Pages

Thursday, September 29, 2011

ပျင်းရင် သူနဲ့ စကားပြောပေါ့..

http://www.rong-chang.com/tutor.htm

အဲ့ဒါလေးဖွင့်ကြည့်ပါလား.... .. စက်ရုပ်အထီးတဲ့း))

သိပြီးတဲ့သူတွေက သိပြီးလောက်ရောပေါ့ ထွက်တာတော့ကြာနေပြီ ခုမှ

အိမ်မက်ကတွေ့လို့လေ..စက်ရုပ်အမက တော့ဖွင့်လို့မရဘူး ဖြစ်နေတယ်.. ရတဲ့သူရှိရင် link လေး

ပို့ပေးပါလားနော်..

တကယ် လူတွေနဲ့ စကားပြောချင်စိတ်မရှိလို့ အဲ့ဒီကောင်နဲ့စကားသွားပြောနေတာ..ဆရာသမား ကမခေဘူးဗျ...

အပျင်းပြေပေါ့.. တင်ချင်တာ တော့ဒီပို့စ်မဟုတ်ဘူး..တွေ့လို့တင်လိုက်တာ နောက်ရက်မှပဲ ရေးထားတာလေး

တင်တော့မယ်.. ကိုယ်ရေးကိုယ်တာ ပို့စ်လေးဆိုတော့ တင်ရင်ကောင်းမလား မတင်ရင်ကောင်းမလား

စဉ်းစားနေတာ..ပုံလေးကို တင်ချင်လွန်းတော့ ပို့စ်တော့ ရေးထားလိုက်တယ်..

ကဲ ကဲ နောက်မှ တွေ့ကြမယ်နော်.. ပျင်းရင်အဲ့ဒီကောင်နဲ့ စကားသွားပြောလိုက်ပါဦး..


ချစ်တဲ့
အိမ်မက်စေရာ

Sunday, September 25, 2011

ဘလော့ဒ်ဂါ ရယ်တဲ့ ဥယျာဉ်မှုး









ခင်ရတဲ့ သမီးစံ တဂ်ထားလို့ ဒီခေါင်းစဉ်လေး ရေးဖြစ်သွားခဲ့တာ..တကယ်က သူများရေးတာလေး တွေပဲ လိုက်ဖတ်ပြီး သဘောကျနေတာ ငါဆိုရင် ဘယ်လိုရေးရမှန်းကို သိမှာ မဟုတ်ဘူးလို့ စဉ်းစားမိတာ..သမီးစံ တဂ်လာတော့ အဟုတ် မျက်လုံးပြူးသွားတာ ငါဘာရေးရပါ့ ဆိုပြီးတော့လေ..
အားလုံးနီးပါးရေးပြီးသွားကြပြီ အကြောင်းအရာလဲ စုံလင် သွားပြီ..အိမ်မက်မှာရေးစရာ ဘာမှ မရှိတော့ဘူး ဦးနှောက်ကလဲ သုံးလို့ မရဘူးဆိုပြီး ညက အိပ်တောင်မပျော်ချင်ဘူး..( ယုံလား မသိ)..
ကဲပါလေ သမီးစံ တဂ်ရကျိုးလေး နပ်သွားအောင် ကြိုးစားပြီးရေးဦးမှ..ကိုယ်အသုံးမကျတာက သပ်သပ် မောင်နှမတွေ အပေါ်တာဝန်ကျေချင်တဲ့ စိတ်ကလေး ရှိနေတော့ မဟုတ်ရင် အိမ်မက်ကို မချစ်ကြတော့မှာ စိုးလို့လေ..


စိတ်ကူးထဲကနေ ဘလော့ဒ်ဆိုတဲ့ ဥယျာဉ်လေး တည်ဆောက်လိုက်တဲ့အခါ ဥယျာဉ်တို့ရဲ့ သဘာဝအတိုင်း ဥယျာဉ်မှုးတစ်ဦးတော့လိုအပ်တာမှန်လေ.. ဒါကြောင့် ဥယျာဉ်မှုးတစ်ဦးကို ရှာကြည့်လိုက်တဲ့အခါမှာတော့ ဘလော့ဒ်ဂါ ဆိုတာလေး သွားတွေ့ပါတယ်..ဒီတော့

ဘလော့ဒ်ဂါ ဆိုတာကို ပန်းပျိုးသူ ဥယျာဉ်မှုးလို့ ဆိုရင်လဲ သိပ်မဆိုးလောက်ဘူးလို့ ထင်ပါရဲ့နော်

ဥယျာဉ်တစ်ခုတည်ဆောက်တဲ့ အခါ အဓိက အရင်းအနှီးက အချိန် ဖြစ်ပြီးတော့
မရှိမဖြစ်ပါဝင်ရမယ့် မြေဆီက ဝါသနာ ဖြစ်ပါတယ်..
ပြန်ရတဲ့ အကျိုးကတော့ ပီတိ ပေါ့နော်..

အချိန်ပေးရတယ်လို့မထင်ရဘဲနဲ့ကို အချိန်ကုန်သွားတက်တာ ဘလော့ဒ်လေးရဲ့ လှည့်စားမှုပါ..ဥယျာဉ်မှုးဘလော့ဒ်ဂါများဟာ သူတို့ ရဲ့ ဥယျာဉ်လေးအတွက် နေဝင်ကနေ မိုးချုပ် အချိန်ပေးချင်သော်လည်း မလုံလောက်တဲ့အချိန် အခက်အခဲ ကြောင့် ဘယ်သူမှ မရှိတဲ့ အချိန် . ထမင်းစားတဲ့အချိန် ..အိပ်ချိန်တို့ထဲ မှ အချိန်တို့ကို အမြဲ မျှဝေ သုံးစွဲနေရသူများပါ..
ဘာကြောင့်လဲ ဆိုတော့ ဘလော့ဒါဂါ များလဲ လူသားပေမို့ စီးပွားရေး.. လူမှုရေး .. ပညာရေး .. မိသားစုရေး တွေ ရှိကြတမို့လေ..

