Pages

Sunday, December 11, 2011

နာကျင်မှုသက်သက်ဖြင့် ရေးဖွဲ့သော...

အိမ်မက်စေရာ ဆိုတဲ့ ဘလော့ဒ်က အိမ်မက်အတွက် အကောင်းဆုံး သူငယ်ချင်းတစ်ယောက်လိုပါပဲ ..ဘယ်သူမှ ပြောခွင့်မရှိတဲ့အရာတွေ ဘယ်သူမှ မသိတဲ့အကြောင်းတွေ ပျော်ရွှင်စရာ ဝမ်းနည်းစရာ တွေအားလုံးကို ဒီဘလော့ဒ်လေးမှာ ချရေးခွင့်ရှိတယ်လေ..ဒီအောက်က စာကြောင်းတွေက အိမ်မက်နဲ့ တိုက်ရိုက်အားဖြင့်တော့ မပတ်သတ်ပေမယ့် တနေ့နေ့ တချိန်ချိန်မှာ ဒီစာထဲက သက်ဆိုင်သူ တစ်ယောက် သို့မဟုတ် နှစ်ယောက်စလုံး ဖတ်မိခဲ့မယ်ဆိုရင်ပေါ့...
တကယ့်ကို သိပ်ချစ်ကြတယ်ဆိုရင် ဆုံဆည်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..
ဘာဖြစ်လို့လဲ ဆိုရင် အိမ်မက်လုပ်ပေးနိုင်တာဆိုလို့ ဆုတောင်းပေးဖို့ တစ်ခုပဲ ရှိလို့ပါ...
ဒီစာထဲမှာ မပါဝင်တဲ့ တတိယလူကတော့ ဒီစာဖတ်နေတဲ့အချိန်မှာ ဝမ်းနည်းစွာ ငိုကြွေးနေခဲ့ရတယ်ဆိုတာ သက်ဆိုင်သူတစ်ဦး သို့မဟုတ် နှစ်ဦးစလုံးကို သိစေချင်ပါတယ်.........

ma yay! ah yan:1 tie. yin bar lote ya ma lae' ko ma tie. dar 1 kal pyaw dar par , bar lo. paung: sat lo. ma ya naing dar lae' hinn? ma si ka ga yu. site muu. ko ah yan: lo chin kae. del..... dar pay. mae. ma. bat ka tone. pyan muu. ka ah yan: ko aye: say: naing loon: del .... khan: ser: lo. ma naing woo: byar.... ko. ko ko lae' daww da fit mie. del .... ah yan: ko chit kae. pee: ma lwal ku dae. ah yar ko ya aung yu naing kae. pee: ma. bar ma hote dae. ah yar 1 ku. kyaunt. pyat sii: kae. ya del ..... ah yan: wann: nae' del ma yel .... ma pyaw 1 lo pot ma yel ANYWAY AND ANYHOW pot love u so much ma ..... 1 nay. nay. ma nar: ko york aung lar kae. mal ... ah chain tway kyar twar: p dar pay mae. bel twat ma. pywat kwal ma twaR: woo: ..... ae' dar ko yone pay: par ... ah yan: chit kae. del ...... ho ah yin ka ma yae. Mg


ဒီအောက်ကစာပိုဒ်လေးကတော့ အိမ်မက်ရေးတာ ပါ.. တတိယလူပြောမထွက်ခဲ့တဲ့ စကားလုံးတွေကို ကိုယ်စားပြုပါတယ်..
နင့်ရဲ့ နူးညံ့တဲ့ စကားလုံးတွေကို ငါတစ်ယောက်ထဲပဲ အပိုင်ရချင်တာဆိုရင်.. ငါ့ကို အတ္တကြီးတယ်လို့ နင်ပြောမှာလား.. နင့်ရဲ့ နွေးထွေးတဲ့ အကြည့်တွေ အမြဲငါ့စီမှာ ပဲ ရှိနေစေချင်တယ်ဆို ရင်ရော အရူးလို့ နင်ငါ့ကို ပြောမှာလား...နင့်ကို စကားတတွက်တွက် ပြောတာက နင့်အတွက် အနှောင့်အယှက်စေချင်တာမျိုးမဟုတ် ပဲ ငါရင်ထဲမှာ ရှိသမျှအကြောင်းအရာကို နင်နဲ့ တိုင်ပင်ချင်တာဆိုရင်ရော ငါ့ကို ကြက်တူရွေးလို မိန်းမလို့ နင်သတ်မှတ်မှာလား.....ငါ့ရဲ့ အသုံးမကျတဲ့ ညံ့ဖျင်းမှုတွေကြားထဲကပဲ နင့်ကို နားလည်ဖို့ ငါအမြဲ ကြိုးစားနေတယ်ဆိုရင်ရော အရာမရောက်နိုင်ပါဘူးလို့ နင်ဆိုမလား..(အိမ်မက်စေရာ)
အားလုံးကို ပျော်ရွှင်စေချင်တဲ့
အိမ်မက်စေရာ

