သူ..ထိုင်နေကျ ခုံပေါ်မှာ မလှုပ်မယှက်
သူ ကြည့်နေတာက screen တစ်ခု ဇာတ်လမ်းတစ်ပုဒ်ပြီးဆုံးသွားလို့ ပြာနေတဲ့ မျက်နှာပြင် သူပိတ်ပစ်လိုက်ဖို့ မကြိုးစားမိ သူထင်တာက အချိန်တင် ရင် ဒီဇာတ်လမ်းက အစကနေ ပြန်စလာမယ်ပေါ့ အဲ့ဒါသူ့ရဲ့မျှော်လင့်ချက်..
အခန်းငယ်တစ်ခု အဲ့ဒါသူ ပိုင်တဲ့အရာ ပြင်ပရာသီဥတု အေးခဲမှုကြောင့် ဘယ်တော့ မှ မဖွင့်ဖြစ်တဲ့ ပြတင်းတံခါးတွေ..သူဖွင့်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့..တစ်ခုပဲ.. သူစောင့်နေတာက နွေးထွေးတဲ့ နေရောင်ခြည်..အဲ့ဒီအချိန်ကျရင် တံခါးတွေ အလိုလိုပွင့်လာခဲ့မယ်ပေါ့..
အခန်းငယ်ထဲက မီးလုံးက သူ့ရဲ့ သက်တမ်းကုန်ဆုံးသွားလို့ အလင်းရောင်တွေ ထွက်ပေါ်မလာတာကြာပေါ့ သူဂရုမစိုက်ပါဘူး..သူသိထားတာက အမှောင်ဆိုတာ အမြဲကြီးဆိုး နိုင်တဲ့ အရာ မဟုတ်ဖူးဆိုတာ..
အနားက မသောက်ဖြစ်သေးတဲ့ ကော်ဖီခွက် ဘယ်တော့ အေးပြီးခဲသွားမလဲလို့ သူစောင့်နေတာ...ကော်ဖီပူပူ သူမကြိုက်လွန်းလို့..
အနက်ရောင် ဟန်းဖုန်းတစ်လုံး အရင် က စကားပြောတက်တဲ့ ဒီကိရိယာလေးဟာ ခုတော့လဲ ငြိမ်သက်နေလို့..သူမပူပါဘူး တစ်ချိန်ကျရင် ပြန်လည်အသက်ဝင်လာလိမ့်မယ်လို့ သူထင်နေဆဲမို့..
ဒါကြောင့်..သူ
ထိုင်နေကျခုံပေါ်မှာ မလှုပ်မယှက်..
2 comments:
Good post :-)
thank နော်
Post a Comment