Pages

Sunday, February 5, 2012

ဆရာဝန် ဆိုတာ ဆရာဝန်ပါ ဆိုပေမယ့်



အမျိုးသမီးအထူးကုဆရာဝန် ဆီကို ရောက်ဖူးပါသလား?
ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ဖူးပါသလား?

အဲ့ဒီမေးခွန်းမျိုးမေးလာရင် ဘယ်လိုဖြေကြမလဲ....
မြန်မာနိုင်ငံက လာတဲ့ မိန်းကလေး တစ်ယောက်အနေနဲ့ ဆိုရင် ဖြေစရာက No ပဲ ရှိပါတယ်..
ဟုတ်တယ်လေ ဘာမှ မဖြစ်ပဲနဲ့ ဘာလို့ အမျိုးသမီးအထူးကု ဆီကို သွားရမလဲ ..ဘာအတွက်စစ်ဆေးမှု ပြုလုပ်ရမလဲ
ကလေးမွေးတဲ့ မိခင်တွေတောင် မဖြစ်မနေ အခြေအနေ မျိုးမှာ မှ သွားကြတာမဟုတ်လား..
တကယ်တော့ အိမ်မက်တို့ ကြီးပြင်းလာတဲ့ နေရာဒေသ ယဉ်ကျေးမှု နဲ့ အရှက်အကြောက်ကြီးတက်မှုတို့ ကြောင့် မိန်းကလေးတစ်ယောက်ဟာ အမျိုးသမီးရောဂါ တစ်ခုခု ဖြစ်လာပြီဆိုရင် တော်ရုံတန်ရုံ နဲ့ ဆေးခန်းမပြ စစ်ဆေးမှုတွေ မပြုလုပ်တက်ကြပါဘူး.. ဒါကြောင့် လဲ အခြေအနေ တော်တော်ဆိုးမှ သိရတာမျိုး ရောဂါလွန်ပြီး ကုသလို့ မပျောက်ကင်းနိုင်တော့ပဲ အသက်ဆုံးရှုံးရတာမျိုးတွေ ကြုံတွေ့ရတာပါ...


ဒါကြောင့် မိန်းကလေးတွေ အတွက် ကိုယ့်မှာ တစ်ခုခု ပုံမမှန်တဲ့ ခံစားချက် ဝေဒနာ မျိုးကြုံရင် ဆရာဝန်နဲ့ ပြသပြီး အမြန်ဆုံး စစ်ဆေးမှု ပြုလုပ်သင့်တယ်လို့ အိမ်မက် ထင်ပါတယ်..
ဒါဆိုရင် ပုံမှန်စစ်ဆေးမှုရော မကြာမကြာ ပြုလုပ်သင့် သလား? ဆိုရင် ဒါကတော့ လုပ်နိုင်ရင် အကောင်းဆုံးပေါ့နော်.. ကိုယ့်ကျန်းမာရေးအတွက် အလုံခြုံစိတ်အချရဆုံးပေါ့.....
ကဲ သွားပြီ ဆိုပါစို့...................
ဆရာဝန်ဆီသွားပြမလား ?
ဆရာဝန်မဆီ သွားပြမလား?
သိတယ် အဲ့လိုများမေးလို့ ကတော့ အားလုံးက ဆရာဝန်မဆီ သွားပြမယ် ပဲ ဖြေမှာပေါ့ ..
ဘာကြောင့်လဲ ဆိုတာ မေးစရာ မလိုပါဘူး မြန်မာနိုင်ငံ မှာ မွေးဖွားလာခဲ့တဲ့ မိန်းကလေးတွေအတွက် ဘယ့်နှယ် ဆရာဝန်ဆီ သွားပြဖို့ သတ္တိဆိုတာ ဘယ်က ဘယ်လို ရနိုင်မှာလဲ...မျက်နှာကပဲ ရှက်တက်တာ မျက်နှာအုပ်ထားလိုက်ဖို့ ဆိုတာက ဒီလိုကိစ္စမျိုးမှာဖြစ်နိုင်ပါ့မလား..
အဲ့ဒါပါပဲ အိမ်မက် ကြုံနေရတဲ့ ဒုက္ခက ....


