Pages

Saturday, February 11, 2012

သင့်ရဲ့ ညည်းတွားမှု



တစ်ခါက တိုင်းပြည်တစ်ပြည်မှာ အလွန်ကို ချမ်းသာတဲ့ သူဌေးတစ်ယောက်ရှိတယ်.. သူ့ရဲ့ အိမ်မှာ တော့ သူ့ကို အလုပ်အကျွေးပြုနေတဲ့ လင်မယားနှစ်ယောက်ရှိတယ်..
အဲ့ဒီ လင်မယားနှစ်ယောက်ဟာ နေ့စဉ်ဆိုသလို သူဌေးကြီးအတွက် စားစရာနဲ့ ဝေယျဝစ္စတွေကို ပြုလုပ်ပေးရတယ်..
နေ့စဉ်နဲ့ အမျှဆိုတော့ သူတို့ ဟာ ညည်းငွေ့ ပင်ပန်းလာကြတယ်.ဒါကြောင့်မို့ မိန်းက ဖြစ်သူက အမြဲ ညည်းငြူတက်တယ်..

ဟွန်း ငါတို့ ဒီနေ့ ဒီလို မျိုးပင်ပန်းဆင်းရဲ ခံနေရတာ အာဒံ နဲ့ ဧဝ ကြောင့်ပေါ့ .သူတို့ နှစ်ယောက် က ဘုရားစကား ကို နားမထောင်လို့ ငါတို့ ဒီလို ဒုက္ခမျိုး ကြုံရတာ... သူတို့ အပြစ်တွေကို ငါတို့ ပါ ရောပြီး ခံနေရတာ

ဆိုပြီး အမြဲပဲ ကမ္ဘာဦးက အာဒံ နဲ့ ဧဝ ကို အပြစ်ပုံချပြီး ငြိုငြင်တယ်..

သူတို့ အပြစ် အတွက်ကြောင့် ငါတို့ ခံရတာ.. သူတို့က မကောင်းဘူး .. မုန်းစရာ ကောင်းတယ်..

လို့လဲ အမြဲ ပြောတက်တယ်..

ဒီလိုနဲ့ တစ်ရက်တော့ သူဌေးကြီး က တစ်နေရာကို ခရီးထွက်ဖို့ ကိစ္စ ပေါ်လာတယ်.. ခရီးကလဲ ခဏလေး မဟုတ်ဘဲ တစ်လ နှစ်လ လောက် ကြာမယ့် ခရီးဖြစ်တယ်.. ဒီတော့ သူဌေးကြီး က သူ့ရဲ့ အလုပ်သမား နှစ်ယောက်ကို ခေါ်ပြီး မှာစရာ ရှိတာ တွေ မှာခဲ့တယ်..သူဌေးကြီး မှာ ခဲ့တာကတော့..

ကဲ မင်းတို့ လင်မယား နှစ်ယောက်ကို ငါ ပြောစရာ ရှိတယ်.. ငါ့မှာ ကိစ္စတစ်ခုနဲ့ အဝေးကို ခရီးထွက်ရမယ်..တစ်လ နှစ်လေ လောက်ကြာမှာ ဖြစ်တဲ့ အတွက် မင်းတို့ ငါ့အိမ်ကို ကောင်းကောင်း စောင့်ရှောက်ပေးကြပါ... အိမ်မှာ ရှိတဲ့ ငွေတွေကို မင်းတို့ လိုသလောက်သုံး နိုင်တယ်..စားစရာ တွေလဲ ကြိုက်သလို စားနိုင်တယ်.. တစ်အိမ်လုံးကို လဲ မင်းတို့ အိမ်လို သဘောထားပြီး ကြိုက်သလို နေနိုင်တယ်..အဲ တစ်ခုပဲ ငါ့ရဲ့ စားပွဲပေါ်မှာ ရှိတဲ့ အုပ်ဆောင်းတစ်ခုကို တော့ ဖွင့်မကြည့် ကြပါနဲ့ ........

ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် နေလာလိုက်တာ တစ်လကို ကျော်လို့ နှစ်လ နီးပါးရောက်လာတယ်..သူတို့ လင်မယားဟာ သုံးချင်တိုင်း သုံး စားချင်တိုင်း စားရတာကို မကျေနပ်နိုင်သေးပဲနဲ့ မိန်းမဖြစ်သူက သူဌေးကြီးရဲ့ စားပွဲပေါ်က အုပ်ဆောင်းကို ဖွင့်ကြည့်ချင်လာတယ်..

ယောက်ျားရေ ကျွန်မတို့ ဒီအုပ်ဆောင်းကို ဖွင့်ကြည့်ရအောင် လို့ ပြောလာတယ်.

ယောက်ျားလုပ်သူက အာ မဖြစ်ဘူး သူဌေးကြီးက မဖွင့်နဲ့ လို့ မှာခဲ့တယ်လေ..

အိုအေ ဘာဖြစ်တာ မှတ်လို့ ကြည့်ရုံပဲ ဟာ ..ပြီးတော့ ပြန်အုပ်ထားလိုက် မှာပေါ့..

မဖြစ်ပါဘူးကွာ..

ကြည့်စမ်း ရှင် ကျွန်မကို မချစ်လို့ ဒီလိုပြောတာပေါ့.. ဒါလေး ဖွင့်ကြည့်တာကို ဒီထဲ မှာ စားကောင်းသောက်ဖွယ်တွေ ရှိချင်ရှိနေမှာ.. ဒါမှမဟုတ် အဖိုးတန် ရတနာတွေ ရှိရင်လဲ ရှိမှာ... ရှိရင် ကျွန်မတို့ အတွက်ပဲ မဟုတ်လား.. မဟုတ်တော့ လဲ ဘာအရေးလဲ ကြည့်ပြီး ပြန်အုပ်ထားလိုက်မှာ ပေါ့...

ဆိုပြီး နေ့စဉ် နဲ့ အမျှ ပြောဆိုလာတယ်..

ဒါကို မခံနိုင်တဲ့ ယောက်ျားက နောက်ဆုံးမ မိန်းမ အပြောကို လက်ခံပြီး အုပ်ဆောင်းကို ဖွင့်ကြည့်ဖို့ သဘောတူလိုက်တယ်...သူဌေးကြီး ပြန်မရောက်ခင် တစ်ရက် အလိုမှာပဲ သူတို့ ဟာ ဒီအုပ်ဆောင်းကို ဖွင့်ကြည့် ဖို့ စီစဉ်လိုက်တယ်....

ကဲ ယောက်ျား မြန်မြန်ဖွင့် ပါ ကျွန်မသိချင်လှပြီ..
အေးပါဟ..

လို့ ဆိုပြီး ယောကျာ်းက ဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့.................
...................................
.........................
.................
.............
..........

အုပ်ဆောင်းထဲမှာ ရှိနေတဲ့ ငှက်ကလေး ဟာ ဟိုး အဝေးကို ပြန်ထွက်သွား ပါလေရော....

အမလေး ဒုက္ခပဲ ဘယ်လို လုပ်မလဲ... ဘယ်လို လုပ်ကြမလဲ... ငှက်ပြန်သွားပြီ..

အေး အဲ့ဒါ မင်းကြောင့်....

အို ရှင်လဲ ပါတာပဲ ကျွန်မတစ်ယောက်ထဲ ကြောင့်မဟုတ်ဘူး..

မင်း ဖွင့်ခိုင်းလို့ ငါက ဖွင့်ရတာ...

ရှင်လဲ ကြည့်ချင်တာပဲ မဟုတ်ဘူးလား...............

ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အပြစ်တင်ကြတယ်..နောက်ဆုံးမှာ တော့ သူဌေးကြီးဆီမှာ အပြစ်ဝင်ခံဖို့ ဆုံးဖြတ်ခဲ့ကြတယ်..

မိန်းမ ငါတို့ မှာ ထွက်ပြေးစရာ နေရာလဲ မရှိ ငွေလဲမရှိနဲ့..ဒီတော့ ငါတို့ အပြစ်ကို ဝင်ခံပြီး သူဌေးကြီး ဒဏ်ပေးတာခံရုံပဲ ရှိတော့တယ်...