9 comments:

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အားပေးခဲ့ပါတယ်ဗျာ

Thameesan said...

အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို.ဖတ်တာနဲ့
နည်းနည်းကြာသွားတယ်အိပ်မက်ရယ်း)
(အင်္ဂလိပ်စာ.အားနည်းသည်ကိုး)
ဘာကြောင့်ပဲဖြစ်ဖြစ်ပါ..ချစ်တဲ့သူတိုင်း
ညားကြစေချင်သလို..ညားတဲ့သူတိုင်းကိုလည်း
ချစ်ကြစေချင်ပါတယ်။
အလွမ်းတွေနဲ့..ဝေးနိုင်သမျှ.ဝေးကြပါစေရှင်
ခင်မင်စွာဖြင့်

မယ့်ကိုး said...

ညီမလေးက "အရမ်းချစ်တဲ့သူတွေက မန့်သွားတယ်
နဲနဲပဲ ချစ်တဲ့သူတွေက မန့်သွားဘူး..." လို့ ရေးထားတော့ ကြောက်ကြောက်နဲ့ မန့်သွားပါတယ် ... :) အားလုံးကို ပျော်ရွှင်စေချင်တဲ့ ညီမလေး အမြဲပျော်ရွှင်ပါစေ ...

စံပယ်ချို said...

ဖတ်တာပဲတစ်နာရီမကဘူး အဲလိုတော်တာ
သက်ဆိုင်သူတို့ရေ
သိလိုက်ပါတော့နော်

ကိုရင် said...

ချစ်တဲ့သူတိုင်း ညားနိုင်ကြပါစေ..
ဖွားနိုင်ကြပါစေ..:D

Candy said...

ချစ်သူများ ဆုံဆည်းကြပါစေ.. :)

မင်းမင်း said...

ညားကြပါစေ....

Mrs. Bagel said...

ဪ ကောင်လေးရယ်၊ သူ့ကိုမှ မရွေးချယ်တော့ပဲကွယ်။ ဘာလုပ်နိုင်မှာလဲ? မ က မောင့်ကို ဘာမဟုတ်တဲ့ကိစ္စလေး အတွက်နဲ့ထားခဲ့တာမဟုတ်ပါဘူး။ အဲဒီလမ်းခွဲစရာလို့ဒါလေးပဲ ထောက်ပြစရာရှိလို့။ ဘာလို့လဲဆိုတော့ မောင့်မှာ ဘာအပြစ်မှမရှိတာ။ တနေ့တော့လည်း မေ့ပျောက်နိုင်မှာပါ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလိုက်တဲ့အခါ အပြစ်ကင်းစင်တဲ့ သူရဲ့ နှလုံးသားကို ခွဲမိတတ်ကြတယ်။ မ လည်း ပျော်နေလိမ့်မယ်မထင်ပါနဲ့။ ပြန်တွေးရင် မောင် မသိတဲ့ တနေရာမှာ မျက်ရည်ကျမိနေဦးမှာပါ။

မောင်ဘုန်း said...

အလွမ်းတွေနဲ့  ခပ်ဝေးဝေးမှာ ပျော်ရွှင်နိုင်ကြပါစေလို့ 
ဆုတောင်းခဲ့ပါတယ် ....