ပြီးခဲ့တဲ့လက အိမ်မက်ရင်သားမှာ နာကျင်တဲ့ ဝေဒနာမျိုးခံစားခဲ့ ရတယ် .. ဆေးခန်းသွားပြမယ်ဆိုပြီး သွားတော့ ဆေးခန်းက ပိတ်နေတယ်..ဒါနဲ့ ပြန်လာပြီး weekend ကို အိမ်မှာနေလိုက်တာ နောက်နေ့တော့ သက်သာသွားတာနဲ့ မသွားဖြစ်တော့ဘူး...
မနေ့ကတော့ သူငယ်ချင်းက သတိတရနဲ့ မေးလာ တယ် ..နင်ဆေးခန်းသွားပြီးပြီလား တဲ့.. မသွားရသေးဘူုးဆိုတော့ ဘာလို့မသွားတာလဲ ငါပြတဲ့ ဆရာဝန်နဲ့ သွားပြ အရမ်းကောင်းတယ် စိတ်ရှည်တယ် ပြောလာတယ်..


သူက အရင်တစ်ခါကလဲ အိမ်မက်ကို အကြံပေးဖူးပါတယ် ..အိမ်မက်မသွားခဲ့တာက သူ့ဆရာဝန်က အမျိုးသမီးရောဂါအထူးကု ဆရာဝန် ဆိုပေမယ့် ဆရာဝန်မ မှ မဟုတ်ဘဲ....အဲ့ဒီကနေ စပြီး အလုပ်မှာ ရှိသမျှ အမျိုးသမီးထုက ပြောတာ ဆရာဝန်ဆီပဲ သွား ဆရာဝန်မ ဆီမသွားနဲ့တဲ့...ဘာကြောင့်လဲ ဆိုရင် ဆရာဝန်မတွေက ဘယ်တော့မှ စိတ်မရှည်ဘူး.. စစ်ဆေးမှုလုပ်ရင်လဲ ကြမ်းတယ်တဲ့ ..စကားပြောပြီး ဆွေးနွေးတာမျိုးလဲ မရှိဘူး ဆေးခန်းလာပြီဆိုရင် ကုတင်ပေါ်တက် ..ချွတ်.. ဒါပဲ တဲ့..

တကယ်တော့ အိမ်မက်လဲ ဆေးခန်းသွားပြီး ကျန်းမာရေး စစ်ဆေးမှုလုပ်ချင်တာကြပါပြီ..
ဒီကိုရောက်ကထဲက အိမ်မက် သွေးလဲ သုံးခေါက်လောက်စစ်ပြီးပြီ အဆုတ် အသဲ နဲ့ ဓါတ်မှန်ရိုက်တဲ့ စစ်ဆေးမှုတွေလဲ လုပ်ဖူးတယ်..အလုပ်ကတော့ တစ်နှစ်တစ်ခါ ဝမ်း စစ်တာမျိုးလုပ်တယ် ..ကောင်းတာတစ်ခုက တစ်ခုခုဖြစ်လာရင် ချက်ချင်းသိရတယ်လေ..ဓါတ်မှန်ရိုက်တုန်းက အိမ်မက် ပြဿနာ ဖြစ်ဖူးတယ် ..ဘာလဲ ဆိုတော့ အသဲ ..အိမ်မက်အသဲက ကြီးနေတာတဲ့ ဆေးပြန်စစ်ရမယ် ရောဂါရှာရမယ်ပေါ့.. အိမ်မက်ဆိုမျက်ရည်နဲ့ မျက်ခွက် ငါအသဲကြီးနေပါပြီဆိုပြီး တွေးတွေးပြီးငိုလိုက်ရတာလေ..နောက်ဆုံးတော့ ဘာရောဂါမှ ရှာမတွေ့လို့ နက်ဂတစ် ဆိုပြီး အဖြေထွက်လာတယ်.. သူတို့က မကျေနပ်ဖူး အိမ်မက်ကိုမေးတယ် ဆေးလိပ် အရက်သောက်လားတဲ့ ဖြစ်မှ ဖြစ်ရလေ ဒီရုပ်က ဒါတွေ လုပ်မယ့် ရုပ်လားမသိပါဘူး တစ်ခါမှ မသောက်ဖူးဘူး လို့ဖြေလိုက်တယ် ..ဒီတော့ သူတို့က အိုကေ ပေါ့ ဒါပေမယ့် တစ်နှစ်တစ်ခါ စစ်ဆေးမှု လုပ်ပါတဲ့..
ဒါနဲ့ ပြီးသွားရော..ပြီးမှ အမေ့ကို ပြောရဲတယ် ဒီလို ဒီလိုပဲ ပေါ့ အမေ့ကို ပြောပြတော့ ... အမေက ဘာပြောတယ်ထင်လဲ ?????