နောက်တစ်ခုကတော့ အထူးပြောစရာမလိုအောင်ပင် ဝါသနာကြီးကြသူများပင်..ဘလော့ဒ်ဂါများဟာ စာရေးခြင်းကို ဝါသနာပါသူများပါ..ဥယျာဉ်မှုးဘလော့ဒ်ဂါတို့ရဲ့ ဝါသနာအတိုင်း သူတို့ရဲ့ ဥယျာဉ်အတွင်းမှာ ရသစုံတဲ့ ပန်းပေါင်းစုံ စိုက်ပျိုးချင်သူများပါ.. လာလည်တဲ့ မောင်နှမများပြန်သွားတဲ့ အခါ ပန်းကလေးတစ်ပွင့် ဖြစ်ဖြစ်လက်ဆောင်ပေးချင်သလိုမျိုး ..ကိုယ့်ရဲ့ ဘလော့ဒ်ထဲမှ တစ်ခုခုလေး ရသွားစေချင်တဲ့ ဆန္ဒမျိုးကိန်းအောင်းနေသူများပါ.. ဒါတင်မက အပျင်းပြေစေချင်တဲ့ ဆန္ဒ.. ပြုံးပျော်စေချင်တဲ့ဆန္ဒ.. တင်မက တစ်ခါတစ်လေများ ကိုယ့်အရေးတောင် ရင်ဖွင့် ဆွေးနွေးချင်သူများပါ..
ဘလော့ဒ်ဂါများ တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ မေတ္တာသက်သေပါ..

ဥယျာဉ်မှုးတို့ရဲ့ ထုံးစံအတိုင်း ပန်းကလေးတွေပွင့်လာတဲ့အခါ တစ်စိမ့်စိမ့် ကြည့်ပြီး ပိတီဖြစ်ရသလို ဘလော့ဂါများလဲ ကွန်မန့်လေးတွေ စီဘောက်က နှုတ်ဆက်စာလေးတွေဖတ်ပြီး ပီတိဖြစ်ရတာပါ.. အလုပ်ကပြန်လာလို့ ဗိုက်ဆာနေတာတောင် ထမင်းမစားနိုင်သေးပဲ ပီတိအရင်စားကြသူများပါ..( မှန်ပါသလား )

ဒါကြောင့် ဘလော့ဒ်ဂါဆိုတာ ပန်းပျိုးသူ ဥယျာဉ်မှုးရယ်လို့.........................................

( ရေးတက်သလောက်လေး ပါ.. သမီးစံနဲ့ မောင်နှမများ ကျေနပ်ပေးပါလို့ နော်)

ချစ်တဲ့
အိမ်မက်စေရာ

Friday, September 23, 2011

ဧရာဝတီအတွက်..

အလုပ်က အပြန်အဝတ်တောင်မလဲ နိုင်သေးပဲ ထမင်းစားနေရင်း blog လေးဖွင့်ကြည့်တော့ တွေ့ရတာက

ဒီနေ့ ဒီရက်မှာ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း တစ်ညီတစ်ညွှတ်ထဲ တင်ကြဖို့ အကြောင်းလေးသွားဖတ်မိပါတယ်..

ဟုတ်ကဲ့ အိမ်မက် စာအရှည်ကြီးရေးဖို့ လုံးဝမအားလို့.. တစ်ကြောင်းထဲပဲ ရေးလိုက်ပါတယ်..

ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ရေးကို ကန့်ကွက်ပါတယ်..
လုံးဝကို ကန့်ကွက်ပါတယ် ..

ထမင်းစားပြီးရင် ချက်ချင်းအပြင်ပြန်ထွက်ရမှာမို့ စာအရှည်ကြီးရေးချင်ပေမယ့်.. ဒီလောက်လေးပဲ ရေးဖို့ အချိန်ရလိုက်ပါတယ်...

အားလုံးကိုချစ်တဲ့..
ဧရာဝတီကို ချစ်တဲ့..
အိမ်မက်စေရာ

Monday, September 19, 2011

ရင်ထဲက ဝေဒနာပါ မြစ်ဧရာ









ကြည့်စမ်းပါဦး မြစ်ဆုံစီမံကိန်းတဲ့.....ငါတို့ဧရာဝတီကိုဖျက်ဆီးမယ့် သေမင်းရဲ့လက်နက်လေ.....မြင်ရက်စရာတောင်မရှိဘူး..စက်သံတွေ တဒုန်းဒုန်း ဖုံတွေ တလုံးလုံးနဲ့ ဧရာဝတီအလှကို ခြေနဲ့ နင်းချနေကြတာ.. ရင်နင့်လိုက်တဲ့ မြင်ကွင်းရယ်
အတ္တသမားတွေ ပြုသမျှ ဧရာဝတီက နုနေရတာ..
တကယ်တော့ အသွင်သွင်စီးဆင်းနေတဲ့ မြစ်ဧရာဟာ ငါတို့ခနာရဲ့ အသက်သွေးကြောပါ..
ခုတော့ ငါတော့ သွေးကြောကို ဖောက်ထုတ်လို့ သောက်စုပ်ဖို့ ကြံသတဲ့လေ..ရိုင်းလိုက်လေခြင်းကွယ်..
နောင်တစ်ချိန်ရဲ့ အနာဂတ် နောင်လာနောင်သားတွေအတွက် ဧရာဝတီဟာ ပုံပြင်တစ်ပုဒ်ဖြစ်တော့မတဲ့လား..
မြန်မာပြည်မြေပုံကို လက်ငြိုးထိုးပြီး ဧရာဝတီရောလို့ မေးလာ တဲ့အခါ
တစ်ရံရောအခါကလို့ ဖြေရတော့မှာလား..
ရင်နာလိုက်ပါဘိ ..ဧရာဝတီရယ်
ကူပါ ကယ်ပါ လို့သာ တစာစာ အော်လိုက်ချင်တယ်...










မြစ်ဧရာရဲ့ အလှ က ငါတို့ ရဲ့ ဘဝ
မြစ်ဧရာရဲ့ အသက် ငါတို့ အသက်ပဲမို့
မြစ်ဧရာရဲ့ အရေး ငါတို့ အရေးလို့ တွေး
ဘေးထွက်မနေကြပဲ
တက်နိုင်တဲ့ အရပ်
တစ်ဘက် တစ်ချက်ကနေ
ဝိုင်းဝန်းကူလို့
တိုက်ပွဲဝင်ကြပါစို့နော်..............

