Pages

Wednesday, May 30, 2012

National No Bra Day.. တဲ့

 ခေါင်းစဉ်ကြည့်ပြီး လန့်သွားကြမယ်ထင်တယ်..းD

အိမ်မက် မနောက်ပါဘူး အတည်ပြောတာပါ..။


No Bra day ဆိုတာ ရှိတယ်တဲ့...ကြားဖူးကြလား မသိဘူး..။ အိမ်မက်ကတော့ စပ်စပ်စုစု နော်..။

ဒီနေ့ မနက် အလုပ်လုပ်နေရင်း ပိုလန်သူ သူငယ်ချင်းမလေးက လာပြောတာ...။


ဒီနေ့က ohne bh tag( no bra day ) တဲ့...။


အမ် ဆိုပြီး လူက နဲနဲ ကြောင်သွားတယ်.. တကယ်လား ဆိုတော့ တကယ်တဲ့..။ ငါတောင် bra ဝတ်မလာဘူး ဆိုပြီး ပြောလာတယ်..။ ဟုတ်ချင်လဲ ဟုတ်မှာ ပေါ့ အိမ်မက်တို့က အနောက်တိုင်း ယဉ်ကျေးမှုနဲ့ သိပ်မှ မနီးစပ်တာ ဆိုပြီး တွေးလိုက်တယ်..။


နားနေချိန် ကြတော့ တခြားသူငယ်ချင်းတွေ ကို ပြောပြရင်း မေးဖြစ်တယ်..။ သူတို့ကလဲ မသိဘူး ပိုလန် နိုင်ငံမှာ ပဲ လုပ်တဲ့ နေ့ ဖြစ်မှာ ပေါ့လို့ ပြောတယ်..။


အဲ့ဒီ ပိုလန်သူလေးကို ပြန်မေးတော့ မဟုတ်ဘူး တစ်ကမ္ဘာလုံး လုပ်တဲ့နေ့ တဲ့..။


မသိတော့ပါဘူး.. သူပြောနေတာနဲ့ ကိုယ်တောင် ချက်ချင်း ချွတ်ပစ် ရမလိုးD...။


မကျေနပ်ဘူး အိပ်ရောက်ရင်တော့ ဂူဂယ်လ် မှာ ရှာကြည့် ဦးမယ်လို့ တွေးမိတယ်..။


ရှာကြည့်လိုက်တော့...................။


တော်တော်တော့ ရှာရပါတယ်.. အဲ့ဒီနေ့ကို ဘယ်လို အတိအကျ ခေါ်လဲ မသိတော့လေ ပြီးတော့ ဘာအတွက် လုပ်တာလဲ သိချင်လို့..။


အဲ တွေ့ပါပြီ.. National no bra day ဆိုတာ ရှိတယ်တဲ့..။


လွဲတာ တစ်ခုပဲ ဒိတ်က လွဲနေတာ..။ ဆိုဒ်တော်တော် များများ မှာ တွေ့ရတာ ဂျူလိုင် ၉ ရက်နေ့ ပါတဲ့..။


ဒါဆို ဒီနေ့က ပိုလန် နိုင်ငံတစ်ခုပဲ ကျင်းပတဲ့နေ့ ဖြစ်မယ် ..။ ဟိ

 


http://answers.yahoo.com/question/index?qid=20110627225137AARDV09 အဲ့ဒီမှာ တွေ့တာက 

 

When is national no bra day?

My cousin posted on facebook that July 9th is national "no bra day". I wanted to know if it was true ဆိုပြီးမေးထားတယ်... 


ပြန်ဖြေထားတာက...


Best Answer - Chosen by Voters

National No Bra Day is offically July 9th

Source(s):

National Holiday Website.... တဲ့...


နောက်ပြီး facebook မှာက အချိန်နဲ့ အတိအကျတောင် ပြောထားသေးတယ်...


    • Saturday, July 9, 2011 at 12:00am until Sunday, July 10, 2011 at 12:00am....ကဲ ...


      နောက်ဆိုဒ်တစ်ခုမှာ က ဓါတ်ပုံလေးတွေနဲ့..သူက ဒီလိုပြောထားတယ်...


ဓါတ်ပုံ ကြည့်ချင်ရင်တော့ ကိုယ့်ဖာသာကိုယ် သွားကြည့်ကြနော်..


http://4minuten.eu/2011/10/06/donnerstag-der-tag-an-dem-frauen-ohne-bh-ausgehen-28-fotos/ ..


ဒီဆိုဒ်မူရင်းကတော့ ဂျာမန်လို ..ရေးထားတာ အင်္ဂလိပ်လို translate လုပ်လို့ ရတယ်... 

 

http://nationalnobraday.webs.com/   


အော် ဒီမှာတော့ အပြည့် အစုံ ဖော်ပြထားတယ် .. သိချင်ရင်သွားကြည့်နော်..။

 

**Breast Cancer is something you should take seriously and be checked for.** 


ဆိုပြီး အောက်ဆုံးမှာ ရေးထားတယ်..။

 

သဘောက တော့ အမျိုးသမီးများ ရင်သားကင်ဆာဘေးမှာ ကင်းဝေးရေး အထိမ်းအမှတ် နေ့...ဖြစ်ပြီး အဲ့ဒီ ရည်ရွယ်ချက်နဲ့ ပဲ ကျင်းပပြုလုပ် ကြတာပေါ့... ..အော် အော်...။


အားလုံးပဲ ဗဟုသုတ တိုးပွားကြပါစေ ..။

 


 

 

**********************************        ***********************************


ဒါနဲ့ စကားမစပ် တစ်ခုမေးလိုက်ဦးမယ်..အမျိုးသမီးသုံး condom ရှိတယ် ဆိုတာရော ကြားဖူးကြလား မသိဘူး..။ 


မသိတဲ့သူတော့ တော်တော်များတယ်..ကျန်းမာရေး စာဆောင်တွေ ဖတ်တဲ့သူတွေတော့ သိပါလိမ့်မယ်..အလုပ်က လူတစ်ချို့ ရှိတယ်ဆိုတာကို မယုံတဲ့ သူတွေ ရှိတယ်..။ အိမ်မက်က ဗဟုသုတ ပြောပြတာပါ.. ဒါကို တစ်မျိုးမြင်လို့ စကားတောင် များကြသေးတယ် အဟိ။ ရယ်ရတယ် သိတယ်လူတွေ လဲ သိကြပါတယ်.. သိချင်တဲ့ လူရှိရင်တော့ ပြောပြမယ် ဒါပေမယ့် ဘယ်လို သုံးရလဲ တော့ မသိဘူး...အားရင်တော့ ရှာကြည့်လိုက်ပါဦးမယ်..။


ဒီနေ့ ပိုလန် No bra day မှာ စိတ်ပါဝင်စားသူများ ပါဝင် ဆင်နွဲနိုင်ပါတယ်..လို့..။



အိမ်မက်စေရာ

၃၀.၀၅.၁၂







8 comments:

Thameesan said...

ဘရာမ၀တ်ရလဲ
ရှီမီးဝတ်တာပေါ့အိမ်မက်ရယ်း))
အောက်ကကွန်ဒိုအကြောင်းကို
ဂျာနယ်တွေထဲမှာဖတ်ဖူးပါတယ် :D

ဟန်ကြည် said...

အင်း ဒီပို့စ်ကို ရွှေပြည်က ခင်ဖော်ချင် မယ်ပြချင်တို့များ ဖတ်မိလိုက်လို့ကတော့ဖြင့် ခက်ခက်ရချေသေးရဲ့ အိပ်မက်ရေ...တော်ကြာ ဟိုးစစ်ကြိုခေတ်က ခေတ်မီသူတိုင်း ပင်လယ်ငါးစားကြသည်ဆိုတဲ့ ကြော်ငြာတစ်ခုလို ခေတ်မီသူတိုင်း မျက်မှန်ချွတ်ကြသည်ဆိုတာမျိုးတွေ ဖြစ်ကုန်မှဖြင့် ဖော်သူမရှက် မြင်သူမက်ဖြစ်ကုန်ရင် မခက်ပါလားကွယ်...

အမျိုးသမီးသုံး ပစ္စည်းကတော့ ကျောင်းမှာသင်ဖူးတာမို့ သိသပါ့ကွယ်...ဘယ်လိုသုံးရလဲဆိုတာတော့ မကြားဝံ့ဆေးဆရာမို့ ကိုယ့်ဖာသာပဲ ၀ါယမစိုက်ပြီး ရှာပေရော့ဗျား...

Snow May said...

အခုမှကြားဖုးတယ် ဟိဟိ

Candy said...

ဟဟ.. No Bra day အိမ်မက်ပြောမှ ကြားဖူးတော့တယ်..

အမျိုးသမီး ကွန်ဒုံးရှိတာတော့ သိတယ်.. ကန်ဒီ Presentation တောင် လုပ်ဖူးတယ် ဟိဟိ xD

စံပယ်ချို said...

No Bra day ကိုတော့ခုမှကြားဖူးတယ်
အမျိုးသမီး ကွန်ဒုံးရှိတာတော့ ကျန်းမာရေးသင်တန်းတွေတက်တော့သိခဲ့ရတာပါ
အံ့ဖွယ်ကမ္ဘာကြီးဖြစ်နေပါရောလား

Mrs. Bagel said...

No bra day :D
အမျိုးသမီး ကွန်ဒုံး ရှိတယ်။ cervical cap လို့ ခေါ်တယ် အစ်မ။

yanmaneee said...

nike air max 2017
golden goose mid star
air max 97
coach outlet
supreme clothing
curry shoes
yeezy shoes
yeezy shoes
nfl jerseys
coach outlet handbags

Unknown said...

Recommended Reading z9r55o9f95 replica designer bags replica chanel bags ebay click this link here now d7m06u6l72 buy replica bags replica bags online uae replica ysl bags australia blog here f5n95k2q80 replica bags wholesale india