Pages

Friday, March 16, 2012

လွမ်းမိတယ် ဘလော်ဂါတို့ရယ်..


သံယောဇဉ်ရယ် ဖြတ်ချင်ပါတယ် ဆိုမှာ တရစ်ပြီး တရစ်တိုး တယ်။
အရင် သံယောဇဉ်အဟောင်းတွေ တောင် ဖြတ်လို့ မကုန်နိုင်သေးတာ သံယောဇဉ်အသစ် ကထပ်ပြီးတိုးတော့ ကိုယ့်ဒုက္ခ ကိုယ်ရှာသလိုပါပဲ လား အိမ်မက်စေရာ..။

အလုပ်က ပြန်ရောက်တဲ့ အချိန်တိုင်း လက်က အော်တို ကွန်ပြူတာ ဖွင့်ပြီးသား..ပြီးရင် B ဆိုတဲ့ စလုံးလေးနှိပ် ကိုယ်ပိုင်အိမ်ကလေးထဲ ဝင်..။

ဒီနေ့ ဘယ်သူတွေ လာလည်သွားလဲ ကြည့်။
comment လေးတွေ ဖတ်ပြီးပြုံး။ အော် အရူး တစ်မျိုးပဲလား မသိ..။

ချစ်သူ ခင်သူတွေကို မမြင်မိ ပြန်တော့ ရင်ထဲ မှာ အလိုလို ဝမ်းနည်း ..
လာတောင် မလည်ဘူးရယ်လို့ တွေးမိပြန်ရော။ အော် သံယောဇဉ် တဲ့.. ချည်မှန်းမသိ ချည်မိတဲ့ ကြိုးရယ်ပါ..။

အပျော်တမ်းသက်သက် ရင်ဖွင့်ချင်ရုံသက်သက် ရေးခဲ့တဲ့ ဒီဘလော့ဒ်ရယ်..
ခင်မင်ကြရုံသက်သက် comment ပေးကြရုံသက်သက် ရင်းနှီးခဲ့ကြတဲ့ ဒီဘလော်ဂါတွေရယ်..
ခုတော့ ကိုယ့်ကိုယ် ကို မသိလိုက် ခင်မှာပင် ကြိုးတွေ တထပ်ထပ်တိုး အိုး သံယောဇဉ်မျိုးတဲ့..။

မတွေ့ရင် မနေနိုင်သလို အိမ်ကလေးတွေ မရောက်ရင် လွမ်းသလို နဲ့ အားရင်အားသလို သူတို့စီပြေး စာကလေးတွေရေး ကိုယ်ရောက်ခဲ့ကြောင်းအသိပေးလို့....ပြီးတော့ အိမ်ပြန်..။

ကိုယ့်အိမ်ပြန်ရောက်တော့လဲ မနေသာ မထိုင်သာ တခုခု မှ မရေးရင် မနေနိုင် အော်ကွယ် ဘာပဲ ဖြစ်ဖြစ် ချရေးမယ် ခံစားချက်ခြင်းဖလှယ်တာပဲ ဘာဖြစ်သလဲကွယ်နော်...။

ဧည့်သည်တွေကို စာရင်းပြုစု အသစ်တွေရှိရင် လိုက်လည် အဟောင်းတွေကို ဝင်နှုတ်ဆက် နဲ့ ကိုယ့်အိမ်ကို သူတို့ မရောက်တာ ကြာတော့လဲ နေကောင်းသလား တွေးပူရပြန်ရော..။

တခါတလေတော့ သူတို့ များမေ့သွားပြီလားတွေး အထီးကျန်သလိုလေး နဲ့...
အဖော်ပျောက် မှာ ကြောက်တဲ့ ကလေးလို ..။

ဒုက္ခ အဲ့ဒါ သံယောဇဉ်တဲ့...
ကိုယ်တိုင် မသိလိုက်ခင် မှာ သူ့ဟာသူ တွယ်ငြိ ဖြေကြည့်ဖို့ ခက်တဲ့ ဒီသံယောဇဉ်ကြိုး..
အဟောင်းတောင် မကုန်သေးဘူး..
အသစ်တွေက ထပ်တိုးလို့....
ဘလော်ဂါတို့ရယ် မတွေ့တာ ကြာရင်..
ရှင်တို့ကို ကျွန်မ လွမ်းတယ်...။

အိမ်မက်စေရာ
၁၆.၀၃.၁၂

16 comments:

လပြည့်ရိပ် said...