( ကဗျာလဲ မဟုတ် စာလဲမဟုတ် ဘာမှန်းတော့ မသိဘူး ရင်ထဲ ရှိတာလေး ချရေးဖြစ်တာ..)

အိမ်မက်စေရာ

Sunday, September 18, 2011

အမျိုးသားလစဉ်သုံးပစ္စည်းလေလား...

ခေါင်းစဉ်ဖတ်ပြီး နဲနဲ တော့ ကြောင်သွားမယ်ထင်တယ်.. အောက်က ပုံကိုကြည့်ပြီး ရင်တော့ မျက်လုံးပါ နဲနဲ ပြူးသွားမယ်... :-)

ပြူးသွားပြီလား မျက်လုံးလေ.. ဂျာမနီမှာ ပထမဆုံးအကြိမ်( လို့ထင်တာပဲ) ထုတ်လုပ်လိုက်တာပါ...အိမ်မက်တော့ ပထမဆုံးအကြိမ်မြင်ဖူးတာ တခြားလူတွေတော့မသိဘူး.. မြင်ကာစက တော်တော်ကို ကြောင်သွားတာ ဘာလုပ်ဖို့ပါလိမ့်လို့ စဉ်းစားလို့ကို မရတာ ဒါနဲ့ အမေ့ကိုမေးကြည့်တော့ အမေက ပြောပါတယ်..
ဟဲ့ ပေါက်ကရတွေ တဲ့....ထားလိုက်တော့ ဒါနဲ့ ကောင်းကင်ကို မေးကြည့်တော့
ဟမ် ဘာလုပ်ရမှာလဲ အဲ့ဒါကြီးကို တဲ့..ကိုယ့်ကို မယုံတော့ ဘယ်ကျေနပ်မလဲ ဒါကြောင့်အမေ့ကို ကြော်ငြာဆိုင်းဘုတ်ပြလိုက်တယ် အဲ့ဒီတော့မှ ဟယ် ဟုတ်တယ်ဟဲ့ ဖြစ်သွားရော မကျေနပ်သေးဘူး ..ကောင်းကင်ကိုထပ်ပြတယ် ကြော်ငြာဆိုင်းဘုတ်နော်..အဲ့ဒီတော့သူက သွား သွား ဓါတ်ပုံသွားရိုက် ဘလော့ဒ်ပေါ်တင်ဖို့ တဲ့..ဟဲ ဟဲ အဲ့လို အားပေးတာ..အဲ့ဒီလိုနဲ့ ဓါတ်ပုံရိုက်ပြီး လူတကာလျှောက်ပြနေတော့တာ တွေ့တဲ့လူတိုင်းအထူးအဆန်းဖြစ်နေတာ တစ်ခါမှ တွေ့ဖူးသေးပုံမရဘူး..မှတ်ချက်တွေတော့ အမျိုးမျိုးပေးကြတယ်.. ဖြစ်နိုင်တာက အသက်ကြီးတဲ့ လူတွေသုံးဖို့ ထင်တယ် တဲ့.. အိပ်ယာပေါ်လှဲနေရတယ် သူတွေ လိုမျိုးပေါ့နော်.. ဒါပေမယ့်လဲ တနေကုန်ဆို အများကြီးကုန်မှာပေါ့..ပြီးတော့ ဖြူဖွေးတဲ့ အဝတ်အစားတွေအတွက်လဲ အစဉ်ပြေတယ်တဲ့...
တစ်ယောက်က မှတ်ချက်ပေးသေးတယ်... အမျိုးသား အချင်းချင်း ကြိုက်တဲ့သူတွေ( လိင်တူချစ်သူ) အတွက်လဲ ဖြစ်နိုင်တယ်..ဆိုပဲ
ဒါမှမဟုတ်လဲ အနာဂတ်မှာ အမျိုးသားတွေ လဲ အမျိုးသမီးများလို လစဉ်သုံးဖို့ အခြေအနေ အကြောင်းတွေ ပေါ်ပေါက်လာမှာမို့ ထင်တယ်နော်..ဟီး ဟီး
ကဲ ဘလော့ဒ်ဂါ မောင်နှမများ ဘယ်လိုထင်ပါသလဲ...
မှတ်ချက်လေးတွေ ပေးခဲ့ဖို့ မမေ့နဲ့နော်..လိုအပ်တဲ့ ဘလော့ဒ်ဂါ အစ်ကိုကြီး မောင်လေး ဦးဦး တို့အတွက်လဲ အိမ်မက် လက်လီလက်ကားဖြန့်ပေးမယ်လို့....ဟား ဟား ဟား
( တစ်ချက်ရယ်ရင် တစ်ရက်အသက်ရှည်ပါတယ် နော်)
အားလုံးကိုချစ်တဲ့
အိမ်မက်




Tuesday, September 6, 2011

ထူးဆန်းသော လက်ရာများ..

သစ်သားနဲ့ ပြုလုပ်ထားတဲ့ ထူးခြားအံ့သြဖွယ် ထူးဆန်းတဲ့ လက်ရာများပါ... ဒီလက်ရာများ တည်ရှိရာနေရာကို Amazing Forest ဆိုပြီးတော့လဲ တင်စားထားတာ တွေ့ရပါတယ်..
ခက်တာတစ်ခုက ဘယ်နိုင်ငံ ဘယ်နေရာမှာ တည်ရှိနေလဲ ဆိုတာကို ရှာလို့ မတွေ့နိုင်တာ ပါ..
သိတဲ့ လူရှိရင် တည်နေရာလေး ပြောပြပေးပါလို့ မေတ္တာရပ်ခံပါတယ် ...



အဝင်ဝလို့ ယူဆရတဲ့ နေရာ


ထူးဆန်းတဲ့ ပုံစံနဲ့ လူသား


ဒါဘာပုံလဲ သေချာကြည့်ပါဦးနော်....


