Pages

Sunday, September 25, 2011

ဘလော့ဒ်ဂါ ရယ်တဲ့ ဥယျာဉ်မှုး









ခင်ရတဲ့ သမီးစံ တဂ်ထားလို့ ဒီခေါင်းစဉ်လေး ရေးဖြစ်သွားခဲ့တာ..တကယ်က သူများရေးတာလေး တွေပဲ လိုက်ဖတ်ပြီး သဘောကျနေတာ ငါဆိုရင် ဘယ်လိုရေးရမှန်းကို သိမှာ မဟုတ်ဘူးလို့ စဉ်းစားမိတာ..သမီးစံ တဂ်လာတော့ အဟုတ် မျက်လုံးပြူးသွားတာ ငါဘာရေးရပါ့ ဆိုပြီးတော့လေ..
အားလုံးနီးပါးရေးပြီးသွားကြပြီ အကြောင်းအရာလဲ စုံလင် သွားပြီ..အိမ်မက်မှာရေးစရာ ဘာမှ မရှိတော့ဘူး ဦးနှောက်ကလဲ သုံးလို့ မရဘူးဆိုပြီး ညက အိပ်တောင်မပျော်ချင်ဘူး..( ယုံလား မသိ)..
ကဲပါလေ သမီးစံ တဂ်ရကျိုးလေး နပ်သွားအောင် ကြိုးစားပြီးရေးဦးမှ..ကိုယ်အသုံးမကျတာက သပ်သပ် မောင်နှမတွေ အပေါ်တာဝန်ကျေချင်တဲ့ စိတ်ကလေး ရှိနေတော့ မဟုတ်ရင် အိမ်မက်ကို မချစ်ကြတော့မှာ စိုးလို့လေ..


စိတ်ကူးထဲကနေ ဘလော့ဒ်ဆိုတဲ့ ဥယျာဉ်လေး တည်ဆောက်လိုက်တဲ့အခါ ဥယျာဉ်တို့ရဲ့ သဘာဝအတိုင်း ဥယျာဉ်မှုးတစ်ဦးတော့လိုအပ်တာမှန်လေ.. ဒါကြောင့် ဥယျာဉ်မှုးတစ်ဦးကို ရှာကြည့်လိုက်တဲ့အခါမှာတော့ ဘလော့ဒ်ဂါ ဆိုတာလေး သွားတွေ့ပါတယ်..ဒီတော့

ဘလော့ဒ်ဂါ ဆိုတာကို ပန်းပျိုးသူ ဥယျာဉ်မှုးလို့ ဆိုရင်လဲ သိပ်မဆိုးလောက်ဘူးလို့ ထင်ပါရဲ့နော်

ဥယျာဉ်တစ်ခုတည်ဆောက်တဲ့ အခါ အဓိက အရင်းအနှီးက အချိန် ဖြစ်ပြီးတော့
မရှိမဖြစ်ပါဝင်ရမယ့် မြေဆီက ဝါသနာ ဖြစ်ပါတယ်..
ပြန်ရတဲ့ အကျိုးကတော့ ပီတိ ပေါ့နော်..

အချိန်ပေးရတယ်လို့မထင်ရဘဲနဲ့ကို အချိန်ကုန်သွားတက်တာ ဘလော့ဒ်လေးရဲ့ လှည့်စားမှုပါ..ဥယျာဉ်မှုးဘလော့ဒ်ဂါများဟာ သူတို့ ရဲ့ ဥယျာဉ်လေးအတွက် နေဝင်ကနေ မိုးချုပ် အချိန်ပေးချင်သော်လည်း မလုံလောက်တဲ့အချိန် အခက်အခဲ ကြောင့် ဘယ်သူမှ မရှိတဲ့ အချိန် . ထမင်းစားတဲ့အချိန် ..အိပ်ချိန်တို့ထဲ မှ အချိန်တို့ကို အမြဲ မျှဝေ သုံးစွဲနေရသူများပါ..
ဘာကြောင့်လဲ ဆိုတော့ ဘလော့ဒါဂါ များလဲ လူသားပေမို့ စီးပွားရေး.. လူမှုရေး .. ပညာရေး .. မိသားစုရေး တွေ ရှိကြတမို့လေ..

နောက်တစ်ခုကတော့ အထူးပြောစရာမလိုအောင်ပင် ဝါသနာကြီးကြသူများပင်..ဘလော့ဒ်ဂါများဟာ စာရေးခြင်းကို ဝါသနာပါသူများပါ..ဥယျာဉ်မှုးဘလော့ဒ်ဂါတို့ရဲ့ ဝါသနာအတိုင်း သူတို့ရဲ့ ဥယျာဉ်အတွင်းမှာ ရသစုံတဲ့ ပန်းပေါင်းစုံ စိုက်ပျိုးချင်သူများပါ.. လာလည်တဲ့ မောင်နှမများပြန်သွားတဲ့ အခါ ပန်းကလေးတစ်ပွင့် ဖြစ်ဖြစ်လက်ဆောင်ပေးချင်သလိုမျိုး ..ကိုယ့်ရဲ့ ဘလော့ဒ်ထဲမှ တစ်ခုခုလေး ရသွားစေချင်တဲ့ ဆန္ဒမျိုးကိန်းအောင်းနေသူများပါ.. ဒါတင်မက အပျင်းပြေစေချင်တဲ့ ဆန္ဒ.. ပြုံးပျော်စေချင်တဲ့ဆန္ဒ.. တင်မက တစ်ခါတစ်လေများ ကိုယ့်အရေးတောင် ရင်ဖွင့် ဆွေးနွေးချင်သူများပါ..
ဘလော့ဒ်ဂါများ တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ မေတ္တာသက်သေပါ..

