Pages

Sunday, September 18, 2011

အမျိုးသားလစဉ်သုံးပစ္စည်းလေလား...

ခေါင်းစဉ်ဖတ်ပြီး နဲနဲ တော့ ကြောင်သွားမယ်ထင်တယ်.. အောက်က ပုံကိုကြည့်ပြီး ရင်တော့ မျက်လုံးပါ နဲနဲ ပြူးသွားမယ်... :-)

ပြူးသွားပြီလား မျက်လုံးလေ.. ဂျာမနီမှာ ပထမဆုံးအကြိမ်( လို့ထင်တာပဲ) ထုတ်လုပ်လိုက်တာပါ...အိမ်မက်တော့ ပထမဆုံးအကြိမ်မြင်ဖူးတာ တခြားလူတွေတော့မသိဘူး.. မြင်ကာစက တော်တော်ကို ကြောင်သွားတာ ဘာလုပ်ဖို့ပါလိမ့်လို့ စဉ်းစားလို့ကို မရတာ ဒါနဲ့ အမေ့ကိုမေးကြည့်တော့ အမေက ပြောပါတယ်..
ဟဲ့ ပေါက်ကရတွေ တဲ့....ထားလိုက်တော့ ဒါနဲ့ ကောင်းကင်ကို မေးကြည့်တော့
ဟမ် ဘာလုပ်ရမှာလဲ အဲ့ဒါကြီးကို တဲ့..ကိုယ့်ကို မယုံတော့ ဘယ်ကျေနပ်မလဲ ဒါကြောင့်အမေ့ကို ကြော်ငြာဆိုင်းဘုတ်ပြလိုက်တယ် အဲ့ဒီတော့မှ ဟယ် ဟုတ်တယ်ဟဲ့ ဖြစ်သွားရော မကျေနပ်သေးဘူး ..ကောင်းကင်ကိုထပ်ပြတယ် ကြော်ငြာဆိုင်းဘုတ်နော်..အဲ့ဒီတော့သူက သွား သွား ဓါတ်ပုံသွားရိုက် ဘလော့ဒ်ပေါ်တင်ဖို့ တဲ့..ဟဲ ဟဲ အဲ့လို အားပေးတာ..အဲ့ဒီလိုနဲ့ ဓါတ်ပုံရိုက်ပြီး လူတကာလျှောက်ပြနေတော့တာ တွေ့တဲ့လူတိုင်းအထူးအဆန်းဖြစ်နေတာ တစ်ခါမှ တွေ့ဖူးသေးပုံမရဘူး..မှတ်ချက်တွေတော့ အမျိုးမျိုးပေးကြတယ်.. ဖြစ်နိုင်တာက အသက်ကြီးတဲ့ လူတွေသုံးဖို့ ထင်တယ် တဲ့.. အိပ်ယာပေါ်လှဲနေရတယ် သူတွေ လိုမျိုးပေါ့နော်.. ဒါပေမယ့်လဲ တနေကုန်ဆို အများကြီးကုန်မှာပေါ့..ပြီးတော့ ဖြူဖွေးတဲ့ အဝတ်အစားတွေအတွက်လဲ အစဉ်ပြေတယ်တဲ့...
တစ်ယောက်က မှတ်ချက်ပေးသေးတယ်... အမျိုးသား အချင်းချင်း ကြိုက်တဲ့သူတွေ( လိင်တူချစ်သူ) အတွက်လဲ ဖြစ်နိုင်တယ်..ဆိုပဲ
ဒါမှမဟုတ်လဲ အနာဂတ်မှာ အမျိုးသားတွေ လဲ အမျိုးသမီးများလို လစဉ်သုံးဖို့ အခြေအနေ အကြောင်းတွေ ပေါ်ပေါက်လာမှာမို့ ထင်တယ်နော်..ဟီး ဟီး
ကဲ ဘလော့ဒ်ဂါ မောင်နှမများ ဘယ်လိုထင်ပါသလဲ...
မှတ်ချက်လေးတွေ ပေးခဲ့ဖို့ မမေ့နဲ့နော်..လိုအပ်တဲ့ ဘလော့ဒ်ဂါ အစ်ကိုကြီး မောင်လေး ဦးဦး တို့အတွက်လဲ အိမ်မက် လက်လီလက်ကားဖြန့်ပေးမယ်လို့....ဟား ဟား ဟား
( တစ်ချက်ရယ်ရင် တစ်ရက်အသက်ရှည်ပါတယ် နော်)
အားလုံးကိုချစ်တဲ့
အိမ်မက်




11 comments:

Candy said...