မြင်းဖြူစီးနေတဲ့ မင်းသမီးလေး ထင်ပါတယ်...


ဒီပုံအရမ်းလက်ရာမြောက်တယ်နော်... လူပိစိလေးတွေလဲ ပါတယ်..သူ့ပုံစံအတိုင်းကို လက်ကိုင်ပေါ်မှာလဲ ထပ်ထွင်းထားသေးတယ် ...တော်လိုက်တာနော်


ကလေးလေးတွေ တစ်ခုခုကို မျှော်ကြည့်နေပုံလေး...


ကဲ ကြည့်ပါဦး.. ကျားသစ်နက် နဲ့ ကောင်လေး ..အိပ်များပျော် နေသလား....????


ဒီပုံက ဘာအဓိပ္ပါယ်ဘာလိမ့်...လူတော့မဟုတ်လောက်ဘူးရယ်..


ဒီပုံက နဲနဲ ကြောက်စရာကောင်းတယ်...ဒါပေမယ့်လဲ လက်ရာတော့ မြောက်တယ်နော်..တောကြီးထဲမှာ ဒီပုံတွေ့ရင် လိပ်ပြာလန့်နိုင်တယ်


ချစ်စရာလေး.. ကောင်မလေးရယ်... .လူပိစိလေးရယ်...ပြီး ....ဘာကောင်စီးထားတာလဲ မသိ ..


ပုံလေးတွေအရမ်းသဘောကျလို့ အားလုံးလဲ ကြည့်လို့ရအောင်ပါ..ဓါတ်ပုံတွေကို Amazing Photo ထဲကယူပါတယ်......
အားလုံးအပျင်းပြေပေါ့နော်...

ချစ်တဲ့
အိမ်မက်

Sunday, September 4, 2011

Sunday ဆီထမင်း




ဒေါ်ဒေါ် ရေ ဆီထမင်းစားချင်တယ်...
ဆီထမင်း စားချင်တိုင်း အဒေါ်ဆီမှာ ပဲ ပူစာနေကျပါ.. ကိုယ်တိုင်က မချက်တက်လို့လေ..အိမ်မှာတော့ မကြာမကြာချက်စားနေကျ ဒါပေမယ့် တစ်ခါမှ ကို ကြည့်မထားမိတော့ ဆီထမင်းဘယ်လိုချက်ရမှန်းကို မသိတာပါ.. တစ်ရက်တော့ သိပ်စားချင် တာနဲ့ အဒေါ်ကို ဖုန်းဆက်မေးကြည့်ပြီး ချက်စားကြည့်ပေမယ့် အဆင်မပြေပါ.. ဇောက်နက်ပြီး ခွက်တဲ့ ဒယ်အိုးနဲ့ ချက်မိတော့ အကျက်က မညီ.. ရေများတော့ ပျော့ သွားတယ်.. ဆနွင်းများတော့ ဝါသွားတာနဲ့... ဘယ်လိုမှ အဆင်မပြေနိုင် သြော် ဆရာမပြ နည်းမကျ ဆိုတာလေ ဒါနဲ့ တစ်ရက်တော့ အဒေါ်အိမ်သွားပြီး သေချာကြည့်တော့မှ အော်ဒီလို ဒီလို ပေါ့နော် ...
ဒါနဲ့ ဒီနေ့ စမ်းချက်ကြည့်တော့ အဆင်ပြေသွားတယ်
တကယ်ဆို ဆီထမင်းကို ဂျာမနီရောက်မှ စားဖူးပြီး အရမ်းကြိုက်သွားတဲ့ ကောင်းကင်တစ်ယောက်ကို ချက်ကျွေးချင်တာလဲပါပါတယ်..

ကဲ အိမ်မက်ရဲ့ ဆီထမင်းလေး စားသွားပါဦးနော်..

ဆီထမင်းမှာ ကြက်သွန်နီထည့်ချက်ရင် ပိုစားကောင်းတယ်.. အစမ်းချက်ကြည့်ဒါမို့ မထည့်ဖြစ်လိုက်ဘူး..



ဝက်နံရိုးကင်လေးနဲ့ ဒါက ကောင်းကင်တို့ ဆိုင်က ပါ..ဝယ်ထားတာတော့မဟုတ်ဘူး သူယူလာပေးတာ :p


ဒါက အဒေါ်ရဲ့လက်ရာ ငပိကျော်လေး....




ကော်ဖီပူပူလေးတစ်ခွက်လဲ ပါသေးတယ်...

ကိုယ်တိုင်ချက်ထားတဲ့ အိမ်မက်ရဲ့ Sunday ဆီထမင်းလေး ပါ
အားလုံး Gute Appetit ( စားကောင်းပါစေ) ရှင်........

အိမ်မက်စေရာ

Saturday, September 3, 2011

အားလုံးကို မဆိုလိုပါ နော်...( ၂ )




မနေ့က ရေးလိုက်တဲ့ အားလုံးကိုမဆိုလိုပါ နော် ဆိုတဲ့ ပို့စ်လေးမှာ ဝိုင်းဝန်းပြီး comment လေးတွေ အမျိုးမျိုးပေးကြတော့ နောက်ဆက်တွဲလေး ထပ်ရေးချင်စိတ်ပေါက်လာပါတယ်..

