Pages

Wednesday, January 2, 2013

အချစ်စစ်မည်သော အရာ


နူးညံ့သိမ်မွေ့မှုတွေနဲ့ လှပမနေတဲ့ ငါ့ရင်ထဲမှာ ကြမ်းတမ်း ရုတ်ရမ်းမှုတွေနဲ့လဲ ညစ်ပတ်မနေပါဘူး..
နေ့ရက်တိုင်းကို သမရိုးကျအပြုံးလေးနဲ့ နှုတ်ဆက်ပြီး ညတွေတိုင်းမှာ ကြယ်တွေကို ရေတွက်ချင်ရုံသက်သက်ပါ..
ဘယ်သူကိုမှ မနာကျင်စေချင်သလို ကိုယ်တိုင် နာကျင်ရမှာကိုလဲ ကြောက်ရွံသူရယ်ပါ.
မေ့ပစ်တယ်ဆိုတာ တကယ်မေ့ပျောက်သွားတာ မဟုတ်ရင်တောင် အဓိပ္ပါယ်တစ်မျိုးနဲ့ အသက်ရှင်ခြင်းလို့လဲ အမည်ရပါလိမ့်မယ်.
မျက်လုံးလေးမှိတ်ပြီး ခဏတာ အိပ်ခွင့်ပြုပါ..
မုသားတွေလဲ မကြားပါရစေနဲ့.
အမှားတွေလဲ မထားပါရစေနဲ့တော့..
အပြစ်တင်တာတွေလဲ ခဏလောက်ရပ်ပေးပါ..
တကယ့်ကို ငြိမ်ငြိမ်သက်သက်လေး လဲလျောင်းကြည့်ချင်လို့..
ခဏလေး ပါပဲ..
အဲ့ဒီ ခဏလေး ဆိုတာ ကို အနှောင့်အယှက် ကင်းစွာ ဖြတ်သန်းခွင့် ပြုမယ်ဆိုရင်
ငါ နင့်ကို တသက်လုံးကျေးဇူးတင်မိမှာပါ..
လက်ငြိုးတွေ တစ်ချက်လောက်ပဲ ရုတ်သိမ်းပေးပါ..
ပေးဆပ်မှုတစ်ခုစီက ကိုယ့်အတွက် ဖြစ်မလာတိုင်း ယူကြုံးမရတာဟာ ကိုယ့်ကိုယ် ကို နှိပ်စက်နည်းတစ်မျိုးပါ..
အဲ့ဒီတော့ ..
ခဏလေး ကို ငါ့အတွက် ခဏလောက် အပိုင်ပေးကြည့်ပါ..
အနူးအညွတ် တောင်းပန်ပါရစေ.
အချစ်တွေမပါ အမုန်းတွေကင်းတဲ့
မေတ္တာသက်သက်နဲ့ လမ်းကလေးတစ်ခုကို အသက်ရှင်ချိန် ခဏလေး လျှောက်ခွင့်ပေးပါ။။
နေ့ရက်တစ်ခု ကို ငါမမေ့ပါဘူး.. မှတ်တိုင်တစ်ခု စိုက်ထူခဲ့ဖူးလို့ နောင်တတော့ မရတော့ပါဘူး..
အရာအားလုံးဟာ ဝဋ်ကြွေးပါလာခဲ့လို့သာ ဖြစ်လာခဲ့တာပါ..
သူတပါးကို ပေးဆပ်တာဟာ ကိုယ်ပြန်လည်ရယူဖို့ မဟုတ်မှသာ အချစ်စစ် မည်ပါတယ်..

အိမ်မက်စေရာ
၀၂.၀၁.၁၃

10 comments:

ဟန်ကြည် said...

အချစ်သည်ဆင်...လူသည် မျက်မမြင်ပုဏ္ဏား မဟုတ်လား...ဘာပဲပြောပြော ချစ်ခြင်းမေတ္တာဆိုတာ ပေးသူရော ယူသူပါ စိတ်ချမ်းမြေ့မှပဲ စစ်မှန်မယ်လို့ ယူဆမိတာပဲ...

မိုးနတ်ကြယ်စင် said...

ရင်တွင်းဖြစ်လေးက ခံစားလို့ကောင်တယ် အိပ်မက်ရေ.
အဓိပ္ပါယ်လဲ အများကြီးရှိတယ်...
ဆက်လက်ထုဆစ်နိုင်ပါစေနော်...
ခင်တဲ့....မိုးနတ်

အလွမ်းမြို့ said...

အချစ်စစ်မည်သောအရာ ပိုစ့်လေးဖတ်ပြီး
မာရဇ္ဖသီချင်းဆိုသွာတယ် အိမ်မက်လေးရေ...
((အချစ်စစ်တို့က မငြိမ်းချမ်းဘူးတဲ့ ကြားဖူးသားဘဲ စိတ်မပျက်နဲ့ ချစ်သူရယ်))).......ဆက်ဆိုပါ....



ချစ်တဲ့
မကြီးလွမ်း

Phyu Lwin said...

အချစ်တွေမပါ အမုန်းတွေကင်းတဲ့
မေတ္တာသက်သက်နဲ့ လမ်းကလေးတစ်ခုကို အသက်ရှင်ချိန် ခဏလေး လျှောက်ခွင့်ပေးပါ။။ .. ခံစားချက်ကြောင့် စကားလုံးတွေက အသက်ဝင်ပြီး လှပတဲ့ အက်ဆေးတစ်ပုဒ်ဖြစ်သွားတယ် ..

စံပယ်ချို said...

နူးညံ့သိမ်မွေ့မှုတွေပြည့်နေတဲ့ ခံစားချက်လေးက
ရင်ကိုထိမှန်ခဲ့ပြီအိပ်မက်လေးရေ

အိပ်မက်ကောင်းကင် said...

သူတစ်ပါးကိုပေးဆပ်ပြီး ပြန်လည်ရယူဖို့မဟုတ်မှသာ
အချစ်စစ်မည်တယ်ဆိုတော့
ထူးအယ်လင်း ရဲ့ " အချစ်လို့ခေါ်သလား " သီချင်းကို
သွားသတိရမိလိုက်တယ်
အရေးအသားလေးတွေကလည်း အတုယူစရာကောင်းလိုက်ပါဘိ
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

Unknown said...

နူးညံ့သိမ်မွေ့မှုတွေနဲ့ လှပမနေတဲ့ ငါ့ရင်ထဲမှာ ကြမ်းတမ်း ရုတ်ရမ်းမှုတွေနဲ့လဲ ညစ်ပတ်မနေပါဘူး..
ဖတ်ရှု.အားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်

သူကြီးမင်း (တုံးဖလား) said...

အချစ်စစ်က ပြောရလွယ်သလောက် လက်တွေ့ တကယ် ခက်လောက်တယ်။ ဒါပေမဲ့ အချစ်စစ်တွေချည်း ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။

yanmaneee said...

jordan retro
yeezy 700
golden goose sneakers
jordan shoes
off white x jordan 1
kobe byrant shoes
kyrie 4
kyrie 6 shoes
retro jordans
ferragamo belts

dilot said...

replica bags online shopping india Resources j6d07l4m87 replica bags nyc replica bags Resources z8y39t7l49 replica nappy bags replica bags toronto replica hermes b4s48f6z64 replica bags online pakistan