Pages

Monday, February 6, 2012

ဘဝရဲ့ အမှတ်တရနေ့စွဲများ (တက်ဂ်ပို့စ်)



လူတိုင်းရဲ့ဘဝမှာ အမှတ်တရတွေ အများကြီး ရှိကြမှာပါ..
ငယ်ငယ်က အမှတ်တရ .. အရွယ်ရောက်လာတဲ့ အမှတ်တရ
ဝမ်းနည်းဖွယ် အမှတ်တရ.. ဝမ်းသာဖွယ် အမှတ်တရ..........................ပေါ့

သမီးစံ တက်ဂ်လာတော့ ရေးမယ်ဆိုပြီး စဉ်းစားလိုက်တဲ့ အခါ..အိမ်မက်မှာ နေ့စွဲတော်တော်များများ ပျောက်ဆုံးနေပါတယ်.. တိုက်ဆိုင်မှု တစ်ခုကြောင့် ဒါမှမဟုတ် အလိုလို မှတ်မိစေတဲ့ အကြောင်းအရာ တစ်ခုကြောင့် မဟုတ်ရင် နေ့စွဲ တွေကို တမင်တကာ မှတ်ထားလေ့ မရှိတဲ့ ဥာဏ်ကြောင့်ပါ..နေ့စွဲတွေ အတိအကျမပါဝင်ပေမယ့်လဲ အမှတ်တရဆိုတဲ့ အတိုင်း ရင်ထဲမှာတော့ အမှတ်တရ ရှိနေတာ အမှန်ပါ...
ဘဝရဲ့ အမှတ်တရ နေ့စွဲတစ်ချို့ကို နောက်ပြန်ကြည့်မယ်ဆိုရင် ..................

ပထမဆုံး အိမ်မက်ရဲ့ ဖွားဖွား( အဖေ ရဲ့ အမေ) လောကကြီးထဲက ထွက်သွားတဲ့နေ့..ဘယ်နေ့လဲ မေးရင် ဆောင်းတွင်းမနက်ခင်းဆိုတာပဲ အိမ်မက်မှတ်မိတယ်လို့ ပြောရမယ်..လက်ချိုးရေတွက်ပြီး သူခွဲခွာသွားတာ ဘယ်လောက်ကြာပြီလို့ အိမ်မက် မှတ်မထားချင်လို့လေ...ဟုတ်တယ် အဲ့ဒီမနက်မှာ အမဝမ်းကွဲ ရဲ့ အော်သံကို ကြားလိုက်ရတာ အဖွားကို ခေါ်လို့မရတော့ဘူးတဲ့..သူရုတ်တရက် ဆုံးသွားတယ် ဖွားဖွား ဆုံးတော့ အိမ်မက်ရဲ့ အဖေ က ရှိမနေဘူး.ပင်လယ်ထဲ ရောက်နေတယ်.. သူပြန်လာချိန်မှာ သူ့အမေဆုံးတဲ့ အကြောင်းကို ပြောပြ ရတာလောက်ရင်နာစရာ မရှိခဲ့ဘူး.. အဖေ အရမ်းငိုခဲ့တယ်.

ဒုတိယနေ့က အဖေ့ရဲ့ အမေကွယ်လွန်ပြီး နောက်တစ်နှစ် ဆောင်းမနက်ခင်းတစ်ခုမှာပဲ.. အိမ်မက်ရဲ့ ဖွားဖွားနောက်တစ်ရောက်ဖြစ်တဲ့ အမေ့ရဲ့ အမေဆုံးတယ်..ဝမ်းနည်းစရာနောက်တစ်ခုက မေမေ က အနားမှာ ရှိမနေခဲ့ဘူး.. နိုင်ငံခြား ရောက်နေခဲ့တာ.. ဖုန်းထဲက အမေ့ရဲ့ ငိုသံကို အိမ်မက် ခုထက်ထိ မမေ့နိုင်သေးဘူး..

