Pages

Monday, February 13, 2012

ပြင်သစ်စစ်သမိုင်းပြတိုက် သို့ အလည်တစ်ခေါက်




ကျွန်မရဲ့ အိမ်မက်ထဲက မြို့တော် ပဲရစ်ကို ရောက်စဉ်က သွားခဲ့ဖူးတဲ့ စစ်သမိုင်း ပြတိုက် တစ်ခုပါ..
အခုအချိန်မှာ ပြတိုက်တစ်ခု အဖြစ်သတ်မှတ်ထားတဲ့ နေရာ က ဟိုးအရင်ကတော့ နန်းတော်တစ်ခု ဖြစ်ခဲ့ပုံ ရပါတယ်..
ဘေးပတ်ပတ်လည် မှာ ရေပတ်လည်ဝန်းရံထားပုံရတဲ့ ကျုံး ပုံသဏဏ္ဍန် မြို့ရိုးကိုလဲ တွေ့ရှိခဲ့ ရတယ်..
ထိုပြတိုက်ရဲ့ အလည်တည့်တည့်မှာတော့ ခမ်းနားလွန်းလှတဲ့ ဘုရားရှိခိုးကျောင်း တစ်ခုရှိပါတယ်..ဒီနေရာကိုတော့ အခုချိန်ထိ ဝတ်ပြုကိုးကွယ်တဲ့ နေရာ တစ်ခုအဖြစ် အသုံးပြုနေဆဲပါ..
ဘေးတစ်ဖက်တစ်ချက်မှာတော့ နပိုလီယံ ရဲ့ ပြတိုက် ရှိပြီး သူအသက်ရှင် စဉ်က ပုံများကို ရုပ်ထုအဖြစ် ပန်းချီပုံများ အဖြစ်ထား ရှိပါတယ်...ဒါ့အပြင် သူသေဆုံးခဲ့ပုံ အခမ်းအနားနဲ့ ခေါင်းတလားများကို လဲ လေ့လာ တွေ့ရှိနိုင်ပါတယ်..
နောက်တစ်ဖက်ခြမ်းမှာတော့ စစ်သမိုင်း ပြတိုက် စစ်အသုံးအဆောင်များ စစ်ဝတ်တန်ဆာများကို စိတ်ဝင်စားဖွယ်ရာ တွေ့ရှိရပါသေးတယ်..
ကျန်တဲ့အပိုင်းမှာတော့ ပြန်လည်ပြုပြင်ဆဲ အဆောက်အဦးများ ..လက်မှတ်အရောင်းခန်း နဲ့ စားသောက်ဆိုင် ရုံးခန်း များကို တွေ့ရှိရပါတယ်..
အရင်ဆုံးတော့ စစ်သမိုင်းပြတိုက် ရှိရာ နေရာကို သွားလေ့လာ ကြည့်ရအောင်ပါလား..
စိတ်ဝင်စားတယ် ဆိုရင်တော့ နောက်ပို့စ်များမှာ နပိုလီယံ ပြတိုက် ပုံများကို ဆက်လက် ဖော်ပြပေးသွားပါမယ်...




ပြတိုက်ပုံ အကျဉ်း နဲ့ လမ်းညွှန်

အပြင်ဘက် မှ မြင်ကွင်း ( လူပုံပါနေတာ sorryး) )
အပြင်ဘက် နောက်တစ်ခြမ်း


စာဝါးဝါးလေးမြင်ရမယ်ထင်တယ် ၁၆ ရာစုနှစ်မှ ပြင်သစ်စစ်ရေး စစ်ရာအကြောင်းဖြစ်ပုံရပါတယ်..( အချိန်မလောက်လို့ စာမဖတ်နိုင်ခဲ့ပါ)

ရှေးခေတ်ဘုရင်တစ်ဦးပုံ

ဓါးများ


ရှေးခေတ် ချပ်ဝတ်တန်ဆာ

စစ်သည်ဆောင်း သံခမောက်နဲ့ လေး

ရှေးရှေးက အသုံးပြုခဲ့သော လက်နက်များ

သံချပ် ခေါင်းစွပ်

လက်နက်များ

အနည်းငယ် ခေတ်မှီလာသော လက်နတ်ပုံစံများ

သုံးလုံးပြူး သေနတ်


ဘုရင် စိန့်လူးဝစ်စ် ( King of France Saint Louis)