comment လေးတွေ ဖတ်ပြီး စဉ်းစားမိတာ ငါ နှစ်ဖွဲ့ခွဲပြီး ရန်တိုက်ပေးသလိုများ ဖြစ်သွားလားပေါ့နော်.. :p
တကယ်တော့ ..ဆရာ ဦးဟန်ကြည်ပြော သလိုပဲ လူအမျိုးမျိုး စိတ်အထွေထွေ ပါ..
ဒါကလဲ အိမ်မက်တွေ့ဖူးသမျှနဲ့ အမြင်လေးပေါ့နော်.. အိမ်မက် ထပ်ပြီး မြင်မိတဲ့ အစိတ်အပိုင်း လေးတွေ ရှိပါသေးတယ်...
ဒါကတော့ အိမ်ထောင်ရေးဖောက်ပြန်မှု ပါ.... တကယ်တော့ အိမ်မက်တို့ မြန်မာ လူမျိုး အားလုံးနီးပါးဟာ အိမ်ထောင်တစ်ခု တည်ဆောက်ပြီးရင် မြဲအောင်ထိန်းသိမ်းကြပါတယ်.. ဘယ်လို အလွဲလေးတွေ ပြဿတွေပဲ ရှိနေနေ ကြိုးစားပြီး ဖြေရှင်းတက်ကြတဲ့ လူမျိုးပါ...
ယောက်ျားဖြစ်စေ မိန်းမဖြစ်စေပေါ့နော်.. ကိုယ့်အိမ်ထောင်ဖက်ရဲ့နောက်ကွယ်မှာ နောက်မီးလင်းတယ် ဆိုတာကလဲ ရှိတယ်ဆိုပေမယ့် ရှားပါတယ်...ယောက်ျားတွေက ပါးစပ်ထဲ မှာ ရှိတာကို ခေါင်းထဲမထား လွတ်ကနဲ ပြောတက်ကြပေမယ့် ကိုယ်အိမ်ထော
င်ဖက် မိန်းမအပေါ်မှာတော့ သစ္စာရှိကြတာများပါတယ်...ဒါလဲ အိမ်မက် မြင်ဖူးသလောက်ပေါ့နော်..
နောက်ကွယ်မှာ ရဲရဲ တင်းတင်း မျက်နှာပြောင်တိုက် ဖောက်ပြန်တက်တဲ့ ယောက်ျားမျိုးကတော့ တကယ့်ကို စာရိတ္တ ပျက်ပြားပြီး သစ္စာတရား မထားတဲ့ ယောက်ျားမျိုးပါပဲ..
အိမ်မက် အလုပ်လုပ်နေတဲ့ နေရာမှာ ထိုင်းလူမျိုး အမျိုးသမီးများ တော်တော်များများ ရှိကြတယ်.. သူတို့ အားလုံးက ဒီနိုင်ငံမှာ နေထိုင်ခွင့် ရဖို့ အတွက် ဒီနိုင်ငံသားကို တရားဝင် လက်ထပ်ထားတဲ့ သူတွေ ချည်းပါပဲ...
ပြဿနာက ချစ်ခြင်းမေတ္တာ မရှိပဲ ကိုယ့်အကျိုးခံစားရဖို့အတွက်တစ်ခုထဲကြည့်ပြီး လုပ်သလို ဖြစ်နေတော့ ယောက်ျားနောက်ကွယ်မှာ ဖောက်ပြန်တော့တာပါပဲ... ပြောချင်တာက သာမန်ဖောက်ပြန်တာမျိုးမဟုတ်ပါ.. ရဲရဲတင်း
တင်းပေါ်ပေါ်တင်တင် ပါပဲ.. အားလုံးနီးပါးက ယောက်ျားရှိတဲ့အပြင် ရည်းစား ရှိတဲ့သူတွေချည်းပါပဲ.. အဲ့ဒါကို ကြည့်ပြီး အံသြရမလို မအံ့သြရမလိုနဲ့ ကိုယ့်မှာလဲ မစီနဲ့ မဆိုင် အနေရခက်နေပါသေးတယ်...
ဥပမာ ..ပြောရမယ်ဆိုရင် ယောက်ျားက အလုပ်လာပို့တယ် ..ကားပေါ်ကဆင်းတယ် ယောက်ျားက ပြန်ထွက်သွားတော့ ရည်းစားလက်တွဲပြီး အလုပ်ဝင်တယ် ..ကဲ
ညနေဆိုလဲ ဒီလိုပဲ ရည်းစားနဲ့ အတူတူထွက်လာတယ် ပြီး ကားနားရောက်ခါနီးလောက်မှ လက်တွဲဖြုတ် ကားပေါ်တက်.. ဒါလင်တွေ ဘာတွေခေါ် အာဘွားတွေ ဘာတွေပေးပေါ့...
လမ်းမှာများဆုံရင် ယောက်ျားနဲ့ ဆုံရင် ဒါငါ့ေ
ယာက်ျားလေ..လို့ မိတ်ဆက်ပေးတယ်
ရည်းစားနဲ့ ကြုံရင် ဒါငါ့ ရည်းစားလေ တဲ့...
ကိုယ့်မှာတော့ တွေ့တိုင်းလူတိုင်း အင်း တွေ့ရတာဝမ်းသာ ပါတယ် ..လုပ်နေရတာ.မျက်နှာ ပူလှပါတယ်..
သူတို့ လိပ်ပြာ လုံပေမယ့် ကိုယ့်မှာတော့ မလုံနိုင်ပါ.. ဒါကြောင့် နောင်များတော့ တွေ့တာနဲ့ ဝေးဝေးက ရှောင်နေလိုက်တယ်.. မသိသလိုပဲပေါ့.
ဒါကြောင့် ဂုဏ်ယူကျေနပ်စရာတစ်ခုကတော့ အိမ်မက်တို့ မြန်မာ လူမျိုးမှာ ဒါလောက် စာရိတ္တပျက်ပြားတဲ့ လူ မရှိသလောက်ကို ရှားတာပါ....

........................................................................






နောက်တစ်ခုက ပြောတော့ မပြောချင်ပါ..
ဘာကြောင့်လဲဆိုတော့ အိမ်မက် အထင်ကြီးလေးစားရတဲ့ သူတစ်ယောက်မို့ပါ..
ချစ်ခင် ရတဲ့ မိတ်ဆွေတစ်ယောက်ဆိုလဲ မမှားပါဘူး...
သူက ရုပ်ရည်သန့်ပြန်တဲ့ အပြင် စကားပြောယဉ်ကျေးတယ် စာရိတ္တ ကောင်းမွန်တယ်...လူမှုရေးအလုပ်တွေမှာ အမြဲကူတယ်..
သူ့အမျိုးသမီးကလဲ ဘာသာတရားကိုင်းရှိုင်းတယ်.. လူမှုရေးအလုပ်တွေမှာ ပါဝင်တယ်.. အိမ်မက်တို့လို အရွယ် တွေကို ဆုံးမ ပဲ့ပြင်ပေးတက်တယ်.. အထူးသဖြင့် အိမ်ထောင်ရှိတဲ့ သူတွေကို ကိုယ့်ခင်ပွန်းအပေါ်မှာ ဘယ်လို ဆက်ဆံရမယ် လေးစားရမယ် ဆိုတာမျိုးပေါ့ အမြဲ ဆုံးမလေ့ ရှိပါတယ်...သနားစရာကောင်းတာလေးတစ်ခုက အဲ့ဒီအမျိုးသမီးက ကျန်းမာရေး အနည်းငယ်ချူချာရှာတယ် အစားအစာကို စားချင်တိုင်းစားလို့ မရတဲ့ နှလုံး ရော ဆီးချို ပါ ရှိတဲ့ သူပေါ့....