အမြဲ လာလည်ဖြစ်ပေမယ့် ခြေရာကျန်ခဲ့တဲ့ အကြိမ်ရေတွေက နည်းပါတယ်။ ဘလောခ့်ဂါတွေရဲ့ ဘဝကတော့ ဒီလိုပါပဲညီမရယ်... ဘလောခ့်ဝန်းကျင်က စာရေးသူတွေက ကိုယ့်မိသားစုဝင်တွေလိုဖြစ်လို့ ...

Mrs. Bagel said...

Miss you too :) အမြဲသတိရပါတယ်။ <3 mwah mwah!!

မောင်ဘုန်း said...

ထပ်တူပါပဲ ဗျာ .... အပျော်သဘော ဆို ပင်မဲ့ သံယောဇဉ် တော့ တော်တော်လေး ဖြစ်နေပြီ ... ။

စံပယ်ချို said...

အိပ်မက်လေးလိုပါပဲ ဒီကလဲ လွမ်းနေတာပါရင်ဘတ်ထဲကပေါ့
ချစ်တဲ့ sis jasmine

လွင်ပြင်လှိုင်းငယ် said...

ခံစားချက်လေးတွေ တူကြပါတယ်

Mae Coe said...

:) ...
ဒီလောကမှာ အနေကြာတော့လည်း နေသားကျသွားမှာ ညီမလေး :)

Candy said...

အဟိဟိ...
မီးလည်း အဲ့တိုင်းပဲ...
ကွန်ပျူတာဖွင့်ရင် သူက အရင် :P :P

8Yar said...

မှန်တယ်ဗျာ။ အခုကျွန်တော်တို့မှာ လွမ်းရမယ့်သူတွေ ပိုပိုများလာတာပေါ့။ လွမ်းပြီးရင်လည်း ခံစားရတယ်ဗျာ။ မကောင်းဘူး။

ဟန်ကြည် said...

ဘလော့ရွာကလည်း ချစ်စရာကောင်းတာကိုး ဦးဟန်ကြည်ဖြင့် စာမေးပွဲတွင်း အလုပ်များတာတောင် သတိရတိုင်း ဘလော့ဖွင့်ကြည့်မိတုန်း...

Yin Sue said...

အိမ်မက်ရေ ငါလည်းလွမ်းလို့ လာလည်တယ်.......နင့်စာတွေ့တော့ ငိုချင်လာတယ်...လွမ်းလို့........ဟင့်......ဟဲစတာနော်.....သံယောဇဉ်တွေက ဖြတ်ရတော့ ခက်ကုန်ပါပြီ....အတူတူပဲပေါ့ဟာ.....ခံစားချက်တွေက....

လရိပ်အိမ် said...

ကောမန့်မရေးဖြစ်ပေမဲ့အမြဲလာကြည့်ဖြစ်ပါတယ်

Snow May said...

ရေးထားတာလေးကောင်းတယ်..စနိုးကတော့ အမြဲလာလည်ဖြစ်ပါတယ်.

မဒမ်ကိုး said...

နာတို့ကိုတော့မလွမ်းလောက်ဖူးထင်ပါရဲ့အေ :P

ချစ်တဲ့

အမဒိုးကန်

အလွမ်းမြို့ said...

တယ်ကောင်းတဲ့ ခံစားချက်စာသားတွေ။
ဘဝ တူတွေရှိနေသေးတာကိုး။။


ခင်မင်တဲ့
အလွမ်းမြို့

Anonymous said...

အဟတ် ဘ၀တူ အရူးတစ်ယောက်ရှိနေသေးသကိုးး)း)


မောင်ဘကြိုင်

Unknown said...

q3m99l4c82 e2x48t0q34 f3o21i5y59 p2p02r5k91 w5i12t0j90 l5g54w2i36