Pages

Thursday, June 23, 2011

ရှုပ်နေတာပါပဲ..........


သတင်းရထားလို့


ဖရန့်ဖွတ်( Frankfurt) မှာ ခုတလော လှုပ်လှုပ် လှုပ်လှုပ်နဲ့ ဘာဖြစ်နေမှန်းကို မသိတာပါ..ဟို နေရာမှာ လဲ လုံခြုံရေး ဒီနေရာမှာ လဲ ရဲကားနဲ့ မျက်စိကို နောက်နေတာပါပဲ...
ဟော ပြီးခဲ့တဲ့ အပတ်ကလဲ အိမ်ပြန်လာတဲ့ အချိန်ပေါ့ အလုပ်က ညနေပိုင်းဆိုရင် ၁၀ နာရီ ၄၀ မှာ အလုပ်ဆင်းဖြစ်တယ်... u bahn နဲ့ အမြဲပြန်တယ် ပြီးတော့ ဘတ်စ်ကား တစ်မှတ်တိုင် ပြန်စီးရတယ် အိမ်ရောက်တဲ့ အထိ..သောကြာနေ့ လောက်ကထင်တယ် အလုပ်က အပြန်လမ်းမှာ ကောင်းကင်က ဖုန်းဆက်လာတယ်လေ ဘူတာရုံမှာ အပေါက်တွေ ပိတ်ထားတယ် တဲ့..ဟဲ့ ပလုတ်တုတ် ငါ့နှယ် ဘယ်က ပြန်ထွက်ရပါ့.. သူက ဆက်ပြောသေးတယ် ကွေ့ပတ်ပြီးတက်ရတဲ့ ဓါတ်လှေကားက တက်လာခဲ့ တဲ့.. ဘူတာရုံကြီးမှာ ထွက်ပေါက်တွေ အများကြီးရယ်ပါ..ကိုယ်တိုင် က ဒီကားမှတ်တိုင်နဲ့ ဒီထွက်ပေါက်ကို ထွက်နေကျ တခြားအပေါက်ဆို ပြန်ပြန်ရှာနေရတယ်..အဲ အဲ့ဒါနဲ့ ဘူတာရုံကြီးရောက်တော့ ဟုတ်ပှါ့ဗျာ ထွက်နေကျ လှေကားပေါက်ကို အနီတားပြီးလုံခြုံရေးတွေနဲ့ ပိတ်ထားတယ်... အချိန်က ၁၁ နာရီ ရှိနေပြီ ဒါမျိုးဆို အလိုလိုနေရင်းကို ရင်က တုန်တာ ..လူတွေအများကြီးရှိရက်နဲ့ သတ္တိကောင်းလိုက်ပုံများပြောပါတယ် တော်သေးတာက အတူတူပြန်တဲ့ အန်တီတစ်ယောက်ပါလာလို့ ထိုင်းအမျိုးသမီးတစ်ယောက်ပါ ..ငါတို့ထွက်နေကျနေရာပိတ်ထားတယ် လို့ ပြောတော့ လာလာ ဆိုပြီး လက်ကလေးကိုင်ပြီး ခေါ်သွားတယ် ကိုယ့်မျက်နှာက သနားစရာဖြစ်နေလားမသိပါဘူး... အဲ့ဒါနဲ့ တစ်ခါမှ မတက်ဖူးတဲ့ အနောက်ဆုံးလှေကားကနေ အပေါ်ကိုတက် အပေါ်ဆိုပေမယ့် အပေါ်ဆုံးမဟုတ်သေးပါ မြေအောက်ကနေအပေါ်နား market တို့ လက်မှတ်ရောင်းတဲ့နေရာ အာရှဆိုင်တွေ ရှိတဲ့နေရာကို ရောက်တာပါ..အဲ့ဒီမှာ လဲ မီးတွေအကုန်ပိတ်လို့ မှောင်နေတာ လူတွေလဲ တစ်ယောက်မှ မရှိဘူး ဒါနဲ့ ဆက်ပြီး တက်ပါတယ်..ထွက်ပေါက်လှေကားကို ရောက်ပါပြီ လုံခြုံရေးရဲတွေလဲရှိပါတယ် ဘာဖြစ်တာလဲလို့ သူတို့ကိုမေးကြည့်တော့.. ....................ဗုံးဖောက်ခွဲမှုသတင်း ရထားလို့ပါတဲ့.................ကောင်းရော
ဒီဗုံးကြောင့် ခဏ ခဏ ဒါမျိုးဖြစ်တယ် တကယ်စိတ်လေတယ်...အဲ့ဒါနဲ့ ဘတ်စ်ကားမှတ်တိုင်ကို အပြေးတပိုင်း သွားရတော့တာ တော်ကြာနောက်ကျရင် နောက်တစ်စီးထက်စောင့်ရမှာ..... ဟူး