ဒီနေ့ အလုပ်မှာ သူငယ်ချင်းနဲ့ အလုပ်အတူတူလုပ်ရင်း အလုပ်က ပါးတော့ စကားတပြောပြောပေါ့..
သူမက တူရကီလူမျိုး မွတ်စလင် ဘာသာဝင်ပါ..
လှတယ် သွက်တယ် ကလက်တယ်... အပြောရဲတယ် အနေအထိုင် ပွင့်လင်းလွန်းတယ်..
သူနဲ့ ယောက်ျားလေးတွေနဲ့ ကအတော့ကို ရင်းနှီးတာများပါတယ်..
သူမနဲ့ သူ( ကျွန်မ မိတ်ဆွေ ) က ရင်းရင်းနှီးနှီး ဆက်ဆံတာကို တွေ့တာ တော်တော်လေး မျက်စိဆံပင်မွေးဆူးမိပါတယ်...သူမရဲ့ စာရိတ္တနဲ့ အနေအထိုင်ကြောင့် အကြောင်းသိ မြန်မာ ယောက်ျားလေးတွေ က ခပ်ခွာခွာနေကြတာများပါတယ်.. ဒါပေမယ့် သူနဲ့က ဘာလို့ အရမ်းရင်းနှီးတာလဲ ဆိုပြီး စဉ်းစားမိသေးတယ် နောက်တော့ လဲ မြင်ရပါများတော့ ရိုးသွားတာပါပဲ..
အဲ ဖြစ်ချင်တော့ ဒီနေ့ သူမနဲ့ အလုပ်အတူတွဲလုပ်ဖြစ်တော့ စကားပြောဖြစ်တာပေါ့..
သူမမှာ အမွှာ အမတစ်ယောက်ရှိသေးတယ်လေ.. သူတို့ ညီအမက ပုံစံ အတူတူပါပဲ .. စာရိတ္တရောပေါ့..
သူမက ပြောပါတယ်...
ငါတို့ လူမျိုးမှာ အမ က အရင် လက်ထပ်ပြီးမှ ညီမက လက်ထပ်လို့ ရတာ ဒါကြောင့် ငါ လက်ထပ်ဖို့ အတွက် ငါ့အမ အရင်လက်ထပ်တာကို စောင့်ရဦးမှာ
....တဲ့
အဲ့ဒါနဲ့ပဲ.. နင့် အမ မှာရော ချစ်သူရှိလား လို့ မေးမိပါတယ်...
အင်း ရှိတယ် မင်းမင်း လေ တဲ့
ဘာ ဘယ် မင်းမင်း လဲ ဆိုတော့ သူမက နာမည် အရင်းကို စာလုံးပေါင်းပြပါတယ်..
အဲ့ဒီအချိန်မှ ကျွန်မ ပုံစံ ဘယ်လိုဖြစ်နေမလဲ မြင်ကြည့်ကြပါ.. လက်နှစ်ဖက်ကို ရင်ဘတ်ကို အုပ်ပြီး( တကယ့်ကို နာသလို ခံစားသွားရတာပါ) သူ့မှာ မိန်းမရှိတယ်လေ လို့ ပြောတော့ သူ့မိန်းမနဲ့ သူက အဆက်အသွယ်မရှိပါဘူး သူမညာဘူးဆိုတာ ငါယုံတယ် သူကလူကောင်းပါ
တဲ့..
တစ်အိမ်ထဲ အတူတူနေတာ ဘယ့်နှယ် အဆက်အသွယ်မရှိရမှာလဲ ( စိတ်ထဲ ပြောလိုက်မိတာပါ)..
ငါ့ အမကို လဲ တော်တော် ချစ်တယ်.. ဒါကြောင့် သူလာရင် ငါက ခဲအို ခဲအို လို့ ခေါ်တာ လေ.. ငါ့ကို လဲ အရမ်းချစ်တယ် ငါတို့ အိမ်လဲ လာလာနေကျ တဲ့...
သူတို့ ချစ်သူဖြစ်တာ ၂ နှစ်တောင် ရှိပြီ တဲ့... ပြီး နင့် မျက်နှာက ဘာဖြစ်လို့ နီနေတာလဲ သူမက ကျွန်မမေးတယ်.
အဲ့လို စိတ်ခံစားမှုတစ်ခုဖြစ်လာရင် ကျွန်မ ဟန်ဆောင်ဖို့ ခက်ပါတယ်.. ငါ ခေါင်းကိုက်လို့ပါ လို့ ပြန်ဖြေ ပြီး စကားဆက်မပြောဖြစ်တော့ပါ..
ညနေအလုပ်ဆင်းတော့ ကျွန်မအင်မတန်ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက် အမ တစ်ယောက် ( ရုရှားလူမျိုးပါ) ကို ပြောမိတယ် ..သူမ ပြန်ပြောတာက အင်း ဟုတ်တယ်လေ အရင်တုန်းက တဲ့
ခုထိ သူတို့ ကြိုက်နေကျတုန်း ဆိုတော့.. အင်း ဟုတ်မယ်ထင်တယ် တဲ့

