Pages

Thursday, May 24, 2012

ပြပြန်ပြီ ဆန္ဒ


ပြီးခဲ့တဲ့ အပတ် ၁၈.၀၅.၂၀၁၂ ကစပြီး ၂၀.၀၅.၂၀၁၂ ထိ သုံးရက်ဆက်တိုက် ဆန္ဒပြပွဲတစ်ခု frankfurt ( Germany) မှာ ဖြစ်ပွားခဲ့ပါတယ်။
ဘဏ်တွေက ပြည်သူတွေ အပေါ်မှာ ယူတဲ့ အတိုးနှုန်း ကြီးပွားလာမှုကြောင့်  ဖြစ်တယ်လို့ သိရပါတယ်။ တစ်မြို့လုံးနီးပါး အုံးအုံး ကြွကြွ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတစ်ခုပါ။
Frankfurt Hauptbahnhof ( ဘူတာရုံကြီး) မှာ ဖြစ်ခဲ့ပြီး အိမ်နဲ့လဲ သိပ်မဝေးတာမို့ ဈေးသွားရင်းနဲ့ ဓါတ်ပုံဝင်ရိုက် ခဲ့တယ်။ ဒီပုံတွေက ၁၈ ရက်နေ့က ဖြစ်ခဲ့တဲ့ ဓါတ်ပုံတွေပါ။ ၁၉ နဲ့ ၂၀ ကတခြားနေရာတွေမှာ ဖြစ်ပွားခဲ့တာပါ။

 ကွန်မန်ဒိုသုံးယောက်က အပေါ်မှာ တခြားကွန်မန်ဒိုတွေ က အောက်ဘက်မှာ


 ဘူတာရုံရှေ့


 ဆန္ဒပြသူများ


 ခုနသုံးယောက်ပဲ နှစ်ယောက်က အမျိုးသမီး တစ်ယောက်က အမျိုးသား


 ရှေ့ဆုံးက တစ်ယောက်ကိုသဘောကျလို့ သူ့ကို ရိုက်နေမှန်းသိတယ် လှည့်ကြည့်တယ်။


 အရေးပေါ် ကုသရေး အဖွဲ့ဝင်တွေလဲ အဆင်သင့်


 ကွန်မန်ဒိုတွေ ဝိုင်းထားတဲ့ နေရာ..အဲ့ဒီကောင်မလေး သတင်းထောက်လား ဘာလား အဲ့ဒီနားကကို မခွာဘူး


အထူး အဖွဲ့ဝင်တွေ တန်းစီနေတာပဲ .. ဒါပေမယ့် သူတို့ က စောင့်ပဲ ကြည့်နေတာ ..အကြမ်းမတမ်းတော့ မလုပ်ဘူး..

 နဲနဲ သောင်းကျန်းတဲ့သူတွေကို ဖမ်းပြီး ဒီဘက်ကို ခေါ်လာတယ်..စစ်ဆေးတယ်။


အိမ်မက်စေရာ
၂၄.၀၅.၁၂


7 comments:

ချစ်စံအိမ် said...

သတင်းတွေကြည့်လည်း ဒါပဲမြင်တယ် အိမ်မက်ရေ..
ဟူးးး

လွင်ပြင်လှိုင်းငယ် said...

သတင်းလေးအတွက်ကျေးဇူးပါ

Candy said...

သတင်းထောက်လေး အိမ်မက် ဟိဟိ...
ကြည့်ကျက်လည်း ထောက်လှမ်းအုံး..
မတော်လို့ ကိုယ်ပါ ပါနေဦးမယ် :P :P

ဟန်ကြည် said...

သူရို့ဆန္ဒပြတာ ပျော်စရာကြီး...ကြက်ခြေနီနဲ့ ဘာနဲ့...တစ်ခါလောက် ဂျာမနီလာပြီး ဆန္ဒပြဦးမယ်...အိုင်ယာလန်ထီမပေါက်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့း)

စံပယ်ချို said...

အိပ်မက်ရိုက်တဲ့ထဲပါရအောင်အဲဒီကိုလာပြီး ဆန္ဒပြမယ်

mstint said...

သတိလည်းထားပါအုံး အိမ်မက်ရေ။ ပို့စ်တစ်ပုဒ်ဖြစ်လာဘို့ ဒီလောက်ကြီးလည်း အားမထည့်ပါနဲ့နော်။ ဘာမဆိုင်ညာမဆိုင် ကြားညှပ်မှာကို စိုးရိမ်လို့ပါး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကြည်ဖြူခင်ခင် said...

ခုလို သိခွင့်ရတဲ့ သတင်းအတွက် ကျေးဇူးပဲ အိမ်မက်ရေ..