အဲဒါဘာလုပ်ဖို့လဲဟင်... >.<

စံပယ်ချို said...

အမလေးလန့်လိုက်တာဟယ်.....ဘာတွေလဲ
များတိဝူးနော်.....

မေသိမ့်သိမ့် ကျော် said...

အရမ်းအသက်ကြီးတဲ့သူတွေ ဝမ်းမနိုင် ဆီးမနိုင်တာတွေ့ဖူးတယ်။ အဲဒီအတွက်လို့လည်း ထင်ပါတယ်ရှင်။

ခင်တဲ့
မေသိမ့်

KMC@ချင်းလေး said...

မမေသိမ့်သိမ့်ကျော်ပြောတာဖြစ်နိုင်ပါတယ်ညီမလေး.. သေချာတော့မသိဘူးကွယ်။

မိုးယံ said...

ပေါက်ပေါက် ရှာရှာကွယ်။

Anonymous said...

အင်း...
အမျိုးသမီးတွေကအမျိုးသားတွေကိုရင်ဘောင်တန်းနိုင်တယ်ဆိုတော့
သူတို့လည်းအားကျမခံ..ပြန်ပြီးရင်ဘောင်တန်းတာဖြစ်မှာပေါ့
ညီမရယ် ..း)
(နောက်တာပါကွယ် :P)
သက်ကြီးရွယ်အိုတွေအတွက်ဆိုရင်လည်း...
ဆီးအတွက်ဆိုရင်တော့.ဟုတ်ပါတယ်။
ဝမ်းအတွက်ဆိုရင်တော့.မဖြစ်နိုင်ဘူးထင်တယ်ညီမရဲ့
ဝမ်းပျော့သွားတာက.ကလေးလေးတွေမှာပဲရှိတာကိုး
(ဒီအမျိုးအစားကလည်းဝမ်းပျော့သမားပဲရမှာ)
လူကြီးတွေမှာကျတော့.ဖြစ်နိုင်ဘူးထင်တယ်ညီမရဲ့
တစ်ခုခုတော့..တစ်ခုခုပဲနော်..
အစ်မလည်းမှန်ကန်တဲ့အဖြေကိုစောင့်မျှော်နေပါရဲ့ရှင်။
ဒါနဲ့..ကြော်ငြာဆိုင်းဘုတ်မှာရေးထားတာဘာ..ဘာသာပါလိမ့်နော်
အဲဒါလေးကိုဘာသာပြန်ကြည့်ရင်တော့.သိလောက်ပါရဲ့
level-3 တွေဘာတွေတောင်ပါလို့ပါလား..
ခင်မင်စွာဖြင့်
သမီးစံ

Anonymous said...

bei Blasenschwäche လို့ရေးထားတယ်လေ
ဆီးအိမ်ကြွက်သားအားနည်းသွားတဲ့လူကြီးတွေအတွက်ပါ..

အိမ်မက်စေရာ said...

ဟုတ်ကဲ့.. ကြော်ငြာလေးကတော့
Perfekter Schutz..အကောင်းဆုံးသော protection(အကာအကွယ်ပေါ့နော်)
bei Blasenschwäche .. ဆီးအိမ်ကြွက်သားအားနည်းသူများအတွက်( with bubble weakness)
Jeden Tag,überall...နေ့စဉ် . နေရာတိုင်း ( everyday ,everywhere)
... ဝိုင်းဝန်းစဉ်းစားပေးတာ ကျေးဇူးပါ
မသမီးစံ ပြောတဲ့ level 3 ဆိုတာ မနက်ဖြန်မှ သေချာသွားကြည့်မယ် အထုတ်မှာ ဘာရေးထားမှန်းမသိဘူးရယ်..
အားလုံးခေါင်းမူးသွားပြီထင်ပါရဲ့..
ချစ်တဲ့
အိမ်မက်

မဒမ်ကိုး said...

ဟေဟေဟေ ..ဘယ်ရမလဲ ကိုရင့်အတွက် ၀ယ်ရမယ်

နေကောင်းပြီကွ...အလှကလေးရဲ့

ချစ်တဲ့
မဒိုးကန်

Anonymous said...

this post Check This Out this content you could look here recommended you read best replica designer

Unknown said...

m3x69f7v97 r1g58y6y57 d2c03m6n08 o8x66u5k89 c4r57e2g37 o3n36e4s99