ငါ့ သမီးက မွေးရာပါ အသဲက ကြီးနေတာတဲ့..............

အမ် ဆိုပြီး မျက်လုံးပါ ပြူးသွားတယ် ဟုတ်တယ် အမေတစ်ခါမှ မပြောဖူးတာ..
သမီးမမွေးခင်ကထဲ က ဆေးစစ်တော့ သိရတယ်.. ပုံမှန်တာ တစ်ခါ ရှိနေတယ်ပေါ့ အမေတို့က တစ်ခုခု ချို့တဲ့ပြီးမွေးလာမှာ စိုးရိမ်နေတာ မွေးလာတော့ အားလုံးအကောင်း အသဲကြီးနေတာ လေး တစ်ခုပဲတဲ့..

ခုလဲ အဲ့လိုပေါ့ ဆေးစစ်ချင်တဲ့ ရောဂါက ဖြစ်ပြန်ရော.. ကိုယ့်ဘေးနားက လူတွေ ရောဂါတွေ တစ်ခုပြီး တစ်ခုဖြစ် တော့ ဘာပဲ ဖြစ်ဖြစ် စစ်ထားချင်တာပေါ့.. အမျိုးသမီးတစ်ယောက်က အသက်လေးဆယ်ကျော်ရင် တော့ မဖြစ်မနေ စစ်ဆေးမှုတွေ ပြုလုပ်ရတယ် .. ကြိုပြီး စစ်ထားတာတော့ ပိုကောင်းတာပေါ့နော်..အိမ်မက်သူငယ်ချင်းဆစ်ယော်ကဆို ၂၃ နှစ်ပဲ ရှိသေးတယ် ..ရာသီမမှန်လို့ ဆေးသောက်ပေးနေရတယ်... သူ့မှာ အိမ်ထောင်ရှိတယ် သနားစရာကောင်းတာက ကလေး မရနိုင်တော့ဘုးတဲ့.. အိမ်ထောင်သက် ၃ နှစ်ရှိပြီ.. ဒါပေမယ့် တစ်နှစ်ပဲ ခင်ပွန်းသည်နဲ့ အိပ်လို့ ရတယ်.. ၂ နှစ်ရှိပြီ သူတို့ အတူတူ မနေတာတဲ့..အခုသူက ဆေးခန်းထပ်ပြမှာ ဆရာဝန်မတွေနဲ့ ပြရတာ အဆင်မပြေလို့ ဆရာဝန်နဲ့ သွားပြမှာ အိမ်မက်အကြောင်းသိတော့ မရမက ခေါ်တော့တာ အတူတူသွားပြမယ် ဆိုပြီးလေ..