ဒါကြောင့် မနက်ခင်းတိုင်းမှာ အိပ်ယာက ထတဲ့အချိန်ကို အရမ်းကြောက်နေခဲ့ ဖူးတယ်.....

ဒါပေမယ့် ဒီလိုဆောင်းမနက်ခင်းတစ်ခုမှာပဲ အိမ်မက် ချစ်တဲ့ အမိမြေရယ် ဖေဖေရယ် ချစ်တဲ့သူတစ်ချို့ရယ်ကို ထားခဲ့ပြီး နိုင်ငံခြားကို ထွက်ခဲ့ရတယ်..မှတ်မှတ်ရရ တိုင်ဆိုင်မှုတစ်ခုကြောင့် အဲ့ဒီနေ့စွဲကို မှတ်မိနေတယ်..အိမ်မက်ရဲ့မွေးနေ့ မရောက်ခင် တစ်လတိတိ အလို ဇန်နဝါရီလ ၂၃ ရက်နေ့မှာပေါ့...အိမ်မက်စီးတဲ့ ဖိနပ်ကို ဖေဖေရယ် လူတစ်ဦးရယ်က ကြိုးချည်ပေးခဲ့တယ်..အမက အရမ်းငိုနေတယ်..အဲ့ဒီနေ့ကို အိမ်မက်မုန်းတယ်...

အိမ်မက်ထွက်လာပြီး သိပ်မကြာတဲ့ နှစ်တစ်ခုမှာ အိမ်မက်ဖိနပ်ကို ဖေဖေနဲ့ အတူကြိုးချည်ပေးဖူးခဲ့တဲ့ လူတစ်ယောက်လောက ထဲက နေ ထွက်သွားပြန်တယ် .သူက အိမ်မက်ရဲ့ အလင်းတစ်စက် ဖြစ်ခဲ့ဖူးတယ်..သူ ၃၁ နှစ်ပဲ ရှိသေးတယ်..သနားစရာကောင်းတာက သူ့ရဲ့ဖခင်ဆုံးပြီး တစ်လလောက်မှာ သူဆုံးသွားခဲ့တာ သူ့မေမေဆို မပဒါ မြေလူးပါပဲ..

စာဖတ်တဲ့သူတွေ စိတ်မကောင်းဖြစ်နေပြီလား ဝမ်းနည်းစရာတွေ ချည်းပဲမို့လို့ လေ...း(

နောက်ထပ်ဝမ်းနည်းစရာ တစ်ခုက မေမေနဲ့ အိမ်မက်လမ်းခွဲ တဲ့ နေ့...မေမေရယ် အိမ်မက်ရယ် ဘယ်လိုမှ ညှိလို့ မရနိုင်တဲ့ အကြောင်းရင်း တစ်ခုကြောင့် အိမ်ခွဲနေလိုက်တဲ့နေ့...အိမ်မက်ဝမ်းနည်းတယ် နောင်တရတယ်.. ဒါပေမယ့် ကောင်းသွားတာ တစ်ခုက အခုချိန်မှာ မေမေ အိမ်မက်ကို နားလည်ပေးနိုင်ခဲ့ပြီ ..အိမ်မက် သမီးမိုက်မဟုတ်ဘူးဆိုတာ သူလက်ခံပြီ..



နောက်တစ်ခုက အိမ်မက်ထဲက မြို့တော် ပြင်သစ်ကို သွားရတဲ့နေ..Eiffel Tower ကြီးကို မျက်စိရှေ့မှာ မြင်လိုက်ရတဲ့နေ့ အရမ်းကို ရင်ခုန်နေခဲ့တာ.. ကွဲကွာ နေတဲ့ ချစ်သူ ပြန်တွေ့ရ သလိုမျိုးပဲ ...း)


နောက်ဆုံးတစ်ခုက................