မျက်လုံးထဲမှာ ချစ်ခင်ရင်းနှီးရတဲ့ ကျန်းမာရေးမကောင်းရှာတဲ့ အမ ကိုပဲ တောက်လျှောက်မြင်မိနေတယ်...
သူမသာ သိသွားရင် ချက်ချင်းတောင် လဲ သေသွားနိုင်တယ်..
၂ နှစ်လောက် ဖြစ်နေတဲ့ ဖောက်ပြန်မှုကြီးက ဘာဖြစ်လို့ ဘယ်သူမှ မသိကြတာ လဲ ..
ဒီမှာ မြန်မာ သိပ်မများတော့ အားလုံး က အကြောင်းသိတွေ ချည်းလိုပါပဲ..
ဒါပေမယ့် သူ့ အကြောင်းတော့ ဘယ်သူပြောတာမှ ကို မကြားမိတာ
မသိတာလား.. သိရက်နဲ့ ဖုံးကွယ်ထားကြတာလား. မသိတော့ပါ..
စိတ်ထဲမှာတော့ လုပ်ရက်လိုက်တာ လုပ်ရက်လိုက်တာ....
လို့ပဲ အကြိမ်ကြိမ်ပြောမိနေတော့တယ်...


အိမ်မက်စေရာ



Friday, September 2, 2011

အားလုံးကို မဆိုလိုပါ နော်...