အိမ်မက်တို့ အလုပ်ခွင်က အရမ်းအေးတယ် အမျိုးသမီးတွေအတွက် ရေရှည်မှာ မကောင်းဘူး ..
ပြီးတော့ အိမ်မက်က အလေးတစ်ခုခု မ လိုက်ရင် ဘယ်ဘက် ဆီးစပ်က နာတက်တယ် .. ဘာဖြစ်တာလဲတော့ အိမ်မက်မသိဘူး... နောက်တခြားဖြစ်တာမျိုးလဲ ရှိတယ်.. အမျိုးသမီးရောဂါ လိုမျိုးလေ.. ဒါကြောင့် အိမ်မက် ဆေးစစ်ချင်တာ.. တစ်ခါမှလဲ မစစ်ဖူးတော့ သူတို့ပြောပြတာ နားထောင်ရင်းနဲ့ လူက ကြောက်တာ..
ဆေးစစ်ရင် ဘယ်လို စစ်လဲ ဆိုတာ မကြုံဖူးရင်တောင် ကြားဖူး နားဝနဲ့ သိကြမှာ ပါ.. အမတစ်ယောက် က တစ်ခါက ဆေးခန်းသွားတာ သူက ကလေးတစ်ယောက်အမေနော်.. အမလေး အော် ပြီး ပြန်လာရတယ်..
ငါ့မှာ ကလေး တစ်ယောက် မွေးထားတာတောင် မခံနိုင်ဘူးတဲ့....ကဲ
ဘယ်လို စစ်လိုက်လို့ လဲ တော့ မသိဘူး..း(
အိမ်မက်တော့ စိတ်ညစ်တယ်..

သူငယ်ချင်းကလဲ ခေါ်တယ် အတူတူ သွားမယ် နင် မဖြစ်မနေ သွားရမယ် ဒါကြောက်စရာ ရှက်စရာ မဟုန်ဘူး..တဲ့ နောက်ကျ မှာ ပို ဒုက္ခရောက်မှာ တဲ့ ဟိုက ဆရာဝန် ..ဆရာဝန်ကို ဆရာဝန်လို့ ပဲ သဘောထားတဲ့.
ပြီးတော့ ဒါပထမဆုံးအကြိမ် ဆေးစစ်တာ လို့ ပြောပြ.. ဒါဆို သူတို့ က စကားလေး ပြော ပေးပြီး သတိထားပြီး လုပ်တယ် တဲ့.. ခုသွားမယ့် ဆရာဝန်က အသက်လဲ ကြီးတယ် စိတ်လဲ ရှည်တယ် အရမ်းလဲ မလုပ်ဖူးတဲ့...
စေတနာတွေ စေတနာတွေ.......သူငယ်ချင်းရဲ့ စေတနာပါ...
အိမ်မက်သိပါတယ်.. ဒါပေမယ့် ဘယ်လို လုပ်ရမလဲ

ဆေးစစ်ချင်တယ်..
ဆရာဝန်မဆီ သွားဖို့ ကလဲ သူတို့ပြောတာနဲ့ တင် ကြောက်နေပြီ.. တစ်ယောက်ထဲ ပြောတာ မဟုတ်ပဲ ရောက်ဖူးတဲ့ သူတိုင်းက ပြောတာ.. မြန်မာ တွေတောင် ဆရာဝန်နဲ့ ပဲ ပြကြတယ်..
ဆရာဝန်ဆီကို သွားပြဖို့ကလဲ ..