သံချပ်ကာ အတွင်းဝတ် အင်္ကျီ

စစ်သည်တော် တစ်ဦး

တင့်ကား

အမြှေက်များ


ဒါလဲ သေနတ် ပါပဲ

ဘုရင်လူးဝစ်စ် ငယ်စဉ်မှစ အရွယ်ရောက်သည်အထိ ဝတ်ခဲ့သော ချပ်ဝတ်တန်ဆာများ

စစ်သည်ချပ်ဝတ်တန်ဆာများ

သံချပ် ခေါင်းစွပ်

သံချပ်ခေါင်းစွပ် နောက်တစ်မျိုး


နောက်ပို့စ်များမှာ ကျန်တဲ့ အစိတ်အပိုင်းများမှ ဘုရားကျောင်းနှင့် နပိုလီယံ ပြတိုက်အကြောင်း ဆက်လက်ဖော်ပြပေးသွား ပါမယ်...

ချစ်တဲ့
အိမ်မက်စေရာ
၁၃.၀၂.၁၂


10 comments:

Thameesan said...

ဘုရင်လူးဝစ်စ်က ငယ်ငယ်ကတည်းက
စစ်တိုက်လာတဲ့ပုံပဲနော်အိမ်မက်..
ဗဟုသုတလည်းရပါတယ်။
စားရိတ်မကုန်ပဲပြတိုက်ထဲရောက်သွားရလို့ကျေးဇူးပါနော်း)
မြန်မာပြည်ရဲ့စစ်သမိုင်းပြတိုက်တော့
တစ်ခါမှမရောက်ဖူးသေးဘူးကွယ်..။

ခင်မင်လျှက်

Angelhlaing(May everybody be happy and healthy! said...

ပြတိုက်လေးထဲ ယောင်လည်လည်နဲ့ လျှောက်ကြည့်သွားတယ် အိမ်မက်ရေ..:):)

Anonymous said...

Bienvenue ဆိုတာ welcome လို့ ပြောတာပါ .. ကြိုဆိုပါ၏ ပေါ့
ပြတိုက်နာမည်က Musee De L'Armee ပါ .. စစ်သမိုင်းပြတိုက်လို့ အဓိပ္ပာယ်ရပါတယ်

မဒမ်ကိုး said...

အရမ်းစိတ်ဝင်စားတယ် အိမ်မက်ကလေးရေ .
ဆက်တင်ပါနော .စောင့်နေမယ် ဖတ်ချင်လို့
အဲဒီခေတ်က ချပ်ဝတ်တန်ဆာတွေကိုအရမ်းစိတ်ဝင်စားတယ်

ချစ်တဲ့အမ
မဒိုးကန်

မောင်ဘုန်း said...

စောင့်ပြီး ဖတ်မယ် ဗျာ .... ကျေးဇူးပါ ....

ဘိုဖြူ said...

မရောက်ဖူးတဲ့အရပ်က မတွေ့ဖူးတဲ့ပုံတွေ
အတွက်ကျေးဇူးတင်နေမိပါတယ်ဗျာ

mstint said...

ဗဟုသုတတွေယူသွားတယ် အိမ်မက်စေရာရေ။ ကျေးဇူးနော်။
ပြတိုက်လေးထဲကိုယ်တိုင်ရောက်သွားသလိုပါပဲ။ မသိတာတွေများချည်းပါလား။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

မရောက်ဖူးပါဘူး ခုတော့ ရောက်ခဲ့သလိုပါပဲ

ဟန်ကြည် said...

ပြင်သစ်သမိုင်းကို စိတ်ဝင်တစားရှိလို့ လေ့လာဖြစ်ပေမယ့် ပြတိုက်တွေကို မရောက်ဖြစ်တာနဲ့ အတော်ပဲ ဖြစ်သွားတယ်...ကျေးဇူးတင်ကြောင်း တခုတ်တရ ပြောခဲ့ပါတယ်...

pherten said...

look at here now w6l85x1v15 replica ysl replica bags in delhi replica bags gucci our website u3y05h0n66 replica bags from china replica bags ebay gucci fake n8n66d3a16 9a replica bags