Pages

Friday, February 3, 2012

frankfurt မှ ဗမာစတိုး




ဂျာမနီမှာနေတဲ့ သူငယ်ချင်းမိတ်ဆွေတစ်ချို့ကို သတင်းလေး တစ်ခုပေးချင်ပါတယ်..
ဂျာမနီနိုင်ငံမှာ တစ်ချို့သော နိုင်ငံတွေလို မြန်မာအစားအသောက်များကို လွယ်လွယ်ကူကူ ဝယ်စားလို့ မရနိုင်ပါဘူး..
ဘာကြောင့်လဲဆိုတော့ မြန်မာအစားအစာရောင်းတဲ့ဆိုင်ရယ်လို့ မရှိလို့ပါ..စားချင်တဲ့အခါ မြန်မာနိုင်ငံက တစ်ဆင့် မှာယူပြီး စားရပါတယ်... အဲ့လိုမှာယူတဲ့အခါလဲ သိတဲ့အတိုင်း မြန်မာအစားအစာ တိုင်းရင်းဆေးများကို ဒီဘက်နိုင်ငံက အဝင်လက်မခံပါဘူး..အနံ့အသက်ဆိုးဝါးလို့ ကျန်းမာရေးနဲ့ မညီညွတ်လို့ ဆိုပြီး ကိုယ့်ရှေ့မှာတင် အမှိုက်ပုံးထဲ လွတ်ပစ်တာမျိုးခံရပါတယ်..
ဒါမျိုး အိမ်မက်တို့ ကြုံဖူးပါတယ်..ပါးပါးပို့လိုက်တဲ့ မြန်မာတိုင်းရင်းဆေးတွေကို တစ်ခုမှ မရဘဲ ဆုံးရှုံးခဲ့ဖူးတယ်..
ဒါပေမယ့် အခုတော့ အိမ်မက်တို့ frankfurt မြို့မှာ မြန်မာအစားအသောက်ရောင်းတဲ့ ဆိုင်လေးတစ်ခုပေါ်လာပါတယ်..အိမ်မက်တို့လို မြန်မာအစားအသောက်ငတ်နေတဲ့ သူတွေအတွက် အရမ်းကို အဆင်ပြေပါတယ်..သူတို့ အနေနဲ့လဲ မြန်မာနိုင်ငံက မှာယူတဲ့အခါ အခက်အခဲ အမျိုးမျိုးကို ကြုံခဲ့ရပါတယ်.. ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေလဲ မနည်းပါဘူး..ဒါပေမယ့် သူတို့ရဲ့ ကြိုးစားမှုကြောင့်ပဲ မြန်မာအစားအစာရောင်းဖို့ ပါမစ်ရခဲ့တယ်.. ပါမစ်ရတော့ အစစ်အဆေးသိပ်မခံရပေမယ့် ငွေတော့ လိုရင်လိုသလို အကုန်ခံရပါတယ် အခွန်အတွက်ပါ..
အဲ့ဒါ အဲ့ဒီဆိုင်လေးကို ဂျာမနီက မသိသေးတဲ့ မိတ်ဆွေတွေအတွက် မိတ်ဆက်ပေးချင်လို့ပါ..ဗမာစတိုး ဆိုတဲ့ဆိုင်လေးပါ..အောက်မှာ ဆိုင်လိပ်စာ ရေးပေးထားပါတယ်..နယ်မှ မိတ်ဆွေများအတွက်လဲ စာတိုက်မှ တစ်ဆင့်ပို့ပေးပါတယ်..

မြန်မာအစားအစာ
မြန်မာဆေးများ
မြန်မာ့ရိုးရာ အဝတ်အစားများ
သင်္ဃန်းပရိက္ခရာ....

စသဖြင့် ဝယ်ယူုရနိုင်ပါတယ်....



အသေးစိတ်သိလိုလျှင်...

ဗမာစတိုး
schleidenstr 12, Frankfurt am Main, Germany
ph..06978085176
Email...info@burmaasia.com
http://www.burmaasia.com


7 comments:

သမီးစံ said...

ဒီလိုဗမာအစားအစာနဲ့ကုန်စုံဆိုင်လေးတွေ
နိုင်ငံအနှံ့ပေါ်လာတာ..ကောင်းတယ်အိပ်မက်ရေး)
ဗမာလူမျိုးတွေက.နိုင်ငံတိုင်းမှာရှိတာကိုး
နိုင်ငံခြားမှာ.ကွမ်းယာလည်းဈေးကြီးတယ်တဲ့
ကြားဖူးတာ..
စီးပွားရေးလုပ်ဖြစ်ရင်.နိုင်ငံတကာလှည့်ပြီး
ကွမ်းယာရောင်းရင်ကောင်းမလား..စိတ်ကူးတယ် :P

ချစ်ခင်လျှက်

Shinlay said...

ရောက်ရင်ဝင်အုံးမယ်။ သတင်းတော့ကြားနေသာ.။ ကျေးဇူးနော်.

စံပယ်ချို said...

အဲလိုဆိုရင်တော့အားလုံးအဆင်ပြေတာပေါ့နော်
စားချင်တာလေးတွေအလွယ်တကူရပြီပေါ့

Candy said...

အိမ်မက်ပြန်ပေါ်လာပြီပေါ့.. နေကောင်းလား :D

Anonymous said...

သမီးစံရေ တိုင်ဝမ်ကွမ်းယာသည်လေးလို ၀တ်ရောင်းမှာလား
း-)

We cook for you said...

http://www.facebook.com/pages/We-cook-for-you-Asian-Foods-in-Berlin/277447379027937

yanmaneee said...

yeezy shoes
yeezy boost 350
kyrie 6 shoes
fitflops sale clearance
nike basketball shoes
golden goose sneakers
yeezy supply
air max 90
yeezy shoes
balenciaga shoes