Pages

Tuesday, February 7, 2012

ခြောက်ခြားဖွယ် ထိုနေရာ....

အဲ့ဒီ နေရာဟာ စိတ်ဝင်စားဖွယ်ကောင်းသလောက် ခြောက်ခြားစရာလဲ ကောင်းတယ်..
သူ့ရဲ့ပတ်ပတ်လည်မှာ ရေတွေ ဝန်းရံနေတယ်..
အပြင်ဘက်က ကြည့်မယ်ဆိုရင် သဘောင်္စီးရင်း ကြည့်လို့ မြင်နိုင်တယ်..
ပတ်ဝန်းကျင် တစ်ခုလုံး ခြောက်ခြားပြီး တိတ်ဆိတ်နေတယ်.. ငှက်သံ တစ်ချို့က လွဲ လိုပေါ့..



ထိုနေရာကို အတွင်းဘက်က ဝင်ကြည့်ချင်ရင်တော့ ရထားစီးပြီး ဝင်လို့ ရတယ်..
ရထားစီးပြီး ဝင်ကြည့်မယ်လို့ စိတ်ပိုင်းဖြတ်ကာ ဖြေးဖြေးချင်း လျှောက်လာခဲ့တယ်...
ဘေးနား တစ်လျှောက်မှာတော့ ခိုင်ခံ့နေရဲ့လား မသေချာတဲ့ လက်တန်း တွေကို သတိထား ကိုင်နေရတယ်..
လမ်းလျှေက်တိုင်း တကျွီကျွီမြည်နေတဲ့ အသံက လူကို စိတ်ဒုက္ခပေးနေသလို....



ရထားပေါ်တက်မိပြန်တော့ စိတ်မသက်သာစရာ ထိုင်ခုံတွေက ကြိုဆိုနေတယ်..
အတွင်းထဲကို တဖြည်းဖြည်းမောင်းဝင်လာတဲ့ ရထားပေါ်ကနေ ဘာဆို ဘာမှ မမြင်နိုင်လောက်အောင် မှောင်မိုက်နေတယ်..သေချာသတိထား ကြည့်မိတော့ ဒါဟာ ဟိုးယခင်က ကျောက်မီးသွေး တွင်းဟောင်းတစ်ခုလိုလို မြေအောက်ရထား ဖောက်လမ်းဟောင်း တစ်ခုလိုလို နဲ့..



ရထားဟာ သူ့ရဲ့ သံလမ်းပေါ်မှာ အတိအကျ ရှိနေရဲ့လား ဆိုတာ မသေချာသလို ဆွေးမြေ့နေတဲ့ သံလမ်းအောက်က သစ်သားတွေကလဲ တကျွီကျွီ တအိအိ မြည်သံပေးနေတယ်...ပတ်ဝန်းကျင် မြင်ကွင်းကလဲ မလှမပ နဲ့ နှုတ်ဆက်နေတယ်...



ဘုရား ဘုရား လာမိတာ မှားပြီ.. မတော်လို့ ဒီရထား ပျက်ကျရင် ကျသွားမှာက တောင်အဆင့်ဆင့်ပေါ်က ဒလှိမ့်ခေါက်ကွေး ပြီး ဟိုးအောက်မှာ တော့ ကြောက်စရာ တော နဲ့ ရေ နက်နက် တစ်နေရာ..

ရေဘဲ တစ်ချို့တော့ အကြောက်အလန့်မဲ့ အစာစားနေကျလေရဲ့... သူတို့ ရဲ့ ဒေသမို့ ထင်တယ်..



(((( ဒုန်း )))))
(((အားးးးးးးးးးးးးးးးးး))))

ဘာမှန်း ညာမှန်းမသိလိုက်ဘူး.... ဟိုး အောက်ဆုံးကို အရှိန်နဲ့ ကျလာခဲ့တယ် ..
ဘာဖြစ်တာလဲ
ဘာဖြစ်တာလဲ.......အော်ဟစ်လိုက်တဲ့ လူတွေ ရဲ့ အသံကို နားမချိအောင် ကြားလိုက်ရတယ်..
သတိထားမိတာတစ်ခုက ခုနက စီးလာတဲ့ ရထားဟာ ရေအောက်လမ်းက ဖြတ်သန်းပြီး တောင်ထိပ်ထိ တက်လာခဲ့ပြီးကာမှ တရှိန်ထိုး ပြန်ဆင်းလာနေတာ.....
တွေးနေတုန်း အရှိန်လျော့သွားကာ အသာအယာ ထိုးရပ်သွားတယ်..

လူတွေ လဲ ဟင်း ဆိုပြီး ခုမှ သက်ပြင်း ချနိုင်ကြတယ်...

ရထားပေါ်က ဆင်းလာတဲ့ ခြေလှမ်းက ပုံမမှန် နိုင်ဘူး ဖြစ်နေတယ်...
အဲ့ဒီ အချိန်မှာ (( ဘူ... ဘော်)) ဆိုတဲ့ သင်္ဘောတစ်စင်း ရဲ့ ဥသြဆွဲ သံ သဲ့သဲ့ ကြားလိုက်မိတယ်...

ဘယ်မှာလဲ
ဘယ်မှာလဲ...
ခက်သွက်သွက်လေး လျှေက်ရင်း ရှာမိတယ်...ပြီးတော့
တစ်ခါမှ မစီးဘူး တဲ့ သဘောင်္ကြီးပေါ်ကို ခပ်တည်တည်နဲ့ တက်လာခဲ့တယ်...



မကျေနပ်ဘူး... ဒီနေရာကို နောက်တစ်ခေါက် ထပ်ပတ်ကြည့်ဦးမယ်.....


အိမ်မက်စေရာ
၀၇.၀၂.၁၁
( ပြင်သစ်နိုင်ငံ Disneyland park ရှိ စိတ်ဝင်စားဖွယ်များစွာထဲမှ တစ်နေရာနှင့် ကိုယ်တိုင်ရိုက် ပုံများ )


2 comments:

Thameesan said...

ဒုန်းးးး...အားးးးး ဆိုတော့
ရိုလာကိုစတာများလားး)
ဒို့များ ရွှေပြည်ကြီးက သရဲအိမ်လောက်
ကြောက်ဖို့ကောင်းပါဘူးတော်း))
နှစ်လုံးရောဂါမဖြစ်ခင်လေး
တစ်ခေါက်လောက်ဖြစ်ဖြစ်
ရောက်ဖူးချင်သားကွယ်း)


ချစ်ခင်လျှက်

စံပယ်ချို said...

ရေးတတ်လိုက်တာ ဖတ်နေရင်းတောင်နဲနဲကြောက်လာတယ်
Disneyland park ကိုကိုယ်တိုင်ရောက်သွားသလိုပဲ