မိုးမိုးနဲ့ ပါးပါးက ပြောတာ နေတက် ရေတက် မွေးတဲ့ စနေသမီးမို့ စိတ်ကြီးလွန်းတယ်တဲ့...
အဲ့ဒီနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့....ဟား ဟား ဟား
ဒီလ အိမ်မက်မွေးနေ့ ရှိတယ်ဟေ့ လက်ဆောင်ပေးဖို့ ပြင်ထားကြနော်.. ဘိုင်နိမ်းတက်ပြောမှ သိမယ်ဆိုရင် တော့ မချစ်ဘဲ နေလိုက်တော့မှာ.. ဟဲ ဟဲ အားလုံးပဲ နော်..
မွေးနေ့ ပြီးလို့ လက်ဆောင်မပေးရသေးဘဲ ကျန်တဲ့လူရှိရင် ... ဟွန်း ဟွန်း သိတယ်နော် စနေသမီး စိတ်ကြီးတယ်...ဒါဗြဲ


အားလုံးကို ချစ်တဲ့
အိမ်မက်စေရာ

6 comments:

ချယ်ရီမြေ said...

အိမ်မက်ရဲ့ဘ၀နေ့စွဲလေးတွေအကြောင်းဖတ်ပြီး ဂရုဏာသက်မိတယ်..။ ဒါပေမယ့် နောက်ဆုံးမှာ ပျော်စရာအိမ်မက်လေးတွေနဲ့ ကြုံရတယ်ဆိုတာ့ ၀မ်းသာမိကြောင်းပါ အိမ်မက်ရေ...။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရိမြေ

Anonymous said...

နောက်ကအမွေှးတိုင်ကြီးကအကြီးကြီးဘဲနော်...

Mrs. Bagel said...

ညီမလည်း ဒီလပဲ။ ၁၈ရက်၊ အရင်နော်.. ပေးဖို့ပြင်ထား အစ်မ။ ဟွင်းဟွင်း

သမီးစံ said...

ဖလား..ဖလား..မွေးနေ့ရှင်တွေက
နှစ်ယောက်တောင်ပါ့လားး))
ဘာကျွေးမလဲအရင်သတင်းမပေးဘူး
ဘာပေးမလဲတဲ့ :P

အိပ်မက်က.ဖြန်းခနဲ့ရိုက်လိုက်တယ်ဆိုတော့
လက်သံပြောင်လွန်းလို့..ပါးတောင်.အေးသွားပါတယ်း)
19-11-11ကို.ကောင်းကောင်းမှတ်မိတာပေါ့
မယုံရင်မပြောပဲနေကြည့်ပါလား ဟဲဟဲး)

မွေးနေ့ရောက်ရင်..ဘာကျွေးမှာလဲသတင်းပြန်ပို့နော်
ဒီကလည်းအင်္ဂါသမီး..စိတ်ဆတ်တယ် ဟွင်း..ဟွင်း :D

စံပယ်ချို said...

အိမ်မက်လေးရေ
ရောက်တယ် စာဖတ်တယ်
ပြန်ပါပြီနော်
ချစ်တဲ့ jasmine
ဘုရားသခင်ကောင်းချီးပေးပါစေ

bridal velvet bed sheets said...

အိမ်မက်ထွက်လာပြီး သိပ်မကြာတဲ့ နှစ်တစ်ခုမှာ အိမ်မက်ဖိနပ်ကို ဖေဖေနဲ့ အတူကြိုးချည်ပေးဖူးခဲ့တဲ့ လူတစ်ယောက်လောက ထဲက နေ ထွက်သွားပြန်တယ် .သူက အိမ်မက်ရဲ့ အလင်းတစ်စက် ဖြစ်ခဲ့ဖူးတယ်..သူ ၃၁ နှစ်ပဲ ရှိသေးတယ်..သနားစရာကောင်းတာက သူ့ရဲ့ဖခင်ဆုံးပြီး တစ်လလောက်မှာ သူဆုံးသွားခဲ့တာ သူ့မေမေဆို မပဒါ မြေလူးပါပဲ..
king size comforter sets near me ,
summer down duvet ,