Pages

Friday, April 26, 2013

ဓါးနဲ့ မွှန်းထားတဲ့ ကဗျာ~~~~~~~


ကမ္ဘာရဲ့ ဟိုဘက်တခြမ်းမှာ နေပူနေပြီး
ဒီဘက်တခြမ်းမှာတော့ လသာနေလေရဲ့..
တစ်ခုထဲသာ ရှိတဲ့ ကမ္ဘာကြီးထဲမှာတောင် မရေတွက်နိုင်တဲ့ မတူညီခြင်းတွေ များပြားလွန်းနေတယ်။

ဘာမှ မဆိုင်ပါဘူး..။
မဆိုင်တဲ့သူတွေချည်းပဲ အတူနေနေ ကြတဲ့ ကမ္ဘာမြေလေ..။
ပြောစရာတွေကလဲ မကုန်နိုင်ဘူး..။

သတင်း တစ်မျိုး..
အတင်း တစ်မျိုး..
ရိုးကို မရိုးတာများ...။




ဟိုဟို တွေ ဒီဒီတွေ လျှောက်အော်လည်း မထူးပါဘူး..
အကုန်လုံးက အတ္တကို အပိုင်လိုချင် သူတွေချည်းပါပဲ..။

သူတပါး ရဲ့ အားနည်းချက်လဲ ထည့်မတွက်တက်ဘူး..
ပါးစပ် ထွက်သမျှ ပြောပစ်ဖို့ ဝန်မလေးကျတာများ..။

ကိုယ်တိုင်လဲ တခါတလေတော့ လူမဆန်ချင်လာတယ်...။
သူတပါး ပုတ်ခတ်တာများလာတော့
ကိုယ်ကလဲ ရက်စက်ချင်လာတယ်..။

ပြန်လည် မတုန့်ပြန်ကြေးဆိုတဲ့ အသိတစ်ခုနဲ့..
ကိုယ့်ရင်ဘတ်ကို ဓါးနဲ့ မွှန်းမွှန်းချနေတာ
မနာဘူး မထင်ပါနဲ့..
သိပ်ကို နာကျင်လွန်းပါတယ်..။

အော် ကိုယ်ချင်းစာတရားဆိုတာများ ရှိမယ်ဆိုရင်လေ
ဒီကမ္ဘာမြေက ဘယ်လောက်အထိများ
ပိုတင့်တယ်လိုက်မလဲ..။

မသိသူတွေကို သိအောင်လဲ မပြောပြချင်တော့ဘူး
ကိုယ်ခံစားရသမျှ စာအဖြစ်သာ စီချမယ်...။
နှလုံးသားရှိရင်တော့ ဒီမယ်..ခံစားတက်ကြမယ်ထင်တယ်..။

အချစ် အချစ်ရယ်လဲ မအော်ချင်တော့ဘူး..။
မေတ္တာတရားသာ ရှာဖွေချင်လာတယ်..။

ပင်ပန်းတယ်လဲ မဆိုသာပါဘူး..
လူရယ်လို့ ဖြစ်လာမှတော့
လူ့တာဝန်တော့ ကျေရမှာပေါ့လေ..။

တစ်ရက်ပြီးတော့ တစ်ရက်သွားရင်း..
ဟိုဘက်နား နဲနဲ ခြင်းရွေ့သွားမယ် ဆိုရင်ပဲ
အင်း မဆိုးပါဘူး..
ခရီးတော့ နဲနဲ ပေါက်နိုင်ပါတယ်..လေ။

အိမ်မက်စေရာ
၂၆.၀၄.၁၃

3 comments:

မိုးဇက် said...

ဟင်................

စံပယ်ချို said...

ခရီးများမျညးပေါက်ပါစေလို့
ချစ်တဲ့ jasmine

ဟန်ကြည် said...

အရေးအသား သိသိသာသာကြီးကို တိုးတက်လာတာပဲကိုး...ဖတ်ရတာ အရသာကိုရှိလို့...တစ်ချို့နေရာလေးတွေမှာ တွေးထားတာလှတယ်...