သူဌေးကြီး ပြန်ရောက်လာတဲ့ အခါမှာ မျက်စိပျက် မျက်နှာပျက် ဖြစ်နေတဲ့ လင်မယား နှစ်ယောက်ကို ကြည့်ပြီး သူတို့ အပြစ်ကျူးလွန်ထားပြီဆို တာကို သိလိုက်တယ်..

မင်းတို့ နှစ်ယောက် ငါက မဖွင့်ပါနဲ့ လို့ မှာထားတဲ့အုပ်ဆောင်းကို ဖွင့်ကြည့်လိုက်ကြပြီ မဟုတ်လား..

ဟုတ်ပါတယ် ကျွန်တော်တို့ ဖွင့်ကြည့်မိပါတယ်.. သူဌေးကြီး ကြိုက်တဲ့ အပြစ်ပေးပါ..

မင်းတို့ ကို ငါက ဒီလောက် လွတ်လွတ်လပ်လပ် သုံးစွဲခွင့် နေခွင့် ပေးထားရက်သား နဲ့ ဘာလို့ ဒါကို ဖွင့်ကြည့်ကြသေးသလဲ...

ဒီမိန်းမကြောင့်ပါ ...လို့ ယောက်ျားကပြောတယ်..

မဟုတ်ပါဘူး သူလဲ ကြည့်ချင်တာ သူပါ ပါလို့ ပါ လို့... မိန်းမပြန်ငြင်းပြန်ရော..

ကဲ မင်းတို့ တစ်ယောက်ကို တစ်ယောက် အပြစ်တင်တာ တွေကို ရပ်တော့ ...ငါမင်းတို့ ကို အပြစ်တစ်ခုပေးမယ်..
အဲ့ဒါကတော့ မင်းတို့ ဒီနေ့က စပြီး သူတစ်ပါးကို အပြစ်မတင် ညည်းငြူမှုတွေ လုံးဝ မလုပ်ရဘူး.. တကယ်တော့ လူဆိုတာ ကိုယ့်ရဲ့ အတ္တကို မလွန်ဆန်နိုင်သူတွေ .. လိုချင်ရမက် ကြီးသူတွေ ဖြစ်တယ်.. ခုမင်းတို့ လုပ်ရပ်ကို ပဲ ကြည့် မင်းတို့ လိုချင်စိတ် ရမက် ကြီး လို့ ဖြစ်လာခဲ့တဲ့ အပြစ် .. ဒီတော့ ဒါဟာ ကိုယ် ကိုယ်တိုင်ရဲ့ အပြစ်ပဲ ဖြစ်တယ်..ကိုယ်ဆင်းရဲတာ ကိုယ်ပင်ပန်းဆင်းရဲ ဖြစ်တာ သူတစ်ပါးကြောင့်မဟုတ်ဘဲ ကိုယ်တိုင် မကြိုးစားလို့ ဖြစ်တယ်ဆိုတာ မြင်တက်ပြီး ဒီဘဝက လွတ်မြောက်အောင် ကိုယ်တိုင် ကြိုးစား ရမယ်

လို့ ဆုံးမတယ်..

အဲ့ဒီအချိန်က စပြီးတော့ လင်မယားနှစ်ယောက်ဟာ သူတစ်ပါး ကို အပြစ်တင်ညည်းတွားတာတွေကို ရပ်ပြီး ကိုယ်တိုင် အလုပ်ကို ကြိုးကြိုးစားစား လုပ်ကာ ဘဝကို ဖြတ်သန်းသွားကြတယ်.....


@@@@@@@@@@@@@@@@@@@@@@ @@@@@@@@@@@@@@@@

တကယ်တော့ လူဆိုတာ ကိုယ်စိုက်တဲ့ အပင်ရဲ့ အသီးကို ကိုယ်တိုင်စားရတယ်..
ကိုယ်ပျိုးတဲ့ မျိုးစေ့ရဲ့ ရလဒ်ကို ကိုယ်သာ ခံစား ရမှာ ဖြစ်တယ်...
ဒါကြောင့် ဘဝမှာ ပြဿနာ တွေ ကြုံလာတဲ့ အခါ ညည်းတွား ပြီး တစ်ပါးသူနဲ့ ကံကို အပြစ်တင် နေမယ့်အစား ဒါဟာ ငါ့ကြောင့် ဖြစ်ရတာမို့ ငါကိုယ်တိုင် ကြိုးစား ရုန်းကန်ဖို့ လိုတယ်လို့ တွေးပြီး သင့်ရဲ့ ညည်းတွားမှုတွေ ရပ်တန့်ပြီး ဘဝတိုတိုလေးကို အဓိပ္ပါယ် ရှိရှိ ဖြတ်သန်း ကြည့်ကြပါစို့လား..........