တစေ့တစောင်း သော့အကြောင်း

ဒီနေ့မနက် ဧည့်သည်ရှိပါသည် သူငယ်ချင်းရဲ့ အမျိုးသမီး ဂျာမနီရောက်နေလို့ အိမ်ကို အလည်ဖိတ်ဖြစ်သည် ခြေလေချောင်းသားမစားတဲ့ သူ့အတွက် ကြက်သားချက်သည် ခြေခြောက်ချောင်းသားမစားတဲ့ ကိုယ့်အတွက် ဝက်သားချက်သည်.. ဟဲဟဲ
စားကျ သောက်ကျ ပြီးတော့ လမ်းလျှောက်ထွက်ဖြစ်ကြသည်.. ထုံးစံအတိုင်း Main ဖြစ်ဘေးပါ.. အိမ်နဲ့ မဝေးတော့ ထစ်ကနဲဆို မ.ထ.သ အဲ ရောင်လို့ မြစ်ကမ်းဘေးရောက်ဖြစ်သည် အဲလိုနဲ့ ဓါတ်ပုံရိုက်ဘာညာပေါ့ မြစ်ကို ဖြတ်ထားတဲ့ တံတားပေါ်လျှောက်တော့ ဘာတွေ့လဲဆိုရင် သော့တွေ တွေ့ပါတယ် ဘယ်ကလာလဲ တော့ မသိပါ အမှတ်တရချိတ်ထားပုံ ရပါသည် ဒါပေမယ့် ဒီသော့တွေ ဘယ်သူက အလေးခံပြီး သယ်လာမည်နည်း...??????????????????
မသိပါ အောက်ပါပုံများမှသာ ကြည့်ကြည့်ကြပါ ဟိုအရင် မရှိပါ.. ရောက်လာတာ ၄ ၅ လ လောက်သာ
ရှိဦးမည်ထင်သည်.....





4 comments:

လပြည့်ရိပ် said...

ချစ်သူတွေ ချစ်ခြင်းသင်္ကေတ တစ်ခုအနေနဲ့ ချိတ်သွားကြတာထင်တယ်။

အိမ်မက်စေရာ said...

အင်း အဲ့လို ပြောကြတာပဲ ဒါတွေကို တမင် အလေးခံပြီးသယ်လာ ရမှာနော်.. စာရေးထားတာလဲ အသေအချာ ထွင်းတာမျိုးဆိုတော့လေ..သေချာကို လုပ်ထားတာ...

ဟန်ကြည် said...

သော့ခလောက်ဆိုတာ တစ်ခုခုကို ခိုင်မြဲစေခြင်း ထိန်းသိမ်းစောင့်ရှောက်လုံခြုံစေခြင်းဆိုတဲ့ သင်္ကေတတွေ ရှိနေတာမို့ လူမျိုးအတော်များများက ချစ်ခြင်းရဲ့သင်္ကေတ သစ္စာရှိခြင်းရဲ့ နိမိတ်ပုံအဖြစ်သုံးလေ့ရှိကြတယ်...ဘာပဲဖြစ်ဖြစ် ငယ်တုန်းမှာလဲ ရူးသွပ်ကြတာတော့ ဘယ်မှာဖြစ်ဖြစ် အတူတူပါပဲလေ...

nobet said...

l3e66s2s73 h1q45m5f97 z3c00d9v77 a2t10t6h67 y5i02t8a37 s3h48d6z57