာဦးမလဲပေါ့..ဘယ်ရမလဲ ဖေဖေမေးလာမှတော့ ကျွန်မလဲ ခတ်တည်တည်နဲ့ ပြောချလိုက်ပါတယ်..
“ ဖေဖေ ခင်ဇာခြည်ကျော် စီကို တော့ မသွားနဲ့နော် ” တဲ့...........ကောင်းရော

.............................................................................................................

စိတ်ပူတက်တဲ့သူငယ်ချင်း

ကျွန်မမှာ လုပ်ဖော်ကိုင်ဖက်အတော်လေးရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ရှိပါတယ်..၂ နှစ်ကျော်လောက်ပဲ လက်တွဲလုပ်လာသေးတယ်ဆိုပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အတော်လေးနားလည်မှုရှိပြီး ဖေးမတက်ပါတယ်..အလုပ်မအားတဲ့ ကြားက တစ်ခါတစ်ခါ သူပြောတဲ့ ဟာသတွေနားထောင်ရင်း ကျွန်မမှာ အမောပြေသလိုရယ်..တစ်ရက် ကုန်အမှာစာတွေများလွန်းလို့ မအားပဲ တော်တော်လေး အလုပ်ရှုပ်တဲ့ရက်ပေါ့..
အလုပ်ထဲအားရုံစိုက်ရလွန်းလို့ ခေါင်းတောင်မမော့နိုင်ကြပါ တစ်ယောက်မျက်နှာလဲ တစ်ယောက်မကြည့်အားနဲ့ အလုပ်ပြီးဖို့ပဲ အာရုံစိုက်နေတုန်း သူက မေးလာပါတယ်.
ုkleine လို့သူက ကျွန်မကိုခေါ်လေ့ရှိပါတယ်..( အဓိပ္ပါယ်က အသေးလေး . အငယ်လေး . ပါ)
သူ “ အသေးလေး လူက မျောက်က ဆင်းသက်လာတာနော်”
ကျွန်မ“ သိဘူးလေ ပြောကြတာပဲ ဘာဖြစ်လို့လဲ”
သူ “ သြော် ငါစဉ်းစားမိတာတစ်ခု ရှိလို့ပါ”
ကျွန်မ“ ဘာစဉ်းစားမိလို့လဲ”
သူ “ ငါတို့ ဒီလို အလုပ်တွေ ခေါင်းမမော့နိုင်ကုန်းရုန်းလုပ်နေကြတာလေ နေ့တိုင်းနီးပါးဆိုတော့ဟာ တစ်နေ့ ဒီလို ကုန်းကုန်း ကုန်းကုန်းပုံစံမျိုးနဲ့ မျောက် များပြန်ဖြစ်သွားမလားလို့ပါဟာ”......

3 comments:

Anonymous said...

ဘာအလုပ် လုပ်လဲဟင် လခကောင်းလား ဝင်ငွေ ဘယ်လောက်ဆို ကောင်းတယ်ဆိုမလဲ သိချင်လို့ါပါ ဂျာမနီမှာ ဗမာတွေ အလုပ်ကောင်းမရဘူးလို့ ဆရာတော်ဟောလို့။

အိမ်မက်စေရာ said...

အလုပ်ကောင်း မကောင်းကို ဘာနဲ့ခွဲကြလဲ ဆိုတာတော့မသိပါဘူး..ကျွန်မအလုပ်က ကောင်းတယ်လဲမဟုတ် ဆိုးတယ်လဲ မဟုတ်ပါဘူး.. ဒီနိုင်ငံမှာ လခက ယူရို ၁၂၀၀ ဆိုရင် ပုံမှန်လို့ ပြောလို့ရပါတယ် တစ်ချို့လဲ ၁၀၀၀ လောက် ရတာမျိုးရှိတာပေါ့ အိမ်လခနဲ့လဲ ဆိုင်ပါတယ်..

Unknown said...

click resources replica bags have a peek at this web-site replica louis vuitton bags Full Article bags replica ysl