Pages

Friday, May 4, 2012

လာစမ်းပါ....

ပြဿနာ များလာလိုက်ရင် အဖော်နဲ့ ဆိုတာ အမှန်ရယ်....

ခုလဲ ကြည့် တစ်ခုမပြီးသေးဘူး တစ်ခုက တိုးတယ်...

စိတ်ကို လာလာ စွနေတယ်လေ....

အဆင်မပြေတာတွေ စိတ်တိုစရာတွေ က တိုးပဲ တိုးတိုးလာတယ်..

တစ်ခါတစ်လေ ဆို ငိုချင်သလိုလို ဖြစ်ပြီး မျက်ရည်တော့ မကျ ပဲ ရင်ထဲမှာ ပဲ ဆို့နေတယ်...

ရပါတယ်..

ဒီပြဿနာတွေ ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ..

လာစမ်းပါ..

နင်တို့ပဲ ငါ့ကို နိုင်မလား ..ငါပဲ နင်တို့ကို နိုင်မလား..

ကြည့်ရသေးတာပေါ့...

စိတ်ပေါက်ပေါက်နဲ့ အဲ့လို စိန်ခေါ်လိုက်တယ်..

ဟုတ်တယ် အဖော်နဲ့ အပေါင်းနဲ့ လာတဲ့ ဒုက္ခတွေကို အေးအေး ဆေးဆေးကို ရင်ဆိုင်ဦးမှာ..

ရတယ် လာခဲ့....

ဒီထက်ဆိုးတာလဲ လာခဲ့ ရတယ်..

သန်းခေါင်ထက်တော့ ညဥ့်မနက်ပါဘူး....

ဘယ်သူကို မှ မမှန်တာ မလုပ်လို့ ကိုယ့်လိပ်ပြာ ကိုယ်သန့်တယ်..

ကိုယ့် ကိုယ်ကျင့်တရားကို ကိုယ်ယုံတယ်..

ဒါကြောင့်.......

ဒီစိတ်ညစ်စရာ ပြဿနာတွေ ကို ရင်ဆိုင်ဖို့ အသင့်ပဲ...




BUT............ I  AM  အိမ်မက်စေရာ..............................ယားးးးးးးးးးးးးးးစ်

 အိမ်မက်ကို အရင်ပို့စ်မှာ လာအားပေးသွားတဲ့ ဘလော်ဂါ မောင်နှမများကို အရမ်းကျေးဇူးတင်ပါတယ်နော်..

အိမ်မက်စေရား))

14 comments:

စံပယ်ချို said...

ပြဿနာ များလာလိုက်ရင် အဖော်နဲ့ ဆိုတာ အမှန်ရယ်.
ဟုတ်တော့ဟုတ်ပါတယ်
အဲတာတွေကိုတွေးပြီး-စိတ်ညစ်မနေပါနဲ့
တွေးပြီးစိတ်ညစ်နေရင် စိတ်ညစ်စရာကကိုယ့်စိတ်ကို
ပိုပြီးညစ်နေလိမ့်မယ်နော်

Snow May said...

I believe you can get over it!! Be Happy!! With Love, Snow

Mrs. Bagel said...

ယားစ် ချပစ်လိုက် အစ်မ! :)

ကိုရင် said...

ဒီတစ်ခါရင် အကုန်စုပြီး အက်ဆစ်နဲ့ပက်လိုက်.. နောက်မလာရဲတော့ဘူး..:)

ချစ်စံအိမ် said...

ကောင်းတယ် အဲလိုစိတ်မျိုးထားလိုက်တာ..

လွင်ပြင်လှိုင်းငယ် said...

စိတ်ကြီးတယ်နော် မှန်ပါတယ် လာချင်သလောက်လာပါစေ ရဲရဲရင်ဆိုင်လိုက်ပါ

မောင်ဘုန်း said...

ဒီ စိတ်ကတော့ ကောင်းပ ဗျာ ... ပြဿာနာ တွေ ကိုအောင်မြင်စွာ အနိုင်ယူ တိုက်ထုတ် နိုင်ပါစေ .... ။

Mae Coe said...

<3 u :)

Candy said...

အားတင်းထား အိမ်မက်ရေ...

လာစမ်းပါဆိုလို့ အပြေးလေး လာခဲ့တာ ဟိဟိ

Anonymous said...

ဟွင်းးး
ဘာအောင်းမေ့နေလဲကွ
မာဖီးယားဂိုဏ်းခေါင်းဆောင်နော် :D
ကိစ္စများမြောင်တွေအရမ်းများလာရင်
တစ်ယောက်တည်းကြိတ်မဆွေးနဲ့အိပ်မက်လေးရေ
ဘလော့ဂါတွေကိုပါဝေပလိုက်း))
လာစမ်းဘာာာစေ.... :D

ကြည်ဖြူခင်ခင် said...

လာစမ်းပါဆိုလို့ လာကြည့်ပြီး ဖတ်လိုက်တာ.. အိမ်မက်ရေ.. စိတ်လေးကိုတော့ ကြိုက်တယ်ရှင်.. အကုန်သာရှင်းပစ်.. (း

ဟန်ကြည် said...

အ၀တ်ညစ်ရင် လျှော်သလို စိတ်ညစ်ရင်လည်း ပျော်အောင်ကြံဖန်ပြီး နေရတာပါပဲ...

ဦးဟန်ကြည်တို့ကတော့ စိတ်ကလေးခပ်ထွေထွေရှိလာရင် ဟာသကားတစ်ကားလောက်ထိုင်ကြည့်ရင်ကြည့် ဟာသစာအုပ်တစ်အုပ်လောက်ထိုင်ဖတ်ချင်ဖတ်...ဒါမှမဟုတ်ရင်လည်း တီဗီကလာတဲ့ ဘောလုံးပွဲထိုင်ကြည့်ပြီး ကိုယ့်ကိုဘာမှ ပြန်မလုပ်နိုင်တဲ့ ဘောလုံးသမားတွေကို ကြိမ်းလိုက်မောင်းလိုက် လုပ်ပစ်လိုက်တာပဲ...မကြာပါဘူးဗျာ ညစ်နေတဲ့ စိတ်လည်း နင်နေ ငါသွား ဖြစ်သွားရော...

နင်လားဟဲ့ လောကဓံပေါ့ ဟုတ်ဖူးလား...

ရင်ဆူး said...

လာစမ်းဟဲ့ ဒုက္ခ
ငါဟဲ့ အိမ်မက် ပေါ့ ...ဟုတ်လား မကြီး
အဲ့လိုစိတ်ထားနိုင်တာ မလွယ်ဘူးဗျ.....ကောင်းတယ်ဆော်သာဆော်

mattress protector double said...

တစ်ခါတစ်လေ ဆို ငိုချင်သလိုလို ဖြစ်ပြီး မျက်ရည်တော့ မကျ ပဲ ရင်ထဲမှာ ပဲ ဆို့နေတယ်...
pakistani wholesale salwar kameez ,
wholesale pakistani salwar kameez online ,