မြန်မာနိုင်ငံက အဒေါ်တစ်ယောက်လို.. စစ်ဆေးရုံမှာပေါ့ ဗိုက်ကြီးလို့ မွေးခန်းထဲ ရောက်ခါမှ မွေးပေးမှာက ဆရာဝန်ဆိုတော့ ငိုကြီးချက်မှနဲ့ ငါမမွေးဘူး ငါမမွေးဘူး ဆို ပေါင်နှစ်ချောင်း စိထားလို့ .. မနဲချော့မော့ ပြီး နပ်စ်ကပဲ မွေးပေးလိုက်ရတယ်...း)

အိမ်မက်လဲ တော်ကြာ သွားပြီး ကာမှ..ကုတင်ပေါ်တက်လဲ ဆိုရော အိမ်မက်တို့ ငုတ်တုတ်ကြီး ထိုင်ငို နေမှ ဖြင့် အရှက်တွေ ကွဲရချည်ရဲ့ လို့ တွေးပြီး...

ဘာလုပ်ရမှန်းကို မသိတော့ပါဘူး....ကွယ်








အိမ်မက်စေရာ
၀၄.၀၁.၁၂


5 comments:

Mrs. Bagel said...

အစ်မ ရယ်၊ မရှက်ပါနဲ့၊ စမ်းပြီးရင် ပြီးသွားမှာပါ။ ကိုယ်ဆိုလည်း ရှက်မှာပဲ။ ဒါပေမယ့် မြန်မြန်သိတော့၊ အချိန်မီ လုပ်စရာရှိတာလုပ်လို့ရတယ်။ ဘာမှမဟုတ်ရင်လည်း စိတ်အေးရေတာပေါ့။

Anonymous said...

ညီမ , ဆရာမတွေကြမ်းတာတော့အမှန် ။အမျိုးသားဆရာဝန်တွေ နူးညံ့တယ်လို.လည်း ပြဖူးတဲ.သူငယ်ချင်းတိုင်းကပြောကြတယ် ။
နည်းနည်းနာတာကို မျက်နှာပူ စိတ်ထဲ ကသိကအောက်အတော်လေးဖြစ်ရတာနဲ. လဲနိုင်တယ်ဆိုရင်တော့ ကျွမ်းကျင်တဲ.အမျိုးသမီး OG ဆီပဲပြပေါ့လေ။
အဆင်ပြေကံကောင်းပါစေ..,
MM

မဒမ်ကိုး said...

အိပ်မက်လေးရေ
အမကတော့ပြသင့်တယ်လို့ဘဲထင်မိတယ်
အမဆိုလဲခနခနဆရာဝန်ပြနေရတာ
သည်းခြေမရှိတော့တာရော သားအိမ်မှာအလုံးဖြစ်နေတာရောနဲ့
ခုဆိုလဲ နောက်လဆိုပြန်ပြီးဒေါက်တာခင်မောင်လွင်နဲ့ပြဖို့လုပ်ထားရတယ်
သားသမီးလိုချင်တယ်လေ .
ဘယ်လိုဘဲဖြစ်ဖြစ်တော့ ပြသင့်တယ်လို့အမတော့ထင်တယ်
မကြောက်ပါနဲ့ ပြီးသွားမှာပါ

ချစ်တဲ့

အမ မဒိုးကန်

စံပယ်ချို said...

အမျိုးသမီးအထူးကုဆရာဝန် ဆီကို ရောက်ဖူးပါသလား?
ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ဖူးပါသလား?-----
အမှန်ကိုဖြေရရင် ၆ လတစ်ကြိမ်ရောက်ဖြစ်ပါတယ် သေမှာထက်ဝေဒနာခံစားရမှာကိုကြောက်တာပါ
ဒါကြောင့် ဆေးပုံမှန်စစ်တာပါ...ဆေးစစ်တာတို့ဆရာဝန်ပြတာတို့လုံးဝမကြောက်ပါနဲ့
အနာသိမှဆေးရှိတာလေ
ချစ်တဲ့ jasmine

မယ့်ကိုး said...

ဒီမှာတော့ အမျိုးသမီးဆရာဝန်တွေရှာပြီး ရက်ချိန်းယူရင်တော့ ရတယ်။ ညီမလေး နေကောင်းကျန်းမာ အဆင်ပြေပါစေလို့ မေတ္တာပို့နေပါတယ်။