အားလုံးကို ဝါးလုံး ရှည်ကြီးနဲ့ ကြုံးမရိုက်ပါ... တွေ့ဖူးသမျှ လောက်လေးပါ.... :p


အသဲကွဲနေပါတယ် ဟု နေ့စဉ်နှင့်အမျှ ခံစားကြွေးကြော်နေသော သူငယ်ချင်းကို ဖေ့ဘွခ် မှာ တွေ့သောအခါ အနည်းငယ် အံသြချင်လာပါတယ်.. ဘယ်နှယ် ပို့စ်တွေ အမျိုးမျိုးရေးပြီး tag လိုက် share လိုက် လုပ်နေသော သူ့ရဲ့ ခံစားချက် message တွေကို အကြိမ်ကြိမ် ဖတ်လာရသောအခါ သူတကယ်ပဲ အသဲကွဲနေတာလားလို့ တွေးမိလာပါတယ်.. ကြုံကြိုက်တဲ့တခါ သူနဲ့ ချက်တော့ လဲ အဆင်မပြေဘူးသူငယ်ချင်းရယ် ဟု ညည်းပြပြန်လာပါသည်.. အင်း ဒါဆိုရင်တော့ ဟုတ်လောက်ပါတယ်လေ လို့ ဖြည့်တွေးပေးလိုက်ပါတယ်.. ဘာကြောင့်လဲ သူများအသဲကွဲနေတာ ခံစားနေရတာကို ဘယ့်နှယ်ကြောင့် သံသယ ဖြစ်နေရပါလိမ့် ဆိုရင်တော့ ဘဝမှာ အသဲကွဲ တဲ့ ယောက်ျားကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ခြင်းကြောင့်လို့ ဝန်ခံရမလိုပင်.. ဟုတ်ပါသည် မတွေဖူးပါ.. မကြုံဖူးပါ
ယောက်ျားတစ်ယောက် အချစ်အတွက် ခံစားနေရတာကို တွေ့ကို မတွေ့ဖူးခဲ့တာပါ..
ခံစားရတယ်ကွာ .. သူတို့ညည်းပြီး သိပ်မကြာမည် သကာလပင် သူတို့ ရဲ့ ခံစားရတယ်ကွာ ဟာ ပျောက်ပျက်သွားတက်ပါသည်.. နည်းအမျိုးမျိုးနှင့် ဖြေဖျောက်တက်လိုက်တာလဲ မပြောပါနှင့်. ဒါကတော့ ယောက်ျားများအသိ
ချစ်သူတစ်ယောက်ကို အသဲနှင့်အောင်ချစ်ပြတက်ပြီး တခြားမှာလဲ အီစီကလီ လုပ်ဖို့ ဝန်မလေးတက်သော ယောကျာ်းများတော်တော်လေး တွေ့ဖူးခဲ့ပါသည်. အထူးသဖြင့် အွန်လိုင်းပေါ်တွင်တော့ ပြောစရာကိုလိုတော့မည် မထင်ပါ.. တစ်ခါတစ်လေများ အချစ်စစ်ဆိုတာဟာ ကြားဖူးနားဝ သက်သက်များဖြစ်လာတော့လေမလား နဲ့ တွေးတော ပူပန်ရတဲ့ အဆင့်ကို ရောက်ချင်လာပါတယ်.
ငယ်စဉ်အခါက တွေ့ကြုံဖူးပါသည်..ယောကျာ်းနှစ်ဦး လမ်းလျှောက်လာရင်း ခပ်ချောချော ခပ်တောင့်တောင့် အမျိုးသမီးကို တွေ့လိုက်သောအခါ အိမ်ကဟာကြီးနဲ့တော့ ကွာပါ့ကွာ ဟုကြားမိလိုက်၍
ချက်ချင်းလှည့်ကြည့်မိသည်... မုန်းတီးလွန်းစွာလဲ တောက် တစ်ချက် ခေါက်မိသည်.. ဘာကိုမှန်းမသိ နောက်ပိုင်းတွင် ထိုစကားကြားတိုင်း စိတ်ထဲမှာ အလိုလို နာကျင်တက်လာသည်..ဒါကလဲ မိန်းမထဲ က မိန်းကတစ်ယောက် ဖြစ်နေလို့ ပဲ ဟု ကိုယ့်ကိုယ် ကိုထင်ပါတယ်... ယောက်ျားတွေကို မုန်းနေတာလားဟု မေးလျှင်မမုန်းပါ ဟု ပြောချင်ပါတယ်.. ယောက်ျားလေး သူငယ်ချင်းများစွာ ရှိခဲ့တာ ငယ်ငယ်ထဲကမို့ ယောက်ျားလေးတွေရဲ့ စိတ်ကို တော်တော်များများ တီးခေါက်မိကာ ငါတို့ မိန်းကလေးတွေနဲ့ ကွာလိုက်တာဟု တွေးမိ ရုံလေးပါ....
အချစ်ဆိုတာက နားလည်ရခက်သော ပုစ္ဆာတစ်ပုဒ် ရယ်ပါ...
သူပိုချစ်နိုင်တယ် ငါပိုချစ်နိုင်တယ် ဟု ပြောခက်သလို လူတစ်ဦး ချင်းစီရဲ့ စိတ်နဲ့တော့ တိုင်းတာ ဆုံးဖြတ်လို့ မရနိုင်ပါ....
အချစ်ဆုံးသူငယ်ချင်းတစ်ယောက် တုန်းကလဲ ထိုကဲ့သို့ ပင်..သူ၏ ချစ်သူပေးသော လက်ပတ်လေးကို တန်ဖိုးမထားစွာ ငါလိုချင်လိုက်တာ ဟုတောင်းခဲ့တုန်းက လွယ်လင့်တကူချွတ်ပေးခဲ့တာ သူ၏ချစ်သူက ဝတ်လာခဲ့ ဟု ပြောသောနေ့ကျမှပင် ပြန်တောင်းကာ အဲ့ဒါ ငါ့ချစ်သူပေးထားတာ တဲ့ ..ပြောပုံက သိရင် အစကထဲက မတောင်းဘဲ နေမှာပေါ့ တော်သေးတာက ရှိနေသေးလို့ ပျောက်များပျောက်သွားရင်ဖြင့် .. ...
ဘယ်လောက်ကြီးပဲ ချစ်တယ်ပြောပြော ချစ်သူနဲ့ ခွဲခွာပြီးသွားရင် အများဆုံးခံစားရတာက မိန်းကလေးတွင်ပင် လို့ တွေးမိတော့ မကျေနပ်ချင်..ယောက်ျားလေးတွေ အတွက် စိတ်ဖြေပျောက်စရာ နည်းလမ်းတယ်လဲ များသကိုး..နော်
ချစ်သူကို တစ်ခါပြောဖူးသည်.. အကယ်၍များငါတို့ ကွဲသွားရင် တစ်လလောက်တော့ အရမ်းခံစားရမှာနော် လို့ပြောတော့ သူက ကိုယ်က နှစ်ပတ်လောက်ပဲ တဲ့..............သူက တမင်ပြုံးစိစိဖြင့် ပြောသောငြား ကိုယ်ကတော့ မပြုံးနိုင်ပါ... နင်တို့ ယောက်ျားတွေက ဒါမျိုးပဲ....ဟု မဲ့ ရွဲ့ပြီး ပြန်ပြောရုံကလွဲ ဘာတက်နိုင်ဦးမည်နည်း..ဟုတ်ချင်လဲ ဟုတ်မှာပေါ့
ဆရာမ လွန်းထားထား ၏ စာလေးတစ်ပိုဒ်သွား သတိရမိသည်..
ယောက်ျားဆိုတာမျိုးဟာ အတောင်ပံသာ ရှိခဲ့လျှင် မိုးအဆုံး မြေအဆုံး ပျံချင်တိုင်း ပျံသန်းကြမယ့် လူတွေချည်းပဲလေ။ ............ တဲ့
ချစ်သူ/ မိန်းမ ရှိရက်နဲ့ အီစီကလီတွေ... ကိုယ့် ချစ်သူ/မိန်းမ ကျ ဆက်ဆံပုံတစ်မျိုး တခြားမိန်းကလေးကျ ဆက်ဆံပုံ တစ်မျိုး .. ဒါမျိုးတွေ တွေ့ပါများလာတဲ့ အခါ ငါ လဲ ဒါမျိုးကြုံရမှာလားလို့ တွေးတောပြီး ပင် ကြောက်တက်လာတယ်..တစ်ခါကလဲ အလုပ်ခွင်မှာ အမျိုးသားတစ်ယောက် သူ့ရဲ့ မိန်းမက ၂၄ အရွယ် ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ ရယ် သူက မိန်းမနဲ့ နဲနဲ ဝေးပြီဆို နောက်လား ပြောင်လားလုပ်တက်ပါတယ်.. အမြင်ကတ်လွန်းစွာ တစ်ခါမှာတော့ ငါ့ ကို မထိနဲ့ ပိတ်အော်လိုက်တယ်.. ကိုယ့်စကားဘယ်ရောက်သွားလဲ ဆိုတာ သိပါတယ်.. ဒါပေမယ့် ဒါမျိုးကို မုန်းတယ်..
အဲ့လိုပဲ ကံဆိုးလွန်းတာ လား ဒီလို ယောက်ျားလေးမျိုးပဲ အကြိမ်ကြိမ် တွေ့ဖူးလာခဲ့တာ.. အသဲကွဲ တက်တဲ့ယောက်ျားလေး ကို မမြင်ခဲ့ဖူးရိုး အမှန်ပါ..မိန်းမ တစ်ယောက်ကို သိပ်ချစ်တဲ့ယောက်ျားမျိုးတွေ့ဖူးပေမယ့် ကွယ်ရာမှာ တော့ သိပ်တန်ဖိုးမထားတက်ကြတာ သဘာဝလားလို့ တောင်တွေးမိလာတယ်..
ငါ့ ကျရင် ရော.. ဘာတွေဖြစ်လာမလဲ ???????
ဒါမျိုးပဲ ကြုံရမှာလား....????????
နှုတ်ခမ်းဖျားက ချော့မော့တက်ပြီး ကိုယ်ကလွဲ အားလုံးအလှတွေ ချည်းပဲ လို့ သူမြင်နေမလား...????????
မလား ... မလား.... မလား.... တွေနဲ့ ........
သြော် သူငယ်ချင်းက အသဲကွဲ တယ် ဆိုတော့ အသဲကွဲတက်တဲ့ယောက်ျား မတွေ့ဖူးခဲ့လေသမျှ ခုတော့ တစ်ယောက်တွေ့လိုက်လို့ ဘယ်နှစ်ရက် ခံမလဲ စောင့်ကြည့်ပါဦးမယ်...

အိမ်မက်စေရာ

အားလုံးကို မဆိုလိုပါ နော် ..လို့ ကြိုပြောထားတယ်နော်.... တွေ့ဖူးသလောက် နဲ့ တိုက်ဆိုင်တာလေး တစ်ချို့လောက်ပဲ.. :p