ချစ်တဲ့
အိမ်မက်စေရာ
( ၁၁.၀၂.၁၂ )


9 comments:

Thameesan said...

သူများကြောင့်ပါဆိုပြီး..
တွေးမိတိုင်း..နောင်တရနေတဲ့ကိစ္စလေးတစ်ခု
အိပ်မက်ပို့စ်ကြောင့်ဒီနေ့အပြီးသတ်သွားပြီပေါ့း)
ဝေမျှပေးတဲ့အတွက်..ကျေးဇူးပါ
နောက်ဆုံးစာကြောင်းလေးတွေကြောင့်
တကယ်သင်ခန်းစာရသွားပါတယ်။
(လက်ညှိုးမထိုးတော့ပါဘူး)

ချစ်ခင်လျှက်

အိမ်မက်စေရာ said...

ဟုတ်လား သမီးစံရေ..
တကယ်အထောက်အကူ ဖြစ်တယ် ဆိုရင်တော့ အိမ်မက် အရမ်းဝမ်းသာပါတယ်..
သမီးစံ ရဲ့ ကွန်မန့်လေး တွေ့တိုင်း အားရှိရပါတယ်..

စံပယ်ချို said...

ဟုတ်တာပေါ့ အိမ်မက်ရေ
မိမိလုပ်ခဲ့သမျှ မိမိခံစားရတာ
သူတပါးကိုလဲ အပြစ်မတင်သင့်ဘူးနော်

((လူဆိုတာ ကိုယ်စိုက်တဲ့ အပင်ရဲ့ အသီးကို ကိုယ်တိုင်စားရတယ်..
ကိုယ်ပျိုးတဲ့ မျိုးစေ့ရဲ့ ရလဒ်ကို ကိုယ်သာ ခံစား ရမှာ ဖြစ်တယ်))
ချစ်တဲ့ အမဂျက်

8Yar said...

ကောင်းလိုက်တဲ့ ပုံပြင်လေး။ ဟုတ်တယ် အစ်မရေ လူဆိုတာ ကိုယ့်ဟာကို မမြင်ပဲ အဝေးကိုပဲကြည့်တတ်ကြတယ်။ ဟီး ကျွန်တော်လဲဒီလိုပဲ။ ဖတ်ခွင့်ရလို့ ကျေးဇူးပါ အစ်မအိမ်မက်ရေ။

ဘိုဖြူ said...

ဘဝတိုတိုလေးကို အဓိပ္ပါယ် ရှိရှိ ဖြတ်သန်း ကြည့်ကြပါစို့လား..........
အဲတာအကောင်းဆုံးပါပဲဗျာ

မောင်ဘုန်း said...

အရမ်းကောင်းတဲ့ ပုံပြင် လေးပါ .... စိတ်ထဲ မှာ တစ်ခုခု အသိ တရား ရသွားပါတယ်
ကျေးဇူးပါ အစ်မရေ ....

ခင်မင်စွာ ဖြင့်
မောင်ဘုန်း

Mrs. Bagel said...

တန်ဖိုးရှိတဲ့ စကားလေးရသွားပြီ။ ကျေးဇူး အစ်မ။ :)

မဒမ်ကိုး said...

ကောင်းလိုက်တဲ့စိတ်အားဆေးလေးပါလား အိမ်မက်ကလေးရေ .
အရမ်းအကျိုးဖြစ်စေတာဘဲကွယ် ..
ကျေးဇူးတင်တယ် ..
ချစ်တဲ့ အမ
မဒိုးကန်

ချောကလက်ကျူးပစ်လေး said...

ကိုယ်ပျိုးတဲ့ မျိုးစေ့ရဲ့ ရလဒ်ကို ကိုယ်သာ ခံစား ရမှာ ဖြစ်တယ်...
မှတ်သားသွားတယ်အမရေ