Pages

Wednesday, February 22, 2012

မောင်

မောင်

လူကို သေစေနိုင်တဲ့
လက်နက်မျိုးထဲမှာ
စကားတစ်ခွန်း
အကြည့်တစ်ချက်လဲ
ပါဝင်တာမို့

စိမ်းကားတဲ့အကြည့်နဲ့
အမုန်းစကားကို
ဘယ်တော့မှ
မဆိုပါနဲ့လားမောင်

ခဲမှန်ဖူးတဲ့ စာသူငယ်လို
ကျွန်မ
အရာရာကို ရန်သူလို သဘောထားမိတာက
မောင့်ကို မချစ်လို့
မဟုတ်ရပါဘူး မောင်...........

အရာရာ ချင့်ချိန်စဉ်းစားရတော့မယ့်အရွယ်မို့
ရင့်ကျက်ချင်ယောင်ဟန်ဆောင်
အတ္တကို ဒိုင်းအဖြစ်ကာ
ဒီလို နေရာကလဲ
ဖြစ်နိုင်မယ်ဆို ကျွန်မ ထွက်ပြေးချင်
လွန်းလှပေါ့မောင်

အခွင့်အရေးသာ ရှိခဲ့မယ်ဆိုရင်ပေါ့
အရာအားလုံးကို ပစ်ခွာ
မောင့် ဆီကို အပြေးလာပြီး
မောင့် ရင်ခွင်ထက်မှာ
တစ်သက်လုံးသာ ခိုနားလိုက်ချင်တော့တာပါ မောင်...




အိမ်မက်စေရာ
၂၂.၀၂.၁၂

3 comments:

စံပယ်ချို said...

အိပ်မက်ရေ

စိမ်းကားတဲ့အကြည့်နဲ့လဲ မကြည့်ပါဘူး
အမုန်းစကားကို လဲမဆိုဘူးနော်
ကောင်းလိုက်တဲ့ကဗျာလေး ခေါင်းစဉ်ကိုမြင်ကတဲ့ကကြိုက်တယ်
ခင်မင်တဲ့ sis jasmine

စန္ဒကူး said...

ကဗျာလေးလာခံစားသွားတယ်..
မောင်... လို့ခေါ်တာလေးသဘောကျလို့..

မဒမ်ကိုး said...

မောင် ....အများပြောတဲ့သွေးခွဲစကားတွေကို....း))))

ကဗျာလေးကိုခံစားသွားတယ်အိမ်မက်ကလေး
မွေးနေ့မှာပျော်ရွှင်ပါစေ

ချစ်တဲ့
အမဒိုးကန်