ဥယျာဉ်မှုးတို့ရဲ့ ထုံးစံအတိုင်း ပန်းကလေးတွေပွင့်လာတဲ့အခါ တစ်စိမ့်စိမ့် ကြည့်ပြီး ပိတီဖြစ်ရသလို ဘလော့ဂါများလဲ ကွန်မန့်လေးတွေ စီဘောက်က နှုတ်ဆက်စာလေးတွေဖတ်ပြီး ပီတိဖြစ်ရတာပါ.. အလုပ်ကပြန်လာလို့ ဗိုက်ဆာနေတာတောင် ထမင်းမစားနိုင်သေးပဲ ပီတိအရင်စားကြသူများပါ..( မှန်ပါသလား )

ဒါကြောင့် ဘလော့ဒ်ဂါဆိုတာ ပန်းပျိုးသူ ဥယျာဉ်မှုးရယ်လို့.........................................

( ရေးတက်သလောက်လေး ပါ.. သမီးစံနဲ့ မောင်နှမများ ကျေနပ်ပေးပါလို့ နော်)

ချစ်တဲ့
အိမ်မက်စေရာ

11 comments:

Thameesan said...

ညီမအိမ်မက်ရဲ့ဥယျာဉ်မှူးလေးကိုအားပေးသွားပါတယ်ရှင်။
တဂ်ပို့စ်လေးရေးပေးလို့ကျေးဇူးပါနော်ညီမ။
ဘလော့လောကမှာ အောင်မြင်တဲ့ဥယျာဉ်မှူးကောင်း
တစ်ယောက်ဖြစ်ပါစေရန်ဆန္ဒပြု၊ဆုတောင်းပေးပါတယ်
ညီမရေ..
ပျော်ရွှင်ချမ်းမြေ့ပါစေကွယ်။
ချစ်ခင်စွာဖြင့်

မဒမ်ကိုး said...

ယျာဉ်မှုးတို့ရဲ့ ထုံးစံအတိုင်း ပန်းကလေးတွေပွင့်လာတဲ့အခါ တစ်စိမ့်စိမ့် ကြည့်ပြီး ပိတီဖြစ်ရသလို ဘလော့ဂါများလဲ ကွန်မန့်လေးတွေ စီဘောက်က နှုတ်ဆက်စာလေးတွေဖတ်ပြီး ပီတိဖြစ်ရတာပါ.. အလုပ်ကပြန်လာလို့ ဗိုက်ဆာနေတာတောင် ထမင်းမစားနိုင်သေးပဲ ပီတိအရင်စားကြသူများပါ..( မှန်ပါသလား )

မှန်သမှ အလုပ်ထဲမှာလဲထမင်းငတ်ပေါင်းများပီ ..
မန့်တွေကိုတစိမ့်စိမ့်ကြည့်ပြီး အိပ်ရေးပျက်ပေါင်းလဲများပီ....

အောင်မြင်တဲ့ ဥယျာဉ်မှုးအလှကလေးဖြစ်ပါစေ ..
ချစ်တဲ့
မဒိုးကန်

Candy said...

ဥယျာဉ်မှူးနဲ့ ခိုင်းနှိုင်းထားတာလေး အရမ်းသဘောကျတယ် အိမ်မက်ရေ... အင်း... ဟုတ်တယ်... ပီတိကိုစားအားဖြစ်နေတဲ့သူတွေလေ... :D

KMC@ချင်းလေး said...

ဟားဟားမိုက်တယ်ဟေ့......ခုမှလိုက်ဖတ်နေရတယ်ညီမရေ။ ကြားတာကနောက်ကျတဲ့သူကိုလက်ဆောင်ပေးတယ်ဆိုလားပဲ:P
ဒါနဲ့ဘယ်လိုလဲ?အဆင်ပြေရဲ့လား?ဟိုဒင်း....အဝှာလေ...:D

အိမ်မက်စေရာ said...

ကိုချင်း မရှင်း မရှင်း ကြီးမေးတယ်.. ဘယ်ဟိုဒင်း ဘယ်အဝှာလဲ.
..........
မသမီးစံ နဲ့ မမ မဒမ်ကိုး တို့ ပေးတဲ့ဆုနဲ့ ပြည့်ပါရစေရှင်..
candy ရေ ကျေးဇူး ပဲ...
ချစ်တဲ့
အိမ်မက်

မယ့်ကိုး said...

လှသောမွှေးသောပန်းခင်းအလယ်မှာ ညီမလေးထာဝစဉ်ပျော်ရွှင်ပါစေး)

မောင်ဘုန်း said...

ဟုတ်ကဲ့ ... ဥယျာဉ်မှုး ဖြစ်သွားပါရောလား ....

8Yar said...

ဘလော့ဒ်ဂါတစ်ယောက်ကို ဥယျာဉ်မှူးနဲ့တင်စားထားတာလှတယ်ဗျာ။
"ဘယ်သူမှ မရှိတဲ့ အချိန် . ထမင်းစားတဲ့အချိန် ..အိပ်ချိန်တို့ထဲ မှ အချိန်တို့ကို အမြဲ မျှဝေ သုံးစွဲနေရသူများပါ။"
ဆိုတာ အရမ်းကိုမှန်ပါတယ်။ ဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။

yanmaneee said...

curry 6
supreme
supreme clothing
yeezy shoes
off white clothing
adidas ultra boost
supreme clothing
nike shox for men
kyrie 3
balenciaga

Unknown said...

her latest blog article source Read Full Article see click over here now try this site

suwhoez said...

Get More Information site here try this website look at this website these details navigate to this site