Pages

Saturday, March 23, 2013

အမြင်လဲ လှ၊ ဗိုက်လဲ ဝ မယ့် ဟော့ဒီက ဆူရှီ..

ဆူရှီ ကြိုက်ကြလား ?? ဆူရှီ ဆိုရင် အသားစိမ်း ၊ အထူးသဖြင့် ငါးအစိမ်းနဲ့ လို့ သိထားကြတယ်။ ဆူရှီ ကို ကြိုက်တယ် ဒါပေမယ့် အဲ့လို ငါးအစိမ်းတွေတော့ မစားချင်ဘူး..။ ဆူရှီ ထမင်းကို တော့ အရမ်းကြိုက်တယ်.။ဝယ်စားရင် အပေါ်က ငါး အစိမ်း တွေ ဖယ်ပြီး ထမင်းနဲ့ အရွက်တွေပဲ ရွေးစားဖြစ်တယ်..နောက်တော့ ဆှိုင်လေးတစ်ဆိုင်ကို သွားတွေ့တယ်..မြန်မာလူမျိုးတစ်ယောက်လဲ ရှိတယ်..သူကိုယ်တိုင်လုပ်တာဆိုတော့ စားချင်တာလေး ကောင်းတာလေးတွေ သူက ပြောပြတက်တယ်.။ ဒါနဲ့ မကြာမကြာ သွားစားဖြစ်တယ်..အမြင်လဲလှပြီး ငါးအစိမ်းတွေမပါတဲ့ ဆူရှီပါ..။ sauce ကလဲ အရမ်းစားကောင်းပြီး စားပြီးရင်းကို ထပ်စားချင်နေတော့တာ..လေ။ ကြည့်လိုက်ကြပါဦးနော်..။ ကြည့်မိလို့ စားချင်တယ်ဆိုရင်တော့ ဂျာမနီကို တစ်ခါ တစ်ခေါက်လောက် အရောက်လာခဲ့ပါ လိုက်ကျွေးပါ့မယ်လို့..။  အော် နဲနဲလေးမို့ မဝဘူးလို့ မထင်လိုက်နဲ့နော်..ထမင်းပါတာမို့ အစားမကြီးတဲ့ သူဆိုရင်တော့ တကယ်ပဲ ဗိုက်ပြည့်ပါတယ်..။
:D








3 comments:

ဟန်ကြည် said...

ကွယ် အနှီလို လှတပတမျိုးတော့ မစားရက်ပေါင်ကွယ်...အလှထိုင်ကြည့်နေတာပဲ ကောင်းသေးရဲ့...ဦးဟန်ကြည် အညာသားကတော့ ထမင်းပန်းကန်ပေါ်မှာ ဟင်းတွေပုံထည့်ပြီး အ၀လွေးရတာကိုပဲ ပိုခံတွင်းလိုက်သဗျားး)

yanmaneee said...

jordan retro
yeezy 700
golden goose sneakers
jordan shoes
off white x jordan 1
kobe byrant shoes
kyrie 4
kyrie 6 shoes
retro jordans
ferragamo belts

nesees said...

Site connexe répliques de sacs gucci blog dolabuy.su directement depuis la source Balenciaga Dolabuy