Pages

Tuesday, May 29, 2012

ကျန်းမာဖို့သာ..

 

 

 

 

 

 

 

ဟိုတလောက အိမ်မက် နေမကောင်းလို့ အလုပ်က ဆေးခွင့် ယူလိုက်ရတယ်လေ.။ တကယ်က အိမ်မက်မှာ နားရက်ရှည်ယူပြီးသား ဖျားတော့ ဆေးခွင့်ယူတယ် ဒါနဲ့ နားရက်က သုံးပတ်ဖြစ်သွားတယ်..။

ပြီးခဲ့တဲ့ စနေက အလုပ်စဆင်းတော့ လူတွေက အိမ်မက် ကို ဘာမေးတယ် ထင်လဲ...။

ကိုယ်ဝန်ရှိတယ် ထင်လို့တဲ့... သေရော ။

ကိုယ်ဝန်ယူတာကို စက်ဘီး လေထိုးသလို လွယ်တယ်များ ထင်လားလို့ မေးလိုက်တယ် အဟုတ်။ စိတ်ကို တိုတယ်။ ဒီမှာ က အပျို အအို အားလုံး ကိုယ်ဝန်ယူလို့ ရတယ်လေ။ နားရှုပ်သွားလား မသိဘူး။ အပျို ကိုယ်ဝန်ဆောင် ဆိုတာမျိုး ..ယောက်ျားက စာရင်းမှာနာမည်ပဲ ရှိပြီး လက်ထပ်ထားတာ မဟုတ်တာ မျိုးလေ ဒါမျိုးကို single mother ဆိုပြီး အစိုးရက ထောက်ပံ့တယ်..။ ဒါကြောင့် ဒီမှာ စာချုပ်နဲ့ လက်မထပ်ပဲ ကလေးယူတာ များတယ်။

နောက်ပြီး အိမ်မက်က နောက်တစ်လ ကုန်ရင် အိမ်မက်ရဲ့ အလုပ်စာချုပ် သက်တမ်းပြည့်ပြီ။ အထက်က ကြိုက်လို့ ထပ်ချုပ်မယ်ဆိုရင် ဒီစာချုပ်က အမြဲ စာချုပ်ဖြစ်သွားပြီ။ အမြဲ စာချုပ်မှာ အခွင့်အရေးတွေ တအားများတယ်လေ။ အထူးသဖြင့်တော့ အလုပ်က အိမ်မက်တို့ကို တော်ရုံနဲ့ အလုပ်ထုတ်လို့ မရဘူး။ အဲ့ဒီတော့ အဲ့ဒီစာချုပ်ရပြီးရင် လူတွေက ဆေးခွင့်ကို မဟားတရား ယူကြတာ။

နောက်တစ်ခုက အကယ်၍ ကိုယ်ဝန်ဆောင်မယ်ဆိုလဲ ကိုယ်ဝန်ရှိစ ကနေ ကလေး သုံးနှစ်အထိ အိမ်မှာ ထိုင်နေလို့ ရတယ်။ အလုပ်ကနေ ကလေးမွေးတဲ့ အထိ အလုပ်က ပုံမှန်လစာ သွင်းပေးတယ်။ မွေးပြီးရင် တခြားငှာန တစ်ခုက ဆက်ထောက်ပံ့တယ်။ အလုပ်လုပ်စဉ်က အခွန်ဆောင်ထားတဲ့ အတွက်ကြောင့်လေ။

အခွင့်ရေးတွေ ရတာ သိပ်များတယ်။ ဒါကြောင့် ဒင်းတို့က အိမ်မက်ကို ကိုယ်ဝန်ယူတယ် ထင်ကြတာလေ။

ပြီးတော့ အလုပ်က အမြဲ စာချုပ်ပေးလိုက်ပြီထင်တာ။ အမှန်က နောက်လ မှ ဆုံးဖြတ်ကြမှာ။

သူတို့ကို မရသေးကြောင်း ပြောပြတော့ ဘာမေးတယ် ထင်လဲ.......

နင်က ဘာလို့ ဆေးခွင့်ယူရတာလဲ တဲ့....။

ဟွင်း...

သဘောက ဒီလို ... အလုပ်မှာ သူတို့ရဲ့ တစ်နှစ်စာချုပ်( ၂ ခါချုပ်တယ်) ကာလ အတွင်း မဖျားရဘူး။ မဖျားရင် အမြဲ စာချုပ် တန်းရတယ်။ ဖျားရင် စာချုပ် ပြည့်တာ နဲ့ အလုပ်ထုတ်တယ်။

အထက်က နှစ်သက်တာ မနှစ်သက်တာ လဲ  ပါတယ်ပေါ့။

ကဲ ဘာကောင်းလဲ သူတို့ နိုင်ငံမှာ အလုပ်လုပ်ရတာ။ မနှစ်ကတော့ အိမ်မက် တစ်နှစ်လုံး မဖျားဘူး။ အလုပ်က အဲ့ဒီအတွက် နှစ်ကုန်တော့ နာရီ လက်ဆောင်ပေးတယ်။ နှစ်စ မှာ ယူရို ၅၀၀ ရတယ်။ မနှစ်က တစ်နှစ်နဲ့ နောက်လဆို နှစ် နှစ်ပေါ့။ ကပ်ဖျားတာလေ။ ၂ နှစ်ဆက်တိုက်ဆိုတော့ အိမ်မက်လဲ ဘယ်ခံနိုင်မှာ လဲ ဒီကြားထဲ တောင် ဖျားနေရင်းတန်းလန်း အိမ်မက် အလုပ်ဆင်းသေးတာ။ ခုတခါက ဘယ်လိုမှ မရတာ။ ဝက်သက်ပေါက်တာကိုး။ ဘယ်လို အလုပ်ဆင်းလို့ ရမှာလဲ ။ 

ဒီလို ကိုယ်ချင်းမစာ မနာ လာမေးကြတော့ အိမ်မက်လဲ ပြောလိုက်ပါတယ်။ ငါ့အတွက် အလုပ်က အရေးကြီးပါတယ် ဒါပေမယ့် ကျန်းမာရေးက ပိုအရေး တယ်လို့။ အလုပ်ပြုတ်လဲ ကိစ္စမရှိဘူး ငါကျန်းမာနေရင် တခြားအလုပ်လဲ ငါလုပ်နိုင်တယ်။ အေး ငါမကျန်းမရင်တော့ ငါဘာမှ ဆက်လုပ်လို့ မရနိုင်တော့ဘူး လို့...။

အိမ်မက် ပြောတာ မှန်တယ် မဟုတ်လား..။ အိမ်မက်တော့ ကျန်းမာရေးက အရေးကြီးတဲ့ နေရာမှာ ရှိတယ်လို့ မြင်တယ်...။

ကျန်းမာ ခြင်းသည် လာဘ်တစ်ပါးလို့ တောင် အဆို ရှိတယ် မဟုတ်လား..။


အားလုံးလဲ ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင် နိုင်ကြပါစေ။

အိမ်မက်စေရာ

၂၉.၀၅.၁၂

 

5 comments:

Anonymous said...

ဟုတ်ပါတယ်..အိမ်မက်ရယ်..
ကိုယ်တိုင်မကျန်းမာမှ သတိထားမိတယ်။
ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါးပါဘဲ
(လာကြည့်ချင်သေးတယ်.အဲ့နိုင်ငံ..ဟွင်း..း))

Anonymous said...

ဟုတ်ပါတယ်..အိမ်မက်ရယ်..
ကိုယ်တိုင်မကျန်းမာမှ သတိထားမိတယ်။
ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါးပါဘဲ
(လာကြည့်ချင်သေးတယ်.အဲ့နိုင်ငံ..ဟွင်း..း))

ချစ်စံအိမ် said...

မှန်တာပေါ့ အိမ်မက်ရေ ကျန်းမာနေရင်ဘာမဆိုလုပ်နိုင်တယ်လေ..

Shinlay said...

ကျန်းမာရေးဂရုစိုက်နော်။

Candy said...

Single mother ဆိုတဲ့ အသုံးအနှုန်းကို အိမ်မက်ရှင်းပြမှ ကောင်းကောင်းနားလည်သွားတယ်..

အခွင့်အရေးပေးတာတွေ တော်တော်များတယ်နော်..
ဘာပဲဖြစ်ဖြစ်ပါ.. အိမ်မက်ပြောသလိုပဲ ကျန်းမာရေးက အဓိက.. အဲ့ဒါက ငွေနဲ့ဝယ်လို့မရတဲ့